ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်း ပုပ်ပွသေဆုံးလျက်တွေ့ရှိ

ထပ်ဆင့်အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည် ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် ‌စံအိမ်အတွင်း ပုပ်ပွသေဆုံးလျက်တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
13 Mar 2025 11:40 am တွင် တင်ခဲ့သည်
1585 ကြိမ် ကြည့်ရှု့ပြီး

► Gene Hackman ဘယ်သူလဲ

ဂျီးန် ဟက်ခ်မန်း (မွေး ၁၉၃၀- ကွယ်လွန် ၂၀၂၅၊ ဖေဖော်ဝါရီ ၁၈) သည် အမေရိကန် ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။

သူ၏မျိုးဆက်တွင် အထင်ကရအရှိဆုံး ရုပ်ရှင်သရုပ်ဆောင်များတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။

အော်စကာ ၂ ဆု၊ British Academy Film ၂ ဆုနှင့် ရွှေကမ္ဘာလုံးဆု ၄ ဆုတို့ အပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့သည်။

အော်စကာဆုရခဲ့သည့် ရုပ်ရှင်များမှာ ၁၉၇၁ ခုနှစ်က ရုံတင်ခဲ့သော The French Connection ဖြင့် အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆု၊ ၁၉၉၂ ခုနှစ်က ရုံတင်ခဲ့သော Unforgiven ရုပ်ရှင်ဖြင့် အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုများ ရရှိခဲ့ခြင်း ဖြစ်သည်။

((ဆန်းကြယ်သော သေဆုံးမှုများ))

၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် အမေရိကန်ပြည်၊ နယူးမက္ကဆီကိုပြည်နယ်၊ ဆန်တာဖီမြို့ရှိ စံအိမ်တွင် ဂျီးန်ဟက်ခ်မန်းသည် ဇနီးဖြစ်သူ Betsy Arakawa အပြင် အိမ်ရှိ ခွေး ၃ ကောင်အနက် တစ်ကောင်တို့နှင့်အတူ သေဆုံးလျက်တွေ့ရသည်။

(▲ ဂျီးန်ဟက်ခ်မန်းသည် နယူးမက္ကဆီကိုပြည်နယ်ရှိ နေအိမ်တွင် ဇနီးဖြစ်သူ၏ အလောင်းနှင့်အတူ နေထိုင်နေခဲ့ရင်း ကွယ်လွန်သွားခဲ့သည်။ ဓာတ်ပုံ-Fox/ YouTube)

(▲ မတ်လ ၇ ရက်တွင် ဆန်တာဖီ ရဲတပ်ဖွဲ့မှ Adan Mendoza က ပြည်နယ်ဆေးဘက်စစ်ဆေးရေးရုံး ကိုယ်စားလှယ်များနှင့်အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-Fox/ YouTube)

(▲ အသက် ၉၅ နှစ်အရွယ် ဂျီးန်ဟက်ခ်မန်းနှင့်ပ အသက် ၆၃ နှစ်အရွယ် Betsy တို့၏ အလောင်းများကို ၎င်းတို့ ကာလကြာရှည်နေထိုင်ခဲ့သော နယူးမက္ကဆီကိုပြည်နယ်ရှိ နေအိမ်အတွင်း ဖေဖော်ဝါရီလ ၂၆ ရက်က တွေ့ရှိခဲ့သည်။ ဓာတ်ပုံ-Kevin Winter/ Getty Images)

Betsy ကွယ်လွန်သွားသည်မှာ ဂျီးန်ဟက်ခ်မန်းမသေဆုံးမီ တစ်ပတ်ခန့်ကဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

နေအိမ်ပြုပြင်မွမ်းမံရေးအလုပ်သမားတစ်ဦးက ဂျီးန်ဟက်ခ်မန်းတို့ ဇနီးမောင်နှံကို ခေါ်မရဖြစ်နေသောကြောင့် ပြတင်းပေါက်မှ ကြည့်လိုက်ရာ ရုပ်အလောင်းများကို တွေ့ရသောကြောင့် 911 သို့ ဖုန်းဆက်ပြောကြားခဲ့သည်။

ဂျီးန်ဟက်ခ်မန်း၏ ရုပ်အလောင်းကို အဝင်ခန်းမတွင် ရဲအရာရှိတို့ တွေ့ရှိခဲ့ပြီး ပုပ်ပွနေပြီ ဖြစ်သည်ကို တွေ့ရသည်။

(▲ ဆေးဘက်စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ Heather Jarrell က ပြောသည်မှာ ဂျီးန်ဟက်ခ်မန်းသည် ဖေဖော်ဝါရီ ၁၈ ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး နှလုံးရောဂါနှင့် Alzheimer’s ရောဂါတို့ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဓာတ်ပုံ-Fox/ YouTube)

(▲ ဆန်တာဖီ Sheriff ရုံးမှ ထုတ်ပြန်သော ရှာဖွေဝရမ်းအရ Betsy ၏ အလောင်းမှာ ဖောင်းပွနေပြီဖြစ်သည်ကို တွေ့ရသည်ဟု ဆိုသည်။ ဓာတ်ပုံ-Google Earth)

၎င်း၏ ဇနီးဖြစ်သူ Betsy ၏ ရုပ်အလောင်းကိုမူ ရေချိုးခန်းအတွင်း တွေ့ရပြီး ပုပ်ပွနေပြီ ဖြစ်သည်။

သူ၏ အလောင်းအနီးတွင် သောက်ဆေးများ ပြန့်ကျဲနေသည်ကိုလည်း တွေ့ရသည်။ ဆေးမှာ သွေးတိုးသမားများသောက်သော ဆေးများဖြစ်ပြီး သိုင်းရွိုက်ဆေးများလည်း တွေ့ခဲ့သည်။

၎င်းတို့၏ ခွေးများအနက် သြစတေးလျ Kelpie ခွေးတစ်ကောင်မှာ ရေချိုးခန်းအတွင်းရှိ လှောင်အိမ်တွင် သေဆုံးလျက်တွေ့ရပြီး Betsy ၏ အလောင်းအနီးတွင် ဖြစ်သည်။

အခြားခွေး ၂ ကောင်ကိုမူ အသက်ရှင်လျက် တွေ့ရသည်။

(Betsy ၏ အလောင်းကို ရေချိုးခန်းထဲတွင် တွေ့ရခြင်းဖြစ်ပြီး ဂျီးန်ဟက်မန်း၏ အလောင်းကိုမူ မီးဖိုဆောင်ဘေးရှိ အခန်းတွင် တွေ့ရသည်။ ဓာတ်ပုံ-WFAA)

(ဂျီးန်ဟက်ခ်မန်း၏ သမီးဖြစ်သူ Leslie က ပြောသည်မှာ ဖခင်ကြီးမှာ ကျန်းမာရေးအလွန်ကောင်းကြောင်း၊ Yoga နှင့် Pilates လေ့ကျင့်ခန်းများ ပုံမှန်လုပ်သူဖြစ်ကြောင်း ပြောသည်။ ပုံတွင် တွေ့ရသည်မှာ ဂျီးန်ဟက်ခ်မန်းကို ၁၉၇၃ ခုနှစ်က ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်သည်။ ဓာတ်ပုံ-M.McCarthy/ Express/ Hulton Archive/ Getty Images)

၎င်းတို့ဇနီးမောင်နှံ ၂ ဦးမှာ ရုတ်တရက်လဲကျသေဆုံးသွားကြခြင်းဖြစ်ကြောင်း သဲလွန်စများကို ကြည့်ကာ ရဲအရာရှိတို့က ကောက်ချက်ဆွဲသည်။

၎င်းတို့ ဇနီးမောင်နှံသေဆုံးခဲ့ကြမှုတွင် သံသယဖြစ်ဖွယ်အခြေအနေများ မတွေ့ရကြောင်း၊ သို့သော် သေဆုံးရသည့်အကြောင်းရင်းနှင့် သေဆုံးသည့်အချိန်အတိအကျကိုမူ မသိသေးကြောင်း ဆန်တာဖီခရိုင် ရဲအရာရှိရုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ထုတ်ပြန်သည်။

ဂျီးန်ဟက်ခ်မန်း၏ နှလုံးခုန်စက် (packmaker) မှ အချက်အလက်များအရ ဂျီးန်ဟက်မန်းသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် နှလုံးခုန်ရပ်သွားကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သူ၏ ဇနီးဖြစ်သူ Betsy မှာ ဂျီးန်ဟက်ခ်မန်း မကွယ်လွန်မီ တစ်ပတ်ခန့်အလို ဖေဖော်ဝါရီ ၁၁ ရက်ကတည်းက ဟန်တာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်ဝေဒနာ (HCPS) ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဂျီးန်ဟက်ခ်မန်းမှာ Alzheimer’s ရောဂါခံစားနေရသူဖြစ်သောကြောင့် ဇနီးကွယ်လွန်သွားသည်ကို သိရှိဟန်မရကြောင်း မတ်လ ၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့နှင့် ဆေးဘက်ဆိုင်ရာဌာနက ထုတ်ဖော်ပြောကြားသည်။

ရင်ခွဲစစ်ဆေးချက်များအရ ဂျီးန်ဟက်ခ်မန်း၏ အစာအိမ်ထဲတွင် မည်သည့်အစာမှ မတွေ့ရရာ ၎င်းမှာ အစာမစားခဲ့သည်မှာ ရက်အတန်ကြာခဲ့ကြောင်း သိရသည်။

(ထပ်ဆင့်အော်စကာဆုရှင် ဂျီးန်ဟက်ခ်မန်း၏ စံအိမ်))

ဂျီးန်ဟက်ခ်မန်းတို့ ဇနီးမောင်နှံ၏ ကျေးလက်ဟန်စံအိမ်သည် တောင်ကုန်းတစ်ခုထိပ်တွင် တည်ရှိပြီး ခြံအကျယ် ၁၂ ဧကရှိသည်။

စံအိမ်တွင် အိပ်ခန်း ၄ ခန်းပါဝင်ပြီး တောင်တန်းရှုမျှော်ခင်းများကို ၃၆၀ ဒီဂရီ ရှုမြင်ခံစားနိုင်ရာ ကော်လိုရာဒို တောင်တန်းများဆီအထိ ဖြစ်သည်။

Architectural Digest နှင့် ၁၉၉၀ ပြည့်နှစ်အတွင်းက တွေ့ဆုံမေးမြန်းခန်းတွင် ဂျီးန်ဟက်ခ်မန်းက ပြောသည်မှာ နေအိမ်တစ်လုံးကို အသစ်ဆောက်သည်ထက် ပြန်လည်မွမ်းမံရခြင်းကို ပိုမိုသဘောကျကြောင်း ပြောခဲ့ဖူးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Gene Hackman Died One Week After Wife Betsy Arakawa Passed Away in Their $4 Million Home, Officials Claim, as Couple’s Cause of Death Is Revealed

Photo Credit- M.McCarthy/ Express/ Hulton Archive/ Getty Images, WFAA, Google Earth, Kevin Winter/ Getty Images, Fox/ YouTube

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service