စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုကွန်ရက်တွင် ကြေညာ

စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုကွန်ရက်တွင် ကြေညာ - Property News in Myanmar from iMyanmarHouse.com
10 Mar 2025 11:41 am တွင် တင်ခဲ့သည်
2052 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူမှ မိန်းကလေးတစ်ဦးသည် လူမှုကွန်ရက်၏အားကိုးဖြင့် တမူထူးသောနည်းလမ်းသုံးကာ အချစ်ကို ရှာဖွေလာသည်။

မိန်းကလေး၏ အမည်မှာ ဘယ်လာဒိုင်းဖြစ်ပြီး အသက် ၂၉ နှစ်အရွယ်ဖြစ်ကာ ကျန်းမာရေးထုတ်ကုန်နှင့် ဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

ဘယ်လာဒိုင်းက မိမိနှင့် လိုက်ဖက်မည့် ဘဝလက်တွဲဖော်နှင့် မိတ်ဆက်ပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုငွေပေးမည်ဟု ကြေညာထားသည်။

Dating App များ၏ ကြိုတင်မမှန်းဆနိုင်သော သဘောသဘာဝကို စိတ်ပျက်သည့် ဘယ်လာဒိုင်းက သူ၏ လူမှုကွန်ရက်မှ friend များ၏ အကူအညီဖြင့် ရှာဖွေခြင်းမှာ Dating App ထက် မိမိနှင့် ရှေ့သွားနောက်လိုက် ပိုမို လိုက်ဖက်ညီမည့်သူကို ရှာတွေ့နိုင်ကြောင်း ယုံကြည်ထားသည်။

ဘယ်လာဒိုင်းသည် သူ၏ အင်စတာဂရမ်အကောင့်မှတဆင့် ဖေဖော်ဝါရီလအတွင်း ချစ်သူရှာဖွေမှုကို ကြေညာခဲ့ခြင်းဖြစ်သည်။

ဘယ်လာဒိုင်းက ၎င်းလိုချင်သည့် ချစ်သူအမျိုးသား၏ ပုံစံကို စည်းကမ်းသတ်မှတ်ချက်များလည်း ဖော်ပြထားသည်။

((ချစ်သူ စံနှုန်း))

ချစ်သူအမျိုးသားသည် စင်္ကာပူတွင် အခြေချနေထိုင်သူဖြစ်ရမည်ဖြစ်ပြီး အသက် ၂၅ မှ ၄၂ နှစ်ကြားတွင် ရှိသူဖြစ်ရမည် ဖြစ်သည်။

သို့သော် အသက်အရွယ်နှင့် နေရာဒေသတို့ထက် ချစ်သူအမျိုးသားတွင် ရှိရမည့် အရည်အသွေးများကို ပိုမိုအလေးထားကြောင်းလည်း ဘယ်လာဒိုင်းက ပြောသည်။

● မိမိလုပ်ကိုင်သောအလုပ်တွင် ကျွမ်းကျင်သူ ။ အာရုံစူးစိုက်မှုရှိပြီး စည်းကမ်းရှိသူ ● ကျန်းမာရေးအထူးလိုက်စားသူ ● ခက်ခဲစွာ ပြောဆိုဆွေးနွေးမှုများ လုပ်ဆောင်ရဲသည့် သတ္တိရှိသူ ● ဘာသာရေး၊ ကိုးကွယ်ယုံကြည်မှုနှင့် ပတ်သက်ပြီး တံခါးဖွင့်ထားသော စိတ်နှလုံးရှိသူ သို့သော် ဆုငွေနှင့် ပတ်သက်ပြီး သတိပြုရမည့် အချက်တစ်ခုရှိနေသည်။

အချစ်ရေးသက်တမ်း အနည်းဆုံး ၆ လကြာမြင့်မှသာ ဆုငွေပေးမည်ဟု ဆိုသည်။

((လုပ်ငန်းခွင်မှ နည်းလမ်းကို အချစ်ရေးတွင် အသုံးပြုခြင်း))

ဘယ်လာဒိုင်းသည် တရုတ်ပြည်၊ ချန်ဒူးမြို့ဇာတိဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်ကတည်းက စင်္ကာပူတွင် အခြေချနေထိုင်နေခြင်းဖြစ်ကာ ယခုအခါ အမြဲအခြေချနေထိုင်သူ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ယခင်က စက်မှုလုပ်ငန်း ဒီဇိုင်နာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်းတွင် ကျန်းမာရေး နည်းပြဆရာမတစ်ဦး ဖြစ်လာသည်။

သူငယ်ချင်းတစ်ဦးနှင့် စကားစမြည်ပြောရင်း လုပ်ငန်းခွင်မှ နည်းဗျူဟာများကို အချစ်ရေးတွင် အသုံးပြုရန် ဘယ်လာဒိုင်းက ဆုံးဖြတ်ခဲ့သည်။

“ချစ်သူတွဲဖို့အတွက် အခက်ဆုံးအပိုင်းက ရှာဖွေတဲ့အပိုင်းဖြစ်တယ်ဆိုတာ သုံးသပ်မိပါတယ်။ ကျွန်မသူငယ်ချင်းတွေ ဘယ်သူမှ dating app တွေ မသုံးပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ App သုံးသူတွေရဲ့ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်လို့ပါ” ဟု ဘယ်လာဒိုင်းက ရှင်းပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Singapore Woman Offers RM6.6K Bounty To Anyone Who Can Find Her A Life Partner

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service