ရန်ကုန်တွင်း မြို့နယ်အလိုက် အိမ်ခြံမြေဈေး သတ်မှတ်မှု ပေါက်ဈေးထက် များစွာနည်းပါး

ရန်ကုန်တွင်း မြို့နယ်အလိုက် အိမ်ခြံမြေဈေး သတ်မှတ်မှု ပေါက်ဈေးထက် များစွာနည်းပါး - Property News in Myanmar from iMyanmarHouse.com
13 Nov 2013 5:00 pm တွင် တင်ခဲ့သည်
892 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်း ဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့က မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို သတ်မှတ် ထုတ်ပြန်ထားပြီး အဆိုပါ ဈေးများမှာ ကာလပေါက်ဈေးထက် များစွာနည်းပါး လျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင် များထံမှ သိရသည်။

ရန်ကုန်မြို့ Down Town ဧရိယာအတွင်း ရှိသော လမ်းမကြီးများ ဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ကုန်သည်လမ်းတို့ ကဲ့သို့သော လမ်းမတန်းကြီးများမှာ ယခုအချိန်တွင် တစ်ပေပတ်လည်မှာ ကျပ် ၁၀ သိန်းနှင့်အထက် ပေါက်ဈေးရှိကြောင်း၊ သို့သော် ယခုသတ်မှတ်ချက်မှာ တစ်ပေပတ်လည် ကျပ် ၂၄၀၀၀၀ ဖြစ်နေ၍ ပေါက်ဈေးထက် များစွာကွာဟ နေကြောင်း သိရသည်။

ဒဂုံမြို့နယ် အတွင်းရှိ ပြည်လမ်းမပေါ် ဆိုလျှင် လက်ရှိအချိန်၌ ပေ ၈၀ ပတ်လည် နှင့် အထက်ကဲ့သို့ မြေကွက်ဆိုပါက တစ်ပေပတ်လည် ပေါက်ဈေးမှာ ကျပ်ရှစ်သိန်းမှ ၁၀ သိန်းအထိ ရနိုင်ကြောင်း၊ လက်ရှိတွင်မူ ကျပ် ၃၂၅၀၀၀ သာ သတ်မှတ်ထားသည့် အတွက် ပေါက်ဈေးထက် နှစ်ဆမက လျော့နည်းနေကြောင်း သိရသည်။

ဗဟန်းမြို့နယ် အတွင်းရှိ ကမ္ဘာအေး ဘုရားလမ်းသည် လက်ရှိအချိန်တွင် တစ်ပေပတ်လည် ကျပ်ခြောက်သိန်းမှ ၁၀ သိန်း အထိ ပေါက်ဈေး ရှိသော်လည်း ယခုသတ်မှတ်ထားသည့် ဈေးမှာ တစ်ပေပတ်လည် ကျပ် ၃၂၅၀၀၀ သာ သတ်မှတ်ထားရာ ပေါက်ဈေးထက် များစွာလျော့နည်း လျက်ရှိကြောင်း၊ ဗဟန်းမြို့နယ်၊ ဦးချစ်မောင်၊ ဆရာစံလမ်းတို့ ကဲ့သို့သော လမ်းများမှာလည်း တစ်ပေပတ်လည် ကျပ်လေးသိန်းနှင့် အထက်အထိ ပေါက်ဈေးရှိသော်လည်း ယခုအခါ တစ်ပေပတ်လည် ကျပ် ၁၃၅၀၀၀ သာ သတ်မှတ်ထားကြောင်း၊ မရမ်းကုန်းမြို့နယ် ပြည်လမ်းဆိုလျှင်လည်း တစ်ပေပတ်လည် ကျပ် ၆ သိန်း ၀န်းကျင် ပေါက်ဈေး ရှိနေသည်ကို ယခုအခါ တစ်ပေပတ်လည် ၂၇၅၀၀၀ ကျပ်သာ သတ်မှတ်ထားရာ လမ်းမတန်းများရှိ ဈေးများသည် ပေါက်ဈေးထက် များစွာ နည်းပါးနေသည်။

စမ်းချောင်းမြို့နယ် ပြည်လမ်းဆိုလျှင် တစ်ပေပတ်လည် ကျပ်ရှစ်သိန်းအထိ ပေါက်ဈေးရှိသည်ကို ယခု တစ်ပေပတ်လည် ကျပ် ၂၇၅၀၀၀ သာ သတ်မှတ်ထားပြီး လှိုင်မြို့နယ် ပြည်လမ်းမရှိ မြေဈေးများကိုလည်း တစ်ပေပတ်လည် ကျပ် ခုနစ်သိန်း၊ ရှစ်သိန်း ပေါက်ဈေးရှိသည်ကို ကျပ် ၂၇၅၀၀၀ သာ သတ်မှတ်ထားသည်။

လှိုင်မြို့နယ်အတွင်း ရန်ကုန်-အင်းစိန် လမ်းမဆိုလျှင် အကွက်အကွင်းကောင်းလျှင် တစ်ပေပတ်လည် ကျပ်လေးသိန်းနှင့် အထက် ပေါက်ဈေး ရှိနေချိန်တွင် ယခု တစ်ပေပတ်လည် ကျပ် ၁၃၅၀၀၀ သာ သတ်မှတ်ထားကြောင်း၊ တစ်ပေပတ်လည် ကျပ်သုံးသိန်း ၀န်းကျင် ပေါက်ဈေးရှိသည့် တောင်ဥက္ကလာပမြို့နယ် ပါရီလမ်းမကိုလည်း ယခုအခါ တစ်ပေပတ်လည် ကျပ် ၇၅၀၀၀ သာ သတ်မှတ်ထားသည့် အတွက် ကွာဟချက်များ ဖြစ်နေသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များမှ တွက်ချက် ပြောကြားခဲ့ကြသည်။

ထိုသို့ ကာလပေါက်ဈေးနှင့် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) ၏ သတ်မှတ်ထားသည့် တစ်ပေပတ်လည် မြေဈေးနှုန်း ကွာဟသည့် အတွက် အိမ်ခြံမြေ ရောင်းဝယ်မှုများအပေါ် ကောက်ခံသည့် အခွန်နှုန်းထား ရရှိမှုမှာလည်း ရရှိသင့်သည်ထက် များစွာလျော့ကျ သွားမည်ဖြစ်ကြောင်း၊ အိမ်ခြံမြေ ရောင်းဝယ်မှုများ အတွက် ၀င်ငွေခွန် ရာခိုင်နှုန်း ၃၀ နှင့် တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်း စုစုပေါင်း ၃၇ ရာခိုင်နှုန်း ပေးဆောင်ရကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အခွန်ကောက်ခံ ရရှိမှုတွင် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ ရောင်းဝယ်မှုမှ ကောက်ခံရရှိသည့် အခွန်နှုန်းမှာ ရရှိသင့်သည်ထက် အဆပေါင်းများစွာ လျော့နည်းလျက်ရှိပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အခွန်ပေးဆောင် လာစေရန်အတွက် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့မှ ခေါ်ယူတွေ့ဆုံ ပြောကြားရသည်အထိ ရှိလာသည်။

Credit: Eleven Media

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service