ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း

ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း - Property News in Myanmar from iMyanmarHouse.com
21 Mar 2025 12:39 pm တွင် တင်ခဲ့သည်
592 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးသူဌေးကြီး ၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်က ကွယ်လွန်သွားခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၉၇ နှစ်ရှိပြီ ဖြစ်သည်။

ယေဘုယျအားဖြင့်ဆိုလျှင် ချမ်းသာကြွယ်ဝခြင်းမှာ ကောင်းမွန်သည့်အရာဖြစ်ကြောင်း လွန်ခဲ့သော နှစ်အတန်ကြာက ထုတ်ဝေခဲ့သည့် Lee Shau Kee ၏ အတ္ထုပ္ပတ္တိစာအုပ်တွင် ဖော်ပြထားသည်ဟု ဟောင်ကောင် အခြေစိုက် Ming Pao Weekly ဂျာနယ်က ဖော်ပြသည်။

“ဆင်းရဲတာဟာ တကယ့်ကို သောကများ၊ ခက်ခဲစေပါတယ်။ စားစရာ အလုံအလောက်မရှိ၊ ဝတ်စရာ အနွေးထည်မရှိ၊ ဘယ်မှာ အိပ်ရမယ်မှန်းမသိတဲ့ ဘဝမျိုးကို စဉ်းစားကြည့်ပါ။ ဘယ်လိုများ သက်သောင့်သက်သာ ခံစားရပါ့မလဲ။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်တွေ အောင်မြင်အောင် ဘယ်လိုလုပ်မလဲ။ ဒါတွေထက် အရေးကြီးဆုံးက အခါအားလျော်စွာ နေထိုင်မကောင်းဖြစ်ချိန် မိုးသည်းတဲ့ညမျိုးမှာ တစ်အိမ်လုံး ရေတွေရွှဲနေမယ်ဆိုရင် တကယ့်ကို စိတ်မချမ်းသာစရာပါပဲ” ဟု Lee Shau Kee က ပြောသည်။

သို့သော် Lee Shau Kee က ထောက်ပြသည်မှာ ချမ်းသာခြင်းနှင့် ကျိကျိတက်ချမ်းသာခြင်းမှာ ကွဲပြားကြောင်း၊ ကျိကျိတက်ချမ်းသာမှုတွင် ကြိုလင့်နေသည့် ရန်စွယ်များ ရှိနေသည်ဟု ဆိုသည်။

(▲ ဟောင်ကောင်တွင် ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်က Lee Shau Kee ကို အခမ်းအနားတစ်ခုတွင် တွေ့ရပုံ။ ဓာတ်ပုံ-Imaginechina via AFP)

သူဌေးကြီး Lee Shau Kee က ပြောပြသည်မှာ ကမ္ဘာတဝန်းမှ အကြောင်းရပ်အမျိုးမျိုးအတွက် အလှူခံသည့်စာများ မကြာခဏ လက်ခံဖတ်ရှုရသည်ဟု ဆိုသည်။

“ဒီစာတွေကို ဖတ်ပြီးရင် ကျွန်တော် တော်တော် မအီမလည်ကြီး ခံစားရပါတယ်။ သူတို့ကို မကူညီဘူးဆိုရင် ကိုယ်က အရှက်ရမှု ခံစားရမယ်။ ဒါပေမယ့် ကျွန်တော်က ကူညီချင်တယ်ဆိုသည့်တိုင် သူတို့က တကယ်ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာ မသိနိုင်ဘူး” ဟု Lee Shau Kee က ပြောသည်။

ကမ္ဘာတလွှားတွင် အကူအညီလိုအပ်နေသူများ မရေမတွက်နိုင်အောင်ရှိနေကြောင်းလည်း ၎င်းက ပြောသည်။

“သောက ဗျာပါဒတွေ ကျွန်တော် ပိုတွေ့လာလေလေ…အရှက်ရမှု ခံစားရလေလေပါပဲ”

“ပြီးတော့…ဘီလျံနာတစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ ခင်ဗျားဟာ အလိုလို Public figure တစ်ဦးဖြစ်လာပါတယ်။ ဒါက ရှောင်လွှဲလို့မရအောင်ပါပဲ။ ငါးကန်ထဲက ရွှေငါးတစ်ကောင်လိုဖြစ်သွားပြီး လွတ်လပ်မှုတွေ ဆုံးရှုံးသွားပါတယ်”

“ဒါ့အပြင် ခင်ဗျားမှာ ငွေတွေအများကြီးရှိလာပြီးဆိုတာနဲ့ ဒါကို ပြန်ပြီး မဆုံးရှုံးအောင် မနားမနေ ကြိုးစားနေစေဖို့ ဖိအားပေးနေမယ့် အကြောင်းကိစ္စတွေ အများကြီးရှိလာတယ်။ ကိုယ်က ငွေကို အသုံးချနေတာမဟုတ်ဘူး။ ငွေက ကိုယ့်ကို အသုံးချနေတာဖြစ်ပါတယ်။ ကိုယ်ပင်ပန်းတာ၊ အတောမသတ်နိုင်အောင် စိတ်ပင်ပန်းနေရတာ တွေဟာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး”

“ဆင်းရဲချို့တဲ့မှုလည်း မရှိဘူး။ ချမ်းလည်း မချမ်းသာဘူးဆိုတဲ့သူတွေက ကံအကောင်းဆုံးပါပဲ။ သူတို့က တကယ်ပျော်ရွှင်မှုရကြသူတွေဖြစ်ပါတယ်” ဟု Lee Shau Kee က ပြောသည်။

လီသည် ရက်ရက်ရောရော လှူဒါန်းပေးကမ်းသူတစ်ဦးအဖြစ်လည်း ကျော်ကြားသည်။ လီသည် ၁၉၂၈ ခုနှစ်တွင် မွေးဖွားပြီး စတုတ္ထမြောက်သား ဖြစ်သောကြောင့် “နံပါတ် ၄ ဦးလေး” ဟု အများက ခေါ်ကြသည်။

Forbes မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ မိဘများမှာ တရုတ်ပြည်တောင်ပိုင်း ကွမ်တုံပြည်နယ်မှ ကုန်သည်များဖြစ်သည်ဟု ဆိုသည်။

လီသည် ၆ နှစ်သားအရွယ်ကတည်းက ဖခင်ကြီး၏ လုပ်ငန်းများတွင် ပါဝင်ကူညီလုပ်ကိုင်ပေးခဲ့သည်။

ဖခင်၏ လုပ်ငန်းများမှာ ရွှေ၊ ငွေ၊ နိုင်ငံခြားငွေ လဲလှယ်မှုလုပ်ငန်းများ ဖြစ်သည်။

ငယ်စဉ်ကတည်းက စိတ်တွက်သင်္ချာကို ကျွမ်းကျင်ခဲ့ပြီး အသက် ၁၂ နှစ်သားအရွယ်တွင် ရွှေစစ်ဆေးခြင်း၊ အရည်ကြိုခြင်းနှင့် ပြန်လည်သန့်စင်ခြင်းလုပ်ငန်းများကို စတင်လေ့လာခဲ့သည်။

အသက် ၂၀ အရွယ်တွင် ဟောင်ကောင်ဒေါ်လာ ၁၀၀၀ (ကန်ဒေါ်လာ ၁၂၈) မျှဖြင့် ဟောင်ကောင်သို့ ထွက်လာခဲ့သည်။

အဆိုပါငွေမှာ မိသားစုလုပ်ငန်းတွင် နှစ်ပေါင်းများစွာ ဝင်ရောက်လုပ်ကိုင်ပေးရင်း စုဆောင်းထားသောငွေ ဖြစ်သည်။

တစ်နှစ်မပြည့်မီတွင်ပင် အိမ်သို့ ငွေပြန်ပို့ပေးနိုင်လာသည်။

လီသည် ကုန်မာနှင့် သွင်းကုန်/ထုတ်ကုန်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

၁၉၅၀ နှင့် ၁၉၆၀ ပြည့်လွန်ကာလများတွင် လီက အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးလာမည့် အလားအလာကို သုံးသပ်မိသောကြောင့် မိတ်ဆွေအနည်းငယ်နှင့် ပူးပေါင်းကာ Sun-Hung Kai Properties ကုမ္ပဏီကို တည်ထောင်ခဲ့သည်။

လီက ကုမ္ပဏီ၏ ဒုတိယဥက္ကဌ၊ မန်နေးဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ပြီး စီမံကိန်းမြေနေရာ ဝယ်ယူခြင်းနှင့် အိမ်ခြံမြေရောင်းဝယ်ခြင်းတို့တွင် ဦးဆောင်ခဲ့သည်။

လီသည် ဘဏ်များနှင့် ပူးပေါင်းပြီး အရစ်ကျပေးချေနိုင်သည့် နည်းစနစ်ကိုလည်း အကောင်အထည်ဖော်ခဲ့ရာ ပြည်သူများအတွက် အိမ်ပိုင်ဆိုင်နိုင်ရန် အခွင့်အလမ်းပိုရလာသည်။

လီသည် ၁၉၇၃ ခုနှစ်တွင် အဆိုပါကုမ္ပဏီမှ နှုတ်ထွက်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် ကိုယ်ပိုင်ကုမ္ပဏီ Henderson Land Development ကို တည်ထောင်ခဲ့သည်။

၁၉၉၆ နှင့် ၁၉၉၇ ခုနှစ်များတွင် အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ကမ္ဘာပေါ်၌ စတုတ္ထမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်ခဲ့သည်။ Lee Shau Kee ကို “အာရှ၏ ရှယ်ယာနတ်ဘုရား” ဟုလည်းကောင်း၊ “ဟောင်ကောင်၏ Warren Buffett” ဟုလည်းကောင်း ခေါ်ဝေါ်ကြသေးသည်။

Lee Shau Kee ကွယ်လွန်ချိန်တွင် သား ၂ ဦး၊ သမီး ၃ ဦးကျန်ရစ်ပြီး သား ၂ ဦးမှာ Henderson အိမ်ခြံမြေအင်ပါယာ ကြီးကို ဦးဆောင်နေသည်။

Lee Shau Kee မကွယ်လွန်မီ ဖေဖော်ဝါရီလအတွင်း Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃၀ ဘီလီယံခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး ဟောင်ကောင်၏ ဒုတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်ခဲ့သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hong Kong’s second-richest billionaire Lee Shau Kee revealed the burdens of extreme wealth (vnexpress)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service