အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ - Property News in Myanmar from iMyanmarHouse.com
28 Feb 2025 10:54 am တွင် တင်ခဲ့သည်
902 ကြိမ် ကြည့်ရှု့ပြီး

အိန္ဒိယနိုင်ငံတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးသည် စာမေးပွဲချိန် အလွန်နီးကပ်နေသောကြောင့် သမားရိုးကျ မဟုတ်သော သယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခုဖြင့် ကျောင်းသို့ အရောက်သွားခဲ့ပုံမှာ အိန္ဒိယ လူမှုကွန်ရက်သုံးစွဲသူတို့ကြား နာမည်ကြီးနေသည်။

မဟာရပ်ရှ်တရာပြည်နယ်၊ Pasarni မြို့ရှိ စာမေးပွဲခန်းရှိရာသို့ လမ်းပိတ်သော ကားလမ်းမှ သွားပါက အချိန်မမီနိုင်တော့သောကြောင့် အဆိုပါကျောင်းသားက စက်တပ်လေထီး (paragliding) ဖြင့် သွားရန် ဆုံးဖြတ်ခဲ့သည်။

X လူမှုကွန်ရက်တွင် ဂယက်ရိုက် ပျံ့နှံ့နေသော ဗွီဒီယိုဖိုင်တစ်ခုတွင် စာမေးပွဲခန်းရှိရာသို့ အဝါရောင် စက်တပ်လေထီးကို စီးကာ သွားနေသည့် တက္ကသိုလ်ကျောင်းသားအား တွေ့ရသည်။

Times of India သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါတက္ကသိုလ်ကျောင်းသား၏ အမည်မှာ ဆမ်မာ့ မဟမ်ဂဒီဖြစ်ပြီး အအေးဆိုင်လေးတစ်ခု ဖွင့်ထားသည်။

အဆိုပါဆိုင်တွင် ဈေးရောင်းနေစဉ် သူ၏ တက္ကသိုလ်ကျောင်းသားသူငယ်ချင်းများက စာမေးပွဲရက်ရွှေ့ထားပြီး စောကာ ပြုလုပ်မည်ဟု ရုတ်တရက်အကြောင်းကြားလာသည်။

၎င်းတို့ အကြောင်းကြားသည့်နေ့တွင် စာမေးပွဲကျင်းပတော့မည်ဖြစ်ပြီး မဟမ်ဂဒီမှာ သူ၏ အအေးဆိုင်တွင် ဈေးရောင်းနေချိန် ဖြစ်သည်။

မဟမ်ဂဒီက ပြောသည်မှာ မိမိ၏ စာမေးပွဲအချိန်စာရင်းမှာ အဟောင်းဖြစ်နေပြီး သူငယ်ချင်းများ၏ ပြောကြားမှသာ ရက်ရွှေ့လိုက်သည်ကို သိရကြောင်း ပြောသည်။

စာမေးပွဲခန်းမှာ သူ၏ဆိုင်မှ ၁၅ ကီလိုမီတာခန့်ဝေးကွာသည်။

အဆိုပါ လမ်းကြောတွင် လမ်းပြင်နေသောကြောင့် ယာဉ်လမ်းကြောလည်း ပိတ်နေသည်။

ထို့ကြောင့် ကောင်းကင်မှ သွားရန် ဆုံးဖြတ်ကာ အနီးဝန်းကျင်တွင်ရှိသော စက်တပ်လေထီးကျွမ်းကျင်သူ တစ်ဦးထံ အကူအညီတောင်းခဲ့သည်။

မဟမ်ဂဒီ၏ တောင်းဆိုမှုကို ကနဦးတွင် ထိုသူက အလွန်အံ့အားသင့်သွားခဲ့သည်။

သို့သော် ဤလူငယ်သည် စာမေးပွဲမလွတ်စေရန် မည်သည့်အရာကိုမဆို လုပ်မည့်သူဖြစ်ကြောင်း ရိပ်မိသွားချိန်တွင် မဟမ်ဂဒီကို စက်တပ်လေထီး တပ်ဆင်ပေးကာ လေထဲသို့ တက်သွားစေရန် ကူညီပေးခဲ့သည်။

ပုံမှန်အားဖြင့် စာမေးပွဲခန်းသို့ ရောက်ရန် နာရီဝက်ခန့် သွားရမည်ဖြစ်သော်လည်း လေထီးဖြင့် သွားရာတွင် ၅ မိနစ်သာ ကြာမြင့်ခဲ့ပြီး စာမေးပွဲခန်းသို့ အချိန်မီ ရောက်သွားသည်။

စာမေးပွဲခန်းစောင့်သည့်ဆရာက အဖြေလွှာများ စတင်ပေးဝေနေပြီဖြစ်ကာ မဟမ်ဂဒီကို စာမေးပွဲခန်းအတွင်းသို့ ဝင်ခွင့်ပြုခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Student in India late for exam paraglides to centre, arrives in 5 minutes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ

စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ

တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး

စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ

ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ

မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ

DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင

ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ

ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service