ငွေကြေးလိုအပ်ချက်ရှိသဖြင့် တစ်ဝက်တစ်ပျက် ဖြင့် တည်ဆောက်ရေး လုပ်ငန်းများကိုရပ်တန့်
ထားသည့် အဆောက်အအုံများ အတွက် လိုအပ်သည့် ငွေကြေးများကို ထုတ်ချေးပေးရန် အတွက် အစီအစဉ်တစ်ရပ်ချမှတ်ကာလုပ်ဆောင်ပေးနေကြောင်း
ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ သတင်းရရှိသည်။
အိမ်ခြံမြေ ဈေးကွက်အေးလာကာ တိုက်ခန်းများပါ အရောင်းအ၀ယ် အေးလာသည့် ယခုအချိန်တွင် ငွေကြေး
အင်အားတောင့်တင်းမှု နည်းပါးသည့် ကန်ထရိုက်တိုက်များ အနေဖြင့် လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်
ရန်အတွက်အခက်အခဲများ ဖြစ်နေကြသဖြင့် ဆောက်လုပ်ဆဲ တိုက်တာများ လုပ်ငန်းများ ကိုရပ်ဆိုင်းထား
ရသည့် အခြေအနေများ ရန်ကုန်မြို့ အနှံ့တွင် ဖြစ်ပေါ်နေသည့် အတွက် ယခုကဲ့သို့ အစီအစဉ်ချမှတ်ဆောင်ရွက်ရခြင်းဖြစ်သည်။
‘’ ရှစ်ထပ်တိုက်ဆောက်နေတဲ့ သူက ငါးထပ်လောက်နဲ့ တင်ငွေပြတ်သွားလို့ မလုပ်နိုင်တော့တာတို့၊ ငါးထပ်
ဆောက်မယ့် သူက သုံးထပ်လောက်နဲ့ တင်ရပ်သွားတာ တို့အများကြီးဖြစ်နေလို့ ဒီအစီအစဉ်ကို လုပ်တာပါ
နှစ်လလောက်တော့ ရှိပြီး တိုက်အလုံး ၄၀ လောက်ကိုလည်း ငွေထုတ်ချေးပြီးဖြစ်ပါတယ်။ “ CHD ဘဏ်မှ ဒါရိုက်တာ ဦးတင်အောင်မြင့်မှ မေလ ၂၁ ရက်နေ့တွင် iMyanmarhouse.com သို့ပြောသည်။
ဘဏ်၏ သဘောသဘာဝ အရငွေထုတ်ချေးပေးနိုင်ရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများထံမှ အာမခံ
ချက်ြ့ဖင့်သော်လည်ကောင်း အပေါင်ပစ္စည်းထားရှိသည့် နည်းလမ်းများဖြင့် ငွေထုတ်ချေးပေးနေသော်
လည်း တိုင်းနှင့်ပြည်နယ် အနှံ့ရှိ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်နေကာ ငွေကြေးလိုအပ်ချက်ရှိနေ
သည့်ကုမ္မဏီများအားအပြည့်အ၀ထုတ်ချေးပေးနိုင်၇န်
အောင်မြင်မှု မရရှိသေးကြောင်း သတင်းရရှိသည်။ု
“” ကန်ထရိုက်တိုက် ဆောက်တဲ့ developer ကအာမခံချက် ပေးရမယ်၊တစ်ခြားအဖွဲ့အစည်းတော့မလိုပါဘူး၊အာမခံတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေတော့ သူတို့ဆီကနေ အာမခံချက် သွားယူပြီးရင် ကျွန်တော်တို့က ငွေထုတ်ပေးလို့ ရတယ် ၊ ဒုတိယနည်းက သူတို့က မြေပိုင်မယ် ဆိုင် သူလိုတဲ့ ငွေ အတွက် သူ့ဂရန်ကို ကျွန်တော်တို့ ကိုအပ်ထားမယ် ၊ မြေနဲ့ အဆောက်အအုံ တန်ဖိုးကို ကြည့်ပြီး ငွေချေးပေးမယ် ၊ဒါဆို တစ်ခြားအားမခံအဖွဲအစည်းမလိုပါဘူး “” ဟု ၄င်း ကဆက်လက်ပြောသည်။
ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်ကို ၂၀၁၃ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်
ငန်းများ ဖွံ့ဖြိုးတိုးတက်စေ၇န် ဟူသည့် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များ၏ထည့်ဝင်ငွေ၅၀ရာခိုင်နှုန်း၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေ နှင့် နိုင်ငံတော်၏ ထည့်ဝင်ငွေ
များဖြင့် ထူထောင်ထားခြင်း ဖြစ်ကာ commercial loan နှင့် development loan များကို ထုတ်ချေးပေး
လျက်ရှိပြီး လည်ပတ်ငွေ ကျပ်ဘီလီယံ ၁၀၀ ဖြင့် လည်ပတ်လျက်ရှိသည်။
‘’ ဆောက်လုပ်ရေး လုပ်ငန်းလုပ်တဲ့ ကုမ္မဏီတော်တော်များများက ကြိုပွိုင့်နဲ့ ရောင်းလို့ရတဲ့ ငွေနဲ့လည်ပတ်ကြ
တာများသလို အပြင်က ငွေဆွဲပြီး ဆောက်ကြတဲ့ ကန်ထရိုက်တွေလည်း အများကြီးရှိတယ်၊အခုလို အရောင်းအ၀ယ်အေးတဲ့ အချိန်မှာ ငွေတွေ ကျပ်ကုန်တယ် “” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအ
သင်းမှ ဦးအေးလင်း ကပြောသည်။
ိကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com