တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ နာရီခန့် အချိန်ယူကာ အမှိုက်ပုံထဲမှ တစ်ရွက်ချင်း လိုက်ကောက် ပေးခဲ့ရပုံ

တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ နာရီခန့် အချိန်ယူကာ အမှိုက်ပုံထဲမှ တစ်ရွက်ချင်း လိုက်ကောက် ပေးခဲ့ရပုံ - Property News in Myanmar from iMyanmarHouse.com
10 Mar 2025 9:28 am တွင် တင်ခဲ့သည်
1420 ကြိမ် ကြည့်ရှု့ပြီး

တောင်ကိုရီးယားနိုင်ငံတွင် အမျိုးသမီးတစ်ဦးသည် သားဖြစ်သူကို ခွဲစိတ်ကုသပေးရန် စုဆောင်းထားသော ဝမ်ငွေ ၂၆ သန်း (ကန်ဒေါ်လာ ၁၈၀၀၀) အား အမှိုက်များနှင့်အတူ မတော်တဆ လွှင့်ပစ်ခဲ့မိသည်။

စည်ပင်သာယာရေးဌာနက ဝန်ထမ်းများက အမှိုက်ပုံကြီးအတွင်း နာရီပေါင်းများစွာ ဝိုင်းဝန်းရှာဖွေပေးခဲ့ကြကာ အပြန်အလှန်အနေဖြင့် မည်သည့်အရာမှ အကျိုးခံစားခွင့် မတောင်းခံခဲ့ကြ။

ဝမ် ၂၆ သန်းကို လွှင့်ပစ်မိသော အမျိုးသမီးကြီးမှာ အသက် ၆၀ ကျော်အရွယ်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၊ Sejong မြို့တွင် နေထိုင်သူ ဖြစ်သည်။

မြို့မှ အရာရှိတို့က ပြောသည်မှာ ဖေဖော်ဝါရီလ ၂၄ ရက်၊ မနက် ၁၀ နာရီခန့်တွင် ထိတ်လန့်တုန်လှုပ်နေသည့် အသံဖြင့် ဖုန်းဆက်လာသူတစ်ဦးရှိကြောင်း ပြောသည်။

အဆိုပါ ဖုန်းဆက်သွယ်မှုကို အစိုးရဝန်ထမ်းတစ်ဦးဖြစ်သူ Kang Hyun-kyu က လက်ခံဖြေကြားပေးခဲ့ခြင်း ဖြစ်သည်။

ဖုန်းခေါ်ဆို ဆက်သွယ်သူမှာ စည်ပင်ရုံးအနီး လူနေတိုက်ခန်းတစ်ခုတွင် နေထိုင်သော အမျိုးသမီးကြီးတစ်ဦး ဖြစ်သည်။

၎င်းက ပြောပြသည်မှာ အိမ်ရာရှိ အမှိုက်စွန့်ပစ် စက်ထဲသို့ ငွေထုပ်ကို မှားယွင်းလွှင့်ပစ်ခဲ့မိသည်ဟု ဆိုသည်။

တောင်ကိုရီးယားရှိ လူနေအိမ်ရာအချို့တွင် အမှိုက်စွန့်ပစ် စနစ်တစ်ခုရှိသည်။

အမှိုက်ထုပ်များကို ဖုန်စုပ်စက်ကဲ့သို့ စုပ်ယူလိုက်ပြီး မြေအောက်ပိုက်လိုင်းမှတဆင့် ဗဟိုအမှိုက်ချေဖျက်သည့် နေရာသို့ ပို့ဆောင်ပေးလိုက်သည်။

ထိုအခါ မေးခွန်းဖြေကြားပေးသူ Kang Hyun-kyu က အဆိုပါအမှိုက်ကို process မလုပ်စေရန် ရပ်တန့်ပေးထားခဲ့သည်။

အမျိုးသမီးကြီးသည် အမှိုက်များကို ခြေဖျက်သည့် ဗဟို waste processing နေရာသို့ ကတိုက်ကရိုက် သွားရောက် ကြည့်ရှုခဲ့ရာ များစွာစိတ်ပျက်သွားခဲ့ရသည်။

၂၄ တန်ခန့်ရှိသော တောင်လိုပုံနေသည့် အမှိုက်ပုံကြီးကို တွေ့လိုက်ရပြီး သူ၏ အမှိုက်ထုပ်မှာ ကောက်ရိုးပုံအတွင်းရောက်ရှိသွားသည့် အပ်တစ်စင်းသဖွယ် ဖြစ်သွားသည်။

ထို့ကြောင့် လက်မြှောက်အရှုံးပေးရတော့မည့် အခြေအနေတွင် သူ၏ အဖြစ်ကိုသိရှိသွားကြသော စည်ပင်ဝန်ထမ်းများက ကူညီရှာဖွေပေးမည်ဟု ပြောလာကြသည်။

အမှိုက်ပုံးအတွင်းထည့်လိုက်သည့် သူ၏ ပိုက်ဆံများမှာ ကြီးမားလှသည့် အမှိုက်ပုံကြီးအတွင်း ပြန့်ကျဲထွက်သွားသည်ဖြစ်ရာ စည်ပင်ဝန်ထမ်းများမှာ တစ်ရွက်ချင်း ဂရုတစိုက် လိုက်ရှာရသည်။

သို့သော် စည်ပင်ဝန်ထမ်းတို့က တတ်နိုင်သမျှ ကောက်ယူပေးမည်ဟု ဆုံးဖြတ်ထားကြသည်။

စည်ပင်ဝန်ထမ်းတို့မှာ အမှိုက်များကို မွှေနှောက်ပြီး လိုက်ရှာကြရသည်။

တစ်နေရာတွင်ကား စည်ပင်ဝန်ထမ်းတစ်ဦးက ဝမ် ၅၀၀၀၀ တန် တစ်ရွက်တွေ့ပြီဖြစ်ကြောင်း အော်ပြောသည်။

ခေတ္တအကြာတွင် အခြားဝန်ထမ်းတစ်ဦးကလည်း ၁၀၀၀၀ တန် ငွေစက္ကူများတွေ့ကြောင်း အော်ပြောသည်။

သို့နှင့် ၎င်းတို့ ဆက်လက်ရှာဖွေကြသည်။

၈ နာရီခန့် ရှာဖွေပြီးချိန်တွင် ဝမ်ငွေ ၁၈ ဒသမ ၂၈ သန်း ပြန်လည်တွေ့ရှိခဲ့ပြီး ကျန်ငွေများမှာမူ ပျောက်ဆုံးခြင်း (သို့မဟုတ်) ဖျက်ဆီးခံလိုက်ရခြင်းဖြစ်နိုင်ကြောင်း အရာရှိတို့က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: South Korea govt workers search through trash for eight hours to find woman’s lost money

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service