မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သန်း ထီဆုကြီးကံထူး၊ နွမ်းပါးချို့တဲ့သော ကျောင်းသားများကို ထောက်ပံ့ကူညီ မည်ဟုဆို

မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သန်း ထီဆုကြီးကံထူး၊ နွမ်းပါးချို့တဲ့သော ကျောင်းသားများကို ထောက်ပံ့ကူညီ မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
12 Mar 2025 10:35 am တွင် တင်ခဲ့သည်
571 ကြိမ် ကြည့်ရှု့ပြီး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် နေထိုင်သော အငြိမ်းစားကျောင်းဆရာကြီးတစ်ဦး ရင်းဂစ် ၆ ဒသမ ၇ သန်း ထီဆုကြီး ကံထူးသွားသည်။

ဆရာကြီးက ကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်နှင့် ၎င်းတို့ယခင်နေထိုင်ခဲ့သော အိမ်နံပါတ်ဟောင်းတို့ကို ထီထိုးကံစမ်းခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော ဒီဇင်ဘာ ၂၉ ရက်က မလေးရှားနိုင်ငံတဝန်းတွင် Da Ma Cai Jackpot ဆုများနှုင့် Bonus ဆုပေါင်းများစွာကို လူအများအပြားကံထူးခဲ့ကြရာ စုစုပေါင်း ဆုကြေးငွေ ရင်းဂစ် ၉ ဒသမ ၀၄ သန်းဖိုး ရှိခဲ့သည်။

အငြိမ်းစားကျောင်းဆရာကြီးသည် 1+3D Jackpot ဆုကြီး ကံထူးခဲ့ရာတွင် ဆုငွေ ရင်းဂစ် ၆၇၇၇၈၀၇ ရရှိခဲ့သည်။

ဆရာကြီးက ရရှိလာသောဆုငွေကို မိသားစုနေအိမ် ပြန်လည်ပြင်ဆင်ရာတွင် အသုံးပြုမည့်အပြင် ဆင်းရဲနွမ်းပါးသော ကျောင်းသားများအတွက် ရန်ပုံငွေတစ်ရပ် ထူထောင်ထားမည်ဟု ပြောသည်။

“ပညာရေးဟာ တစ်ဦးချင်းစီအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့အပြင် လူ့အသိုက်အဝန်းရဲ့ သာယာဝပြောမှုကို မြင့်တက်စေမှာဖြစ်တယ်လို့ ကျောင်းဆရာတစ်ဦးအနေနဲ့ ယုံကြည်ပါတယ်”

“ကလေးတိုင်းဟာ အရည်အသွေးမြင့်တဲ့ပညာဆည်းပူးဖို့ ထိုက်တန်ပါတယ်။ ဒီအတွက် ပံ့ပိုးသွားဖိို့ ကျွန်တော် ကတိပြုပါတယ်” ဟု အငြိမ်းစားဆရာကြီးက ထီဌာနသို့ ပြောသည်။

ဆလန်ဂေါပြည်နယ်၊ ပူချွန်မြို့တွင် နေထိုင်သူတစ်ဦးသည်လည်း 1+3D Jackpot ဆုကြီး ကံထူးခဲ့သည်။

ပူချွန်မြို့သား ကံထူးသူမှာမူ ကလေးများ၏ မွေးနေ့များနှင့် လရာသီဖွားကာလတို့ကို ကံစမ်းခဲ့ခြင်းဖြစ်ပြီး 3+3D Bonus ၏ ပထမဆု ကံထူးခဲ့ရာ ရင်းဂစ် ၁၀၇၁၁၄၆ ရရှိသွားသည်။

ကွာလာလမ်ပူမြို့၏ တောင်ဘက်ရှိ Port Dickson မြို့နေ မိသားစုစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးသည်လည်း 3D Jackpot ဆုကြီး ကံထူးခဲ့ရာ ရင်းဂစ် ၈၇၁၅၀၆ ရရှိခဲ့သည်။

၎င်းကမူ အိပ်မက်အရ ထီထိုးခဲ့ခြင်းဖြစ်ပြီး အိပ်မက်ထဲတွင် ကျယ်ပြောသော ပင်လယ်ပြင်ကြီး၏ အထက်ကောင်းကင်ဆီတွင် ကိန်းဂဏန်း နံပါတ်များကို တွေ့မြင်ခဲ့ခြင်း ဖြစ်သည်။

“ထီပေါက်လာတဲ့ငွေနဲ့ ကာလကြာရှည် စိတ်ကူးခဲ့တဲ့ မိသားစုအပန်းဖြေခရီးသွားဖို့ စီစဉ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Retiree hits RM6.7 million jackpot, pledges to help underprivileged students

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ

ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း

ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service