၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ - Property News in Myanmar from iMyanmarHouse.com
4 Jul 2025 11:00 am တွင် တင်ခဲ့သည်
508 ကြိမ် ကြည့်ရှု့ပြီး

မိုက်ကယ် ကာနေ (Michael Kearney) သည် အသက် ၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံး ဘွဲ့ရသူ ဖြစ်သည်။

မိုက်ကယ် ကာနေသည် တောင်အယ်လ်ဘားမားတက္ကသိုလ်မှ ၁၉၉၄ ခုနှစ်တွင် မနုဿဗေဒဖြင့် ဘွဲရခဲ့ခြင်း ဖြစ်သည်။

ယနေ့အခါ ကာနေသည် သင်ကြားရေးနယ်ပယ်တွင် ဖြတ်သန်းနေပြီး game show ပြိုင်ပွဲများတွင် ပါဝင်ဆင်နွှဲကာ ပြိုင်ပွဲအနိုင်ရသဖြင့် ဒေါ်လာသန်းချီကာ ရရှိခဲ့သည်။

(ကမ္ဘာ့အသက်အငယ်ဆုံးဘွဲ့ရသူ မိုက်ကယ်ကာနေကို Gold Rush ဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့စဉ်က တွေ့ရပုံ။ ဓာတ်ပုံ-L. Cohen/ Getty Images)

[ကမ္ဘာ့အသက်အငယ်ဆုံးဘွဲ့ရသူ]

ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းအရ အမေရိကန်ပြည်သား မိုက်ကယ်ကာနေမှာ ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံး ဘွဲ့ရသူဖြစ်သည်။

မနုဿဗေဒဖြင့် ဘွဲ့ရချိန်တွင် သူ၏အသက်မှာ ၁၀ နှစ်နှင့် ၄ လသာ ရှိသေးသည်။

ထိုစံချိန်မှာ ယနေ့အထိ ပြိုင်ဘက်ကင်းနေသေးသည်။

(မိုက်ကယ်ကာနေ။ ဓာတ်ပုံ-L. Cohen/Getty Images)

ကာနေသည် လမ်းလျှောက်တတ်စအရွယ်ကတည်းက ထူးထူးခြားခြား မှတ်ဉာဏ်ကောင်းလွန်းခြင်းကို အများက သတိပြုမိခဲ့ကြသည်။

၄ လသားအရွယ်တွင် စတင်စကားပြောခဲ့ပြီး ၆ လသားအရွယ်တွင် နားထဲတွင် ကူးစက်ရောဂါပိုးရှိနေကြောင်း ပြောခဲ့ရာ ဆေးပညာရှင်များ အလွန်အံ့အားသင့်ခဲ့ရသည်။ ပုံမှန်အားဖြင့် ကလေးတို့မှာ ၁ နှစ်သားခန့်တွင်မှ စတင်စကားပြောလေ့ရှိသောကြောင့် ဖြစ်သည်။

ကာနေ ၁၀ လသားအရွယ်တွင် စတင် စာဖတ်လေ့လာနေပြီဖြစ်သည်။

သူ၏ မိဘများ၊ အထူးသဖြင့် ဂျပန်လူမျိုး အမေရိကန်နိုင်ငံသူမိခင်ကြီးက သာမန်ထက် ထူးခြားသည့် စွမ်းရည်များ ရှိနေသော သားငယ်ကို အိမ်တွင် အထူးကြပ်မတ် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးခဲ့သည်။

ကာနေသည် အတက်ကြွလွန်၊ ဂဏှာမငြိမ်သည့်ရောဂါ (ADHD) ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိသော်လည်း မိဘများက ဆေးဝါးကုသမှု ခံယူစေရန် ငြင်းပယ်ခဲ့ပြီး ကလေး၏ အရည်အသွေးများကို ပျိုးထောင်ပေးရန်သာ အာရုံစိုက်ခဲ့သည်။

ကာနေသည် အသက် ၄ နှစ်သားအရွယ်တွင် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ သင်္ချာပါရမီရှင်လေးများကို စမ်းသပ်သည့် သင်္ချာစာမေးပွဲကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။

(မှတ်ချက်။ သာမန်အားဖြင့် ၄ နှစ်သားအရွယ်တွင် ၁ မှ ၂၀ အထိ ရေတွက်ခြင်း၊ သာမန် ပေါင်းခြင်းတို့ကိုသာ သိမှတ်နိုင်သည့်အရွယ်ဖြစ်ပြီး ကာနေကဲ့သို့ ဘုရားပေးသော ပါရမီရှင်များမှာမူ အလယ်တန်းဆင့် (သို့မဟုတ်) အထက်တန်းဆင့် သင်္ချာမေးခွန်းများကို ဖြေဆိုနိုင်ကြသည်။ သာမန်ကလေးတစ်ဦးနှင့် ကာနေ၏ ဉာဏ်ပညာကွာခြားချက်ကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သာမန်ကလေးတစ်ဦးသည် ၄ နှစ်သားအရွယ်တွင် ၂၀ အထိ ရေတွက်နိုင်ပြီး ကာနေမှာ အဆင့်မြင့်သင်္ချာပုစ္ဆာများ ဖြေရှင်းနိုင်သည်။ သာမန်ကလေး ၁ တန်း တက်သည့်အရွယ်တွင် ကာနေမှာ အထက်တန်းကျောင်းမှ ကျောင်းဆင်းခဲ့ပြီဖြစ်ပြီး သာမန်ကလေး ၅ တန်းကျောင်းသားအရွယ်တွင် ကာနေမှာ တက္ကသိုလ်မှာ ဘွဲ့ရခဲ့သည်)

ကာနေသည် ကယ်လီဖိုးနီးယားပြည်နယ်၊ နိုဗာတိုမြို့ ၊ San Marin အထက်တန်းကျောင်းမှ ၁၉၉၀ ပြည့်နှစ်တွင် အထက်တန်းအောင်မြင်ခဲ့ပြီး ထိုအချိန်တွင် ၆ နှစ်သားအရွယ်သာ ရှိနေသည်။

((မိုက်ကယ် ကာနေ၏ တက္ကသိုလ်ပညာရေး))

ကာနေသည် Santa Rosa Junior ကောလိပ်သို့ စတင်တက်ရောက်ချိန်တွင် ၆ နှစ်သားအရွယ်သာရှိသေးပြီး ဘူမိဗေဒသိပ္ပံဘွဲ့ (ကောလိပ်ဘွဲ့) ရခဲ့သည်။ (သာမန်ကလေးအများစုမှာ ၁ တန်းအရွယ်သာ ရှိသေးချိန်ဖြစ်သည်)

နောင် ၂ နှစ်အကြာတွင် အယ်လ်ဘားမား ပြည်နယ်ရှိ University of South Alabama တွင် တက်ရောက်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် မနုဿဗေဒဖြင့် ဘွဲ့ (Bachelor’s Degree) ရရှိခဲ့သည်။

၁၄ နှစ်သားအရွယ်တွင် ကာနေသည် တင်နက်ဆီပြည်နယ်ရှိ Middle Tennessee State University မှ ဓာတုဗေဒ မဟာဘွဲ့ရခဲ့ရာ အသက်အငယ်ဆုံး မဟာဘွဲ့ရသူလည်း ဖြစ်လာသည်။

ကာနေသည် အသက် ၁၈ နှစ်သားအရွယ်တွင် Vanderbilt တက္ကသိုလ်မှ ကွန်ပြူတာသိပ္ပံဖြင့် မဟာဘွဲ့ ထပ်မံရရှိခဲ့ပြန်သည်။

အသက် ၂၂ နှစ်သားအရွယ်တွင် Middle Tennessee State University မှ ဓာတုဗေဒဖြင့် ပါရဂူဘွဲ့ရခဲ့သည်။

((မိုက်ကယ်ကာနေ အခုဘယ်မှာလဲ))

(Gold Rush တွင် Winner ဖြစ်ခဲ့သော မိုက်ကယ် ကာနေကို နယူးယောက်မြို့တွင် တွေ့ရပုံ။ ဓာတ်ပုံ-M. Von Holden/ Getty Images)

ယခုစာရေးနေချိန်တွင် မိုက်ကယ်ကာနေ မည်သည့်နေရာသို့ ရောက်နေသည်ကို မည်သူမှ မသိရချေ။

၂၀၂၅ ခုနှစ်တွင် မိုက်ကယ်ကာနေသည် အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူ၏ တကိုယ်ရေဘဝကို မထင်မရှား ဖြတ်သန်းနေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Who is the youngest person to graduate college, and where is he now?

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service