(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ - Property News in Myanmar from iMyanmarHouse.com
3 Mar 2025 10:57 am တွင် တင်ခဲ့သည်
657 ကြိမ် ကြည့်ရှု့ပြီး

ရှာရွတ်ခန်သည် ယခုနှစ်ကုန်ပိုင်းတွင် သူ၏ မာန်နတ်စံအိမ်ကြီးမှ ထွက်ခွာရန် စီစဉ်လျက်ရှိပြီး အနည်းဆုံး ၂ နှစ်ခန့် အိမ်သို့ပြန်လာမည် မဟုတ်ချေ။

အဘယ်ကြောင့် ထိုသို့ နေအိမ်မှ ထွက်ခွာရသည့်အကြောင်းကို အောက်တွင် ဆက်လက်ဖော်ပြထားပါသည်။

ရှာရွတ်ခန် နေထိုင်သော မာန်နတ်စံအိမ်ကြီးသည် မွမ်ဘိုင်းမြို့၏ tourist attraction နေရာများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

(ဆက်စပ်သတင်း)

ဘောလိဝုဒ်ကြယ်ပွင့် ရှာရွတ်ခန် နေထိုင်သော မာန်နတ်အမည်ရှိ စံအိမ်ကြီး

https://www.imyanmarhouse.com/news/read/1006444

မာန်နတ်စံအိမ်ကြီးသည် မွမ်ဘိုင်း၏ နာမည်ကျော် ကမ်းခြေလူလျှောက်လမ်းဖြစ်သော Bandra Bandstand တွင် တည်ရှိပြီး သူ၏အိမ်ရှေ့တွင် နေ့စဉ် selfie လာရိုက်သော ပရိသတ်များ ရာပေါင်းများစွာရှိသည်။

ရှာရွတ်ခန်တို့ မိသားစုသည် အဆိုပါစံအိမ်ကြီးတွင် နေထိုင်ခဲ့သည်မှာ ၂၅ နှစ်ကျော် ရှိခဲ့ပြီ ဖြစ်သည်။

ရှာရွတ်ခန်တို့ မိသားစုသည် ယခုနှစ်ကုန်ပိုင်းတွင် မာန်နတ်စံအိမ်ကြီးမှ ထွက်ခွာကာ တိုက်ခန်းတစ်ခုတွင် သွားရောက်နေထိုင်ကြမည် ဖြစ်သည်။

ထိုသို့ ပြောင်းရွှေ့ရခြင်း၏ အကြောင်းရင်းမှာ သူ၏ မာန်နတ်စံအိမ်ကြီးကို ပြန်လည်ပြုပြင်မွမ်းမံမှုများ ကြီးမားစွာ လုပ်ဆောင်မည်ဖြစ်သောကြောင့် ဖြစ်သည်။

(▲ရှာရွတ်ခန်သည် မွမ်ဘိုင်းမြို့ Bandra အရပ်ရှိ မာန်နတ်စံအိမ်ကြီးတွင် အခြေချနေထိုင်နေသည်မှာ ၂၅ နှစ်ကျော် ရှိခဲ့ပြီ ဖြစ်သည်။)

((မာန်နတ်ကို ကျောခိုင်းခြင်း))

Hindustantimes သတင်းဌာနသို့ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ မာန်နတ်စံအိမ်ကြီးကို လာမည့် မေလတွင် ပြုပြင်မွမ်းမံမှုများ စတင်ပြုလုပ်မည်ဟု ဆိုသည်။

ရှာရွတ်ခန်က မာန်နတ်စံအိမ်ကြီးကို ချဲ့ထွင်ရန်အတွက် တရားရုံးတွင် တင်ပြထားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

မာန်နတ်သည် သမိုင်းဝင်အဆောက်အအုံအဖြစ် Grade III အဆင့် သတ်မှတ်ခံထားရသောကြောင့် အဆောက်အအုံ၏ structural အပြောင်းအလဲများ ပြုလုပ်လိုပါက အစိုးရထံမှ ခွင့်ပြုချက်တောင်းခံပြီးမှသာ လုပ်ဆောင်နိုင်ခွင့် ရှိသည်။

ယခုအခါ လာမည့်လအနည်းငယ်အတွင်း ပြုပြင်ဆောက်လုပ်မှု လုပ်ငန်းများ စတင်တော့မည်ဖြစ်ပြီး ရှာရွတ်ခန်တို့မိသားစုမှာ နေရာသစ်တွင် ပြောင်းရွှေ့နေထိုင်မည် ဖြစ်သည်။

((ရှာရွတ်ခန်၏ နေရာသစ်))

ရှာရွတ်ခန်၊ ဇနီးဖြစ်သူ ဂေါရီခန်း၊ ကလေးများဖြစ်သော အာယန်၊ ဆူဟာနာနှင့် အက်ဘ်ရမ်းတို့သည် Bandra အရပ်၊ Pali Hill ရှိ luxury တိုက်ခန်းအဆောက်အအုံသို့ ပြောင်းရွှေ့ရန် စီစဉ်နေသည်။

Pali Hill တွင် ရှာရွတ်ခန်က duplex ခန်း ၂ ခန်း ငှားရမ်းထားသည်။

ပထမ duplex ခန်းကို ရုပ်ရှင်သရုပ်ဆောင် Jacky Bhagnani နှင့် ညီမဖြစ်သူ Deepshikha Deshmukh တို့ထံမှ အိမ်လခ တစ်လလျှင် ရူပီး ၁၁ ဒသမ ၅၄ သိန်း၊ စပေါ်ငွေ ရူပီး ၃၂ ဒသမ ၉၇ သိန်းပေးကာ ၃၆ လ ငှားရမ်းခဲ့ခြင်းဖြစ်သည်။

ဒုတိယ duplex ၏ ပိုင်ရှင်မှာ ရုပ်ရှင်ထုတ်လုပ်သူ Vashu Bhagnani ဖြစ်ပြီး တစ်လလျှင် ရူပီး ၁၂ ဒသမ ၆၁ သိန်း၊ စပေါ်ငွေ ရူပီး ၃၆ သိန်းဖြင့် ၃ နှစ်ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

(ဆက်စပ်သတင်း)

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေနီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း

https://www.imyanmarhouse.com/news/read/1139914

သတင်းရင်းမြစ်တို့၏ ပြောကြားချက်များအရ အဆိုပါ အထပ် ၄ ထပ်တွင် ရှာရွတ်ခန်၏ မိသားစု သာမကဘဲ လုံခြုံရေးနှင့် ၎င်းတို့၏ ဝန်ထမ်းအချို့ပါ နေထိုင်ကြမည်ဟု ဆိုသည်။

“နေရာသစ်ဟာ သူ့ရဲ့ မာန်နတ်လောက်တော့ ကျယ်ကျယ်ဝန်းဝန်း မရှိပေမယ့် လုံခြုံရေးနဲ့ ဝန်ထမ်းတချို့နေထိုင်ဖို့တော့ နေရာရှိပါတယ်။” ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။

လူနေတိုက်ခန်း ကွန်ပလက်စ်ကဲ့သို့နေရာမျိုးတွင် ရှာရွတ်ခန်က ၎င်းနှင့် မိသားစုအတွက် လုံခြုံရေးနှင့် privacy ရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရင်းမြစ်တို့က ပြောသည်။

Business Standard ၏ ဖော်ပြချက်အရ ရှာရွတ်ခန် ငှားရမ်းလိုက်သော duplex ၂ ခန်းမှာ ပထမထပ်၊ ဒုတိယထပ်၊ ၇ ထပ်နှင့် ၈ ထပ်တို့တွင် ဖြန့်ကျက်တည်ရှိသည်ဟု ဆိုသည်။

ထိုအခန်းများကို ၃ နှစ်စာချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်သည်။

ရှာရွတ်ခန်သည် ထိုအခန်းများတွင် အချိန်မည်မျှနေထိုင်မည်ကို အတိအကျမသိရချေ။ သို့သော် သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ မာန်နတ်ကို ပြန်လည်မွမ်းမံမှုမှာ အနည်းဆုံး ၂ နှစ်ခန့် ကြာမြင့်မည်ဟု ဆိုသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ် (၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Shah Rukh Khan to live in rented flat in Bandra for ₹24 lakh per month as he leaves Mannat with family; here's why Photo Credit-hindustantimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service