ကွန်ဒိုတိုက်ခန်းများ နှစ်ဆယ်ရာခိုင်နှုန်း ဈေးလျှော့ရောင်းလာကြ - Property News in Myanmar from iMyanmarHouse.com
1405 ကြိမ် ကြည့်ရှု့ ပြီး

ကွန်ဒိုတိုက်ခန်းများ နှစ်ဆယ်ရာခိုင်နှုန်း ဈေးလျှော့ရောင်းလာကြ

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော် (iMyanmarHouse.com)

ဝယ်ယူရင်းနှီးမြှုပ်နှံသူ နည်းပါးလာသဖြင့် ကွန်ဒိုတိုက် ခန်းများကို ဈေးလျှော့ရောင်းချနေ ကြောင်း အိမ်ခြံမြေအကျိုးဆောင် များထံမှ သတင်းရရှိသည်။

‘‘ဈေးနှုန်းက ပျမ်းမျှ ၂၀ ရာခိုင်နှုန်းလောက်ထိ ဈေးလျှော့ ရောင်းနေရတယ်’’ဟု မဏ္ဍိုင်အိမ် ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ မန် နေဂျင်း ဒါရိုက်တာ ဦးသန်းဦးက ပြောသည်။

တိုက်ခန်းကွန်ဒိုဈေးသည် ယခုရက်အတွင်း ရန်ကုန်မြို့ နေရာအချို့၌ ကျပ်သိန်း ၅,၀၀၀ တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်းတစ်ခုလျှင် ကျပ် သိန်း ၅၀၀ မှ ၁,၀၀၀ ကြားထိ ဈေးလျှော့ရောင်းချမှုများရှိကြောင်း အကျိုးဆောင်များက ပြောသည်။

တရားမဝင်ငွေကြေး တား ဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ကျပ်သိန်း ၁,၀၀၀ အထက် အရောင်းအဝယ် ပြုလုပ်မှုများကို စောင့်ကြည့်လာသဖြင့် အိမ်ခြံမြေ ရောင်းဝယ်မှုအေးစက်လာသည်။ ထို့အပြင် ၂၀၁၄ နှစ်ကုန်တွင်ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံကမြန်မာနိုင်ငံသို့လွှဲပြောင်းပေးမည့်ငွေစာရင်းများကို တားဆီးစစ် ဆေးမှုများဖြစ်ပွားပြီးနောက်ပိုင်း တွင် ပြည်တွင်းအိမ်၊ မြေ၊ ကွန်ဒိုတိုက်ခန်းဈေးကွက်မှာ အရောင်း အဝယ်ပိုအေးကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောကြား သည်။

ထို့အပြင် ကွန်ဒိုတိုက်ခန်း အထပ်မြင့်တည်ဆောက်သူများ မှာ ယခုနှစ်တွင် များလာပြီး ဝယ် ယူနိုင်သည့် ပမာဏထက် ပိုမို တည်ဆောက်လာသဖြင့် ငွေ ကြေးလည်ပတ်မှုခက်ခဲလာခြင်း ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်က ငွေကြေးလည်ပတ်နိုင်ရန် ဈေးလျှော့ရောင်းချခြင်းဖြစ်သည်ဟု ပုဇွန်တောင်မြို့နယ်မှ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ထို့အပြင် တိုက်ခန်းများ အရည်အသွေးနိမ့်ကျခြင်း၊ အငှား စရိတ် မြင့်တက်လာခြင်းနှင့် ဝယ် ရောင်းလုပ်သူများငွေကြေးမပြေ လည်မှုများကြောင့် ကွန်ဒိုတိုက်ခန်းများ ဈေးလျှော့ရောင်းလာ သည်ဟု Excellent အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးမောင် မောင်ကြီးက ပြောသည်။

ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်း များရောင်းဝယ်မှုမှာလည်း မြို့ တော်စည်ပင်မှ စစ်ဆေးမှုများ၊ တရားမဝင် တည်ဆောက်မှုများ ကြောင့် အခန်းဝယ်ယူမှုများတွင် ယုံကြည်မှုနည်းလာကာ အရောင်း အဝယ်အေးလာသည်ဟု ဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

Credit: 7 day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တန်ဖိုးနည်းအိမ်ရာများကိုအခြေခံလူတန်းစားများအတွက်ဆောက်လုပ်ရာတွင်အမှန်တကယ်နေထိုင်မည့်နေရာဖြစ်ဖို့လို...
ထပ်ဆင့်အော်စကာဆုရှင် မိုက်ကယ်ဒေါက်ဂလပ်နှင့် ဇနီးဖြစ်သူ ဟောလိဝုဒ်သရုပ်ဆောင် ကက်သရင်းဇီတာ ဂျုန်းစ်တို့က နယူးယောက်အိမ်ကို သြစတေးလျဘီလျံနာထံရောင်းချပြီး မကြာမီတွင်ပင် ၁၂ ဧကကျယ်သော ကျေးလက်စံအိမ်တစ်လုံးကို တိတ်တဆိတ်ပြန်လည်...
နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီဆောက်လုပ်ရေးပါမစ်အွန်လိုင်းမှလျှောက်ထားမှုခက်ခဲနေဆဲဖြစ်...
အီတလီကျေးလက်ဒေသသို့ သွားရောက်နေထိုင်မည်ဆိုပါက တစ်လလျှင် ကန်ဒေါ်လာ ၇၇၀ ဖြင့် ထောက်ပံ့ကြေး ၃ နှစ်ရမည်...
ဟောင်ကောင်တွင် အိမ်ခြံမြေဈေးကွက် ထိုးကျနေပြီး ဆောက်လုပ်ပြီးစီးသော လူနေခန်းသစ်များကို လွန်ခဲ့သော ၂ နှစ်က ဈေးနှုန်းများဖြင့် ရောင်းချရလျက်ရှိ...
ကျပ်ငွေ (၅) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မန္တလေးမြို့ရှိ Than Lwin Nadi ကွန်ဒို အရောင်းပြပွဲ...
ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေ ငှားရမ်းမှုများ ပြုလုပ်ပေးသည့် ဝက်ဘ်ဆိုက် Cjia.com သို့ ကမ္ဘာကျော်သူဌေးကြီး ဂျက်မား အပါအဝင် ရင်းနှီးမြှုပ်နှံသူများက ကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်...
ကမ္ဘာ့အိမ်ဈေးအညွှန်းကိန်းကို ဆယ်စုနှစ်တစ်ခုအတွင်း တရုတ် ပထမဆုံးဦးဆောင်
တောင်ကိုရီးယားကုမ္ပဏီ Mirae က တရုတ်ထိပ်သီးကုမ္ပဏီကြီး Anbang ထံမှ အမေရိကန်ရှိ ဟိုတယ်များကို ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဖြင့် ဝယ်ယူရန်စီစဉ်...
နွားများကို ဖွင့်ပြလျှင် နို့ထွက်နှုန်းမြင့်တက်လာစေသည်ဆိုသော green, green grass သီချင်းကို သီဆိုခဲ့သူ ကမ္ဘာကျော်အဆိုတော်ကြီး ဆာ တွမ်ဂျုန်းစ်၏ ယာတောအိမ် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)