မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျိုးသမီးတစ်ဦးက ၎င်းဝယ်ယူထားသည့် စာအုပ်များအား အမှတ်တရ လက်မှတ်ရေးထိုးခိုင်းခဲ့ပုံဖြစ်ရပ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား နာမည်ကြီးနေ

မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျိုးသမီးတစ်ဦးက ၎င်းဝယ်ယူထားသည့် စာအုပ်များအား အမှတ်တရ လက်မှတ်ရေးထိုးခိုင်းခဲ့ပုံဖြစ်ရပ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား နာမည်ကြီးနေ - Property News in Myanmar from iMyanmarHouse.com
13 Mar 2025 10:09 am တွင် တင်ခဲ့သည်
655 ကြိမ် ကြည့်ရှု့ပြီး

ဆူလ်တန် နာဇ်ရင် မူဝီဇူဒင် ရှား (Sultan Nazrin Muizzuddin Shah) (မွေး-၁၉၅၆) သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ပြီး မလေးရှား ဒုတိယဘုရင်မင်းမြတ်အဖြစ် ရွေးကောက်ခံထားရသူ ဖြစ်သည်။

ဘုရင်မင်းမြတ် နာမကျန်းဖြစ်ခြင်းကဲ့သို့ ရုတ်တရက်အရေးကိစ္စတစ်ရပ်ကြောင့် တိုင်းပြည်တာဝန်မထမ်းဆောင်နိုင်ချိန်တွင် ဘုရင်၏ တာဝန်များကို လွှဲပြောင်းထမ်းဆောင်ရသည်။

သို့သော် ဘုရင်မင်းမြတ်မရှိလျှင် ဒုတိယဘုရင်သည် အလိုအလျောက် ဘုရင်ဖြစ်မလာချေ။

နောက်ထပ်ဘုရင်သစ်ကို ရွေးကောက်ခြင်းမပြုမီ ယာယီကွပ်ကဲမှုသာ ပြုလုပ်ပေးရသည်။ ဒုတိယဘုရင် နာဇ်ရင်သည် သက်တမ်း ၃ ဆက် တဆက်တည်း ရွေးကောက်ခံရသည့် ပထမဆုံးပုဂ္ဂိုလ်လည်း ဖြစ်သည်။

((စာအုပ်ဆိုင်ထဲက ဒုတိယဘုရင်မင်းမြတ်))

အကယ်၍ သင်သည် မလေးရှားရှိ စာအုပ်ဆိုင်တစ်ခုအတွင်း စာအုပ်ရွေးနေစဉ် သင့်အနီးဝန်းကျင်၌ မလေးရှား၏ ဒုတိယဘုရင်မင်းမြတ်သည်လည်း အေးချမ်းဆိတ်ငြိမ်စွာ စာအုပ်ရွေးနေမှုနှင့် ကြုံကြိုက်ခဲ့ပါက မည်သို့ရှိမည်နည်း။

မလေးရှားနိုင်ငံသူ အမျိုးသမီးတစ်ဦးမှာ ကံကောင်းထောက်မစွာဖြင့် ထိုသို့ ကြုံကြိုက်ခဲ့ရသည်။

မလေးရှားအမျိုးသမီး ဖာတင် နာရှားဇလင် (Fatin Nurshazlin) သည် မလေးရှားအနောက်မြောက်ပိုင်း Perak ပြည်နယ်၏ အကြီးအကဲ၊ မလေးရှား လက်ထောက်ဘုရင်မင်းမြတ်နှင့် စာအုပ်ဆိုင်တွင် ဆုံစည်းခဲ့ပုံကို Threads လူမှုကွန်ရက်တွင် မျှဝေပြောပြခဲ့သည်။

နာရှားဇလင်သည် Kinokunlya အမည်ရှိ စာအုပ်ဆိုင်၏ စီးပွားရေးပညာရပ်ဆိုင်ရာ စာအုပ်စင်တန်းတွင် စာအုပ်ရှာနေစဉ် မလေးရှား ဒုဘုရင်နှင့် ကြုံကြိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်မက တစ်လတာ ဖတ်စရာ စာအုပ်တွေ လိုက်ရှာနေခဲ့တာ ဖြစ်ပါတယ်။ စာအုပ်ရှာပြီးတဲ့အချိန်မှာ သူ့ကို တွေ့လိုက်ရတာ ဖြစ်ပါတယ်။ ကျွန်မနဲ့ဆို ခြေလှမ်းအနည်းငယ်သာ ကွာဝေးပါတယ်”

နိုင်ငံခေါင်းဆောင်တစ်ဦး အစောင့်အကြပ်များ မပါဘဲ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စာအုပ်များတွင် စီးမျောနေပုံကို တွေ့လိုက်ရချိန်တွင် ရုက်တရက် ကြက်သေသေသွားမိကြောင်း နာရှားဇလင်က ပြောသည်။

“အစောင့်အကြပ်တွေ မပါဘဲ…တော်ဝင်ကိန်းကြီးခမ်းကြီးတွေ မပါဘဲ စာအုပ်တွေကြား ထောင့်တစ်နေရာလေးမှာ ဆူလ်တန်တစ်ပါးကို စိတ်အေးလက်အေး စာအုပ်ရှာနေတာ တွေ့ရလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာ မဟုတ်ပါဘူး”

ထိုသို့ ဆုံစည်းမှုတွင် ပိုမိုထူးကဲသည့်ဖြစ်ရပ်တစ်ခု ရှိလာသည်။

မလေးရှား လက်ထောက်ဘုရင်မင်းမြတ်က နာရှားဇလင် ဝယ်ယူထားသော စာအုပ်များကို အေးချမ်းကြည်လင်စွာဖြင့် အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ခြင်း ဖြစ်၏။

(▲ ဓာတ်ပုံ-Fatin Nurshazlin/ Threads)

နာရှားဇလင်နှင့် လက်ထောက်ဘုရင်မင်းမြတ်တို့ ဆုံစည်းမှုမှာ သာမန်ကိစ္စလေးတစ်ခုမျှသာဖြစ်သော်လည်း အလွန်တာသွားသော ကိစ္စရပ်ဖြစ်သည်။

ယခုဖြစ်ရပ်၏ ထူးခြားမှုမှာ မည်သို့သော ပုဂ္ဂိုလ်နှင့် ဆုံစည်းခဲ့ရသည်ဆိုခြင်းမျှသာမဟုတ်။

အဆိုပါ ခေါင်းဆောင်မှာ အသိပညာကို တန်ဖိုးထားသူ၊ ဘဝတစ်သက်တာလုံး လေ့လာဆည်းပူးနေခြင်းကို လက်ခံအားပေးသူ၊ ဟိတ်ကြီးဟန်ကြီးမရှိ နှိမ့်ချတတ်သော ခေါင်းဆောင်ဖြစ်နေခြင်းမှာ အဓိကထူးခြားချက်တစ်ခု ဖြစ်သည်။

နာရှားဇလင်က လူမှုကွန်ရက်တွင် သူ၏အတွေ့အကြုံကို ရေးသားဖော်ပြခဲ့မှုမှာ မလေးရှား လူမှုကွန်ရက်သုံးစွဲသူတို့အကြား ပျံ့နှံ့ကျော်ကြားသွားခဲ့သည်။

နာရှားဇလင်၏ ပို့စ်ကို ဖတ်ရှုရသော မလေးရှားနိုင်ငံသားများစွာက စာအုပ်စာပေချစ်မြတ်နိုးသော ဒုဘုရင်နှင့် ၎င်းတို့လည်း မည်သို့မည်ပုံ ဆုံစည်းခဲ့ဖူးကြောင်း မှတ်ချက်ပြု ပြောပြကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: “I’m honoured, Tuanku” - M’sian woman spots Sultan Nazrin at Kinokuniya, signs her books Photo Credit- Fatin Nurshazlin/ Threads

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service