ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးသည် သံချေးတက်နေသော ဓာတ်ဘူးမှာ ဓာတ်သားလျော့နေသည့် လက္ခဏာများ သိသာစွာရှိနေသည့်တိုင် ၁၀ နှစ်ကျော် သုံးစွဲနေခဲ့ရာမှ ခဲဆိပ်သင့်သည်ဟု ယူဆရပြီး သေဆုံးသွားခဲ့သည်။
အဆိုပါ အမျိုးသားသည် ခဲဆိပ်သင့်ခြင်းကြောင့် အဆုပ်တွင် ဆိုးရွားစွာ ထိခိုက်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ်သတင်းမီဒီယာတို့က ဖော်ပြပြီး ၎င်း၏ အမည်နာမနှင့် အသက်အရွယ်တို့ကိုမူ ဖော်ပြထားခြင်း မရှိချေ။
၎င်းသည် လွန်ခဲ့သော တစ်နှစ်ခန့်မှ စတင်ကာ ကျန်းမာရေးစတင်ချူခြာလာခြင်းဖြစ်သည်။
သွေးစမ်းသပ်စစ်ဆေးချက်များအရ ၎င်း၏ သွေးတွင်း၌ ခဲဆိပ်သင့်နေကြောင်း အတည်ပြုနိုင်ခဲ့သည်။
အဘယ်ကြောင့် သွေးတွင်းတွင် အဆိပ်ဓာတ်များ မြင့်မားနေသည့်အကြောင်းကို လေ့လာခဲ့ရာ ယင်းအမျိုးသားသည် ဓာတ်ဘူးတစ်လုံးတည်းကို ၁၀ နှစ်ခန့် နေ့စဉ်အသုံးပြုခဲ့ကြောင်း ဆရာဝန်တို့ တွေ့ရှိလာခဲ့သည်။
ဓာတ်ဘူးကို လေ့လာကြည့်သောအခါ အတွင်း၌ သံချေးတက်နေသည်ကိုတွေ့ရပြီး ထိုဓာတ်ဘူးဖြင့် ကော်ဖီ၊ လဘက်ရည်၊ အချိုရည်များ နေ့စဉ်ထည့်သို အသုံးပြုခဲ့ကြောင်း သိလာသည်။
(မိမိတို့၏ ဓာတ်ဘူးများကို အမြဲစစ်ဆေးကြည့်ရှုသင့်ကြောင်း၊ ဓာတ်ဘူးဖြင့် ဂက်စ်ပါသော ဖျော်ရည်၊ အချဉ်ဓာတ်ရှိသော ဖျော်ရည်များ ထည့်သွင်းအသုံးပြုပါက ခဲဆိပ်သင့်နိုင်ကြောင်း ဆေးပညာရှင်တို့က သတိပေးထားသည်)
ရေသန့်ဘူးများထဲတွင် သာမန်မျက်လုံးဖြင့် မမြင်နိုင်သော မိုက္ကရိုပလတ်စတစ်အမှုန်များစွာ ပါဝင်ကြောင်း သိရှိလာပြီးနောက် ဓာတ်ဘူးကို အသုံးပြုသူ များပြားလာရာတွင် ဓာတ်ဘူးအသုံးပြုမှုနှင့် စပ်လျဉ်းပြီး သတိပြုဖွယ်များ ရှိနေသည်။
(ဆက်စပ်သတင်း)
ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်န်ိုင်သော နာနို ပလတ်စတစ်အမှုန်ပေါင်း ၃၇၀၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ
https://www.iMyanmarHouse.com/news/read/1104215
(ရေသန့်ဘူးမှ ရေစစ်ထားသော ပိုက်ခေါင်းရေသို့ ပြောင်းသောက်ရုံဖြင့် တစ်နှစ်လျှင် မိုက္ကရိုပလတ်စတစ်အမှုန် သောက်မိနိုင်မှု ၉၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ကြောင်း ကနေဒါ သုတေသီတို့က ပြောသည်။)
(ပလတ်စတစ်အစား သဘာဝပစ္စည်းများ၊ သတ္တုနှင့် ဖန်ထည်တို့ကို အသုံးပြုခြင်းအားဖြင့် မိုက္ကရိုပလတ်စတစ်၏ အန္တရာယ်လျှော့ချနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်တို့က ပြောသည်)
ထိုင်ဝမ်မှ အမျိုးသားမှာ ဓာတ်ဘူးယိုယွင်းနေကြောင်း သိလျက်နှင့် ရေဆေးရုံမျှ ပြုလုပ်ကာ ဆက်လက်အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။
သူ၏ ဓာတ်ဘူးမှာ မည်သည့်အချိန်မှစတင်ကာ ခဲဆိပ်သင့်စေသည်ကိုမူ မသိရချေ။
ဆေးရုံသို့ ပို့ခဲ့ချိန်တွင်ကား အလာကောင်းသော်လည်း အခါနှောင်းခဲ့ပြီ ဖြစ်သည်။
ခဲဆိပ်မှာ သူ၏ ကိုယ်ခံအားစနစ်ကို ယိုယွင်းစေခဲ့ပြီဖြစ်သည်။
ဆရာဝန်တို့က အကောင်းဆုံးကြိုးစားခဲ့သော်လည်း ထိုအမျိုးသားမှာ တစ်နှစ်နီးပါး ခံစားနေရသော အဆုပ်ရောင်ဝေဒနာကို မတွန်းလှန်နိုင်တော့ချေ။
“ဓာတ်ဘူးက ကာလကြာရှည် အသုံးပြုခဲ့တာ ဖြစ်နိုင်ပါတယ်။ ကိုလာလိုမျိုး ဂက်စ်ပါတဲ့ ဖျော်ရည်တွေ ထည့်သွင်းအသုံးပြုတဲ့အခါ အဆိပ်ဓာတ်တွေ ထွက်ပေါ်လာပါတယ်” ဟု ဆရာဝန်တို့က ကောက်ချက်ဆွဲသည်။
ထိုအမျိုးသား၏ ဖြစ်ရပ်မှာ ထိုင်ဝမ်သတင်းမီဒီယာတို့တွင် ဟိုးလေးတကြော်ဖြစ်ခဲ့သည်။
ဆေးပညာရှင်တို့က သတိပေးသည်မှာ ပြည်သူတို့အနေဖြင့် 304 stainless steel ဖြင့် ပြုလုပ်ထားသော ဓာတ်ဘူးများသာ သုံးရန်၊ အချဉ်ဓာတ်ရှိသော ဖျော်ရည်များ ထည့်သွင်းအသုံးမပြုရန်၊ ပုံမှန်ဆေးကြောရန်၊ ၂ နှစ် ၃ နှစ်ကြာတိုင်း ဓာတ်ဘူးသစ် လဲလှယ်ရန် သတိပေးထားသည်။
ခဲဆိပ်သင့်ခြင်း၏ လက္ခဏာများတွင် ဝမ်းဗိုက်နာကျင်ခြင်း၊ ချမ်းစိမ့်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ မောပန်းလွယ်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ခြေလက်များ ထုံကျင်ခြင်းတို့ အပါအဝင် ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ ထုတ်ပြန်ချက်အရ နှစ်စဉ် လူပေါင်း ၁ သန်းခန့်မှာ ခဲဆိပ်သင့်ခြင်းကြောင့် သေဆုံးရလျက်ရှိသည်ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Man Suffers Heavy Metal Poisoning After Using Same Thermos for 10 Years Photo Credit-daily mail