ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှာ

ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှာ - Property News in Myanmar from iMyanmarHouse.com
21 Mar 2025 11:14 am တွင် တင်ခဲ့သည်
538 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee ကွယ်လွန်သွားပြီဖြစ်ကြောင်း၊ ကွယ်လွန်ချိန်တွင် အသက် ၉၇ နှစ်ရှိပြီဖြစ်ကြောင်း ၎င်းတည်ထောင်ခဲ့သည့် အိမ်ခြံမြေ developer ကုမ္ပဏီ Handerson Land က ထုတ်ပြန်ကြေညာသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

Lee Shau Kee သည် မွေးချင်းများတွင် စတုတ္ထမြောက်သားဖြစ်ပြီး အများက “နံပါတ် ၄ ဦးလေး” ဟု ခေါ်ဝေါ်ကြသည်။

Lee Shau Kee သည် လူလတ်တန်းစား မိသားစုတွင် မွေးဖွားသူဖြစ်ပြီး သူ၏ မိဘများမှာ တရုတ်ပြည်တောင်ပိုင်း ကွမ်တုံပြည်နယ်တွင် ရွှေဆိုင်၊ ငွေဆိုင်များ ပိုင်ဆိုင်ထားသည်။

Lee Shau Kee အသက် ၂၀ အရွယ်တွင် ဟောင်ကောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ကိုယ်ပိုင်အိမ်ခြံမြေကုမ္ပဏီ Handerson Land ကို ၁၉၇၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

ထိုအချိန်မှစကာ လုပ်ငန်းများကို သားဖြစ်သူတို့ထံ လွှဲပြောင်းမပေးမီ ၂၀၁၉ ခုနှစ်၊ ဧပြီလအထိ Handerson Land ၏ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။

လက်ရှိအားဖြင့် Handerson Land ကို သူ၏ သား ၂ ဦးဖြစ်သော ပီတာနှင့် မာတင်လီတို့က ထိန်းချုပ်ထားသည်။

Lee Shau Kee မကွယ်လွန်မီတွင် Forbes မဂ္ဂဇင်းကြီး၏ ခန့်မှန်းခဲ့မှုအရ သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃၀ ဘီလီယံခန့် ရှိသည်ဟု ဆိုသည်။

“ဒေါက်တာလီဟာ ထူးချွန်တဲ့ စီးပွားရေးခေါင်းဆောင်၊ လုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ သူဟာ ဟောင်ကောင်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှု၊ သာယာဝပြောရေးနဲ့ တည်ငြိမ်းရေးတို့အတွက် အများကြီးစွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ လူအများလေးစားခံရတဲ့ ပရဟိတသမားတစ်ဦးလည်း ဖြစ်ပါတယ်” ဟု ဟောင်ကောင်အကြီးအကဲ John Lee ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။

ဟောင်ကောင်၏ အခြားသော ဒိတ်ဒိတ်ကြဲသူဌေးကြီးများ၏ မိသားစုများနည်းတူ Lee Shau Kee ၏ အင်ယာပါသည်လည်း အိမ်ခြံမြေကို ကျောထောက်နောက်ခံပြုကာ စွမ်းအင်၊ လက်လီကဏ္ဍတို့မှသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအထိ ဖြန့်ကျက်ထားသည်။

၎င်းနှင့်ခေတ်ပြိုင် သူဌေးကြီးများနည်းတူ Lee Shau Kee သည်လည်း တရုတ်ခေါင်းဆောင်ဟောင်းများနှင့် ဆက်ဆံရေး အဆင်ချောမှုကို အခြေပြုကာ ချမ်းသာကြွယ်ဝလာခြင်း ဖြစ်သည်။

Lee Shau Kee သည် ဟောင်ကောင်သူဌေးကြီးများ၏ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ကို သွားရောက်တွေ့ဆုံခဲ့ဖူးသည့်အပြင် တရုတ်သမ္မတ ကျန်ဇီမင်း (ကွယ်လွန်) နှင့်လည်း တွေ့ဆုံခဲ့ပုံ ဓာတ်ပုံများကို သူ၏ personal ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဟောင်ကောင်၏ မျိုးဆက်သစ် ထိပ်တန်းသူဌေးကြီးများနှင့် မတူခဲ့သည့်အချက်မှာ နောက်ပိုင်းမျိုးဆက် သူဌေးများသည် အများပြည်သူသို့ လူသိရှင်ကြား စကားပြောခြင်းမျိုး ရှားပါးသည်။

ပထမမျိုးဆက်သူဌေးကြီး Lee Shau Kee မှာမူ ကိစ္စရပ်များစွာကို ပွင့်ပွင့်လင်းလင်း ထွက်ပြောလေ့ရှိသည်။

လူငယ်များအနေဖြင့် ပုံမှန်ဝင်ငွေမရှိပါက စောစော အိမ်ထောင်မပြုရန် Lee Shau Kee က အကြံပြုသည်။

သားသမီးရသွားချိန်တွင် သားသမီးစရိတ်များကြောင့် အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခု တည်ဆောက်ရေးမှာ ခက်ခဲကြောင်း လီရှို့ကျီက ပြောသည်။

Lee Shau Kee ကို “နံပါတ် ၄ ဦးလေး” ဟုခေါ်ကြသည့်အပြင် “ဟောင်ကောင်၏ Warren Buffett” ဟုလည်း ခေါ်ကြသေးသည်။

Lee Shau Kee သည် ပရဟိတသမားတစ်ဦးလည်းဖြစ်ပြီး ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးတို့တွင် ဒေါ်လာ ဘီလျံများစွာ လှူဒါန်းခဲ့ပြီးဖြစ်သည်။

Lee Shau Kee ကွယ်လွန်ချိန်တွင် သား ၂ ဦးနှင့် သမီး ၃ ဦး ကျန်ရစ်သည်။

(ဆက်စပ်သတင်း)

ဟောင်ကောင် ထိပ်တန်း အိမ်ခြံမြေ ကုမ္ပဏီကြီး Handerson Land တည်ထောင်သူ Lee Shau Kee အနားယူကာ သား ၂ ဦးထံ အရိုက်အရာ လွှဲပြောင်း၊ အနားယူချိန် ကြွယ်ဝမှုအရ လီကာရှင်းကို ဖြတ်ကျော်ကာ ဟောင်ကောင်၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ

https://www.imyanmarhouse.com/news/read/830894

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com Ref: Hong Kong's second-richest person Lee Shau Kee dies at 97

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service