ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
1 Jul 2025 11:51 am တွင် တင်ခဲ့သည်
442 ကြိမ် ကြည့်ရှု့ပြီး

အိမ်ခြံမြေတစ်ခုတွင် နေရာသည် အရေးအကြီးဆုံးဟုဆိုပါက လော့စ်အိန်ဂျလိမြို့၊ Mulholland Highway လမ်း၊ အမှတ် ၆၁၀၅ ရှိ စံအိမ်မှာ သရဖူဆောင်းရဖွယ် ရှိသည်။

အင်္ဂလိပ်အက္ခရာ A ပုံသဏ္ဍာန်ဆောက်လုပ်ထားသော တောင်ပေါ်အိမ်ဖြစ်ပြီး ကမ္ဘာကျော် Hollywood ဟု ရေးသားထားသည့် အဖြူရောင် စာလုံးကြီးများ၏ အောက်ဘက်ဆီတွင် တည်ရှိသော အနီးဆုံး စံအိမ်ဖြစ်သည်။

ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်း ဈေးခေါ်ထားပြီး The Beverly Hills Estates အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော Christopher Soffer and Trenton Armitage တို့က အရောင်းဈေးကွက် တင်ပေးခြင်း ဖြစ်သည်။

ကမ္ဘာကျော် အထင်ကရ ဟောလိဝုဒ် ဆိုင်းဘုတ်ကြီးကို ရှေ့ဆုံးတန်းမှ အနီးကပ်တွေ့မြင်ခွင့်ရသည့် မြင်ကွင်း ပိုင်ဆိုင်ထားသည်။

“ဒါက တကယ့်ကို ရှားရှားပါးပါးပဲ။ Hollywood ဆိုင်းဘုတ်ကြီးနဲ့ အနီးကပ်ဆုံးရှိတဲ့အိမ်ဆိုတာ ကမ္ဘာပေါ်မှာ အကန့်အသတ်နဲ့သာ ရှိပါတယ်” ဟု Christopher Soffer က နယူးယောက်ပို့စ် သတင်းဌာနသို့ ပြောသည်။

 

(▲ ၁၉၆၃ ခုနှစ်က ဆောက်လုပ်ခဲ့သော တောင်ပေါ်အိမ်ဟန် စံအိမ်။ ဓာတ်ပုံ-Lawrence Fitz-Simon)

ကိုယ်ပိုင်လမ်းကလေးတစ်ခု၏ အဆုံးတွင် တည်ရှိပြီး အိပ်ခန်း ၃ ခန်းပါဝင်ကာ အကျယ်အဝန်း စတုရန်းပေ ၂၅၀၀ ရှိသည်။

နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်ဝင်လာခြင်းလည်း ဖြစ်သည်။

“သစ်ပင်အုပ်တွေကြားထဲမှာ ရှိတဲ့အိမ်ဖြစ်တာကြောင့် သစ်ပင်အိမ်လို ဖြစ်နေပါတယ်” ဟု Christopher Soffer က ပြောသည်။

 

(▲ အဝင်ခန်းမ။ ဓာတ်ပုံ-Lawrence Fitz-Simon)

 

(▲ ရောင်းချသူများမှာ Jeffrey Kleiser နှင့် Diana Walczak တို့ ဖြစ်သည်။ ဓာတ်ပုံ- Lawrence Fitz-Simon)

 (▲ မီးဖိုဆောင်နှင့် နံနက်စာစားရန်နေရာ။ ဓာတ်ပုံ-Lawrence Fitz-Simon)

 

လက်ရှိပိုင်ရှင်များဖြစ်သော Jeffrey Kleiser နှင့် Diana Walczak တို့မှာ digital effect လုပ်ငန်းလုပ်ကိုင်သူများဖြစ်ပြီး Diana Walczak မှာ ပန်းပုဆရာမတစ်ဦး ဖြစ်ကာ ယခုအိမ်ကို နေအိမ်နှင့် အလုပ်ခန်းအဖြစ် အသုံးပြုခဲ့ကြသည်။ Diana Walczak သည် မိုက်ကယ်ဂျက်ဆင်၏ HIStory ရုပ်တုကြီးကို ပြုလုပ်ခဲ့သူလည်း ဖြစ်သည်။

(▲ နှစ်ပေါင်းများစွာကာလအတွင်း ယခုစံအိမ်သို့ အနုပညာရှင်များစွာ လာရောက်လည်ပတ်ခဲ့ကြဖူးသည်။ ဓာတ်ပုံ-Lawrence Fitz-Simon)

 

(▲ Diana Walczak သည် မိုက်ကယ်ဂျက်ဆင်၏ HIStory ရုပ်တုကြီးကို ပြုလုပ်ခဲ့သူလည်း ဖြစ်သည်။ ဓာတ်ပုံ-Lawrence Fitz-Simon)

 

(▲ အိပ်ခန်း ၃ ခန်းပါနေအိမ်သို့ အနုပညာရှင်များနှင့် ဂီတသမား များစွာ လာရောက်လည်ပတ်ခဲ့ကြဖူးသည်။ ဓာတ်ပုံ-Lawrence Fitz-Simon)

 

(▲ စံအိမ်၏ rooftop မှတဆင့် ဝန်းကျင်ရှုခင်းများကို ခံစားမည်ဆိုပါက တစ်ဖက်တွင် လော့စ်အိန်ဂျလိမြို့လယ် ရှုခင်းများကို တွေ့ရမည်ဖြစ်ပြီး အခြားတစ်ဘက်တွင် အထက်စီး၌ စီးမိုးနေသော Hollywood စာလုံးကြီးများကို တွေ့ရမည် ဖြစ်သည်။ ဓာတ်ပုံ-Lawrence Fitz-Simon)

 

(▲ သစ်ပင်များကြားတည်ရှိသောကြောင့် သစ်ပင်အိမ်တစ်လုံးနှင့်တူကြောင်း ဈေးကွက်တင်ပေးသည့် အကျိုးဆောင် Christopher Soffer က ပြောသည်။ ဓာတ်ပုံ-Lawrence Fitz-Simon)

 

(▲ ကမ္ဘာကျော် Hollywood စာလုံးကြီးများနှင့် နီးကပ်စွာတည်ရှိသော်လည်း မယုံနိုင်ဖွယ် ဆိတ်ငြိမ်အေးချမ်း ကြောင်း၊ လာရောက်လည်ပတ်ကြသော ကမ္ဘာလှည့်ခရီးသည်များနှင့် စပ်လျဉ်းသည့် မည်သည့်ပြဿနာမှ မရှိခဲ့ဖူးကြောင်း လက်ရှိပိုင်ရှင်တို့က ပြောသည်။ ဓာတ်ပုံ-Lawrence Fitz-Simon)

 

(▲ ကာလတို ငှားရမ်းတည်းခိုနိုင်သည့်နေရာတစ်ခုအဖြစ်လည်း အသုံးပြုခဲ့ဖူးသည်။ ဓာတ်ပုံ-Lawrence Fitz-Simon)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The home closest to the iconic Hollywood sign is for sale for $2.25M: ‘It’s something to be cherished’

Photo Credit- Lawrence Fitz-Simon

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service