အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
27 Feb 2025 11:03 am တွင် တင်ခဲ့သည်
572 ကြိမ် ကြည့်ရှု့ပြီး

ကလေးငယ်အများစုအတွက် စာသင်ကျောင်းဟူသည်မှာ သူငယ်ချင်းများနှင့် ဆော့ကစားခြင်း၊ acitvities များတွင် ပါဝင်ခြင်း အစရှိသည်တို့ဖြင့် စိတ်လှုပ်ရှားဖွယ်အတိပြီးသောနေရာဖြစ်ကာ တစ်သက်တာ မမေ့နိုင်မည့် အမှတ်တရများစွာ ဘဝတွင် စွဲထင်ကျန်နေရစ်မည့် နေရာတစ်ခု ဖြစ်လေသည်။

သို့သော် မသန်စွမ်းကလေးငယ်များအတွက်မူ ကျောင်းတွင် နေ့စဉ်ဖြတ်သန်းရမှုဘဝမှာ စိန်ခေါ်မှုများ ရှိနေနိုင်သည်။

မိမိကိုယ်တိုင် ပါဝင်ဆော့ကစားလိုသော ကစားပွဲများတွင် ဘေးရောက်နေသကဲ့သို့ အမြဲခံစားနေကြရမည် ဖြစ်သည်။

မလေးရှားမှ ကျောင်းဆရာတစ်ဦးကမူ အပြေးပြိုင်ပွဲတွင် မသန်စွမ်းကလေးငယ်တစ်ဦး ပါဝင်နိုင်ရန် စီစဉ်ပေးခဲ့ကာ စိတ်ခွန်အားပေးခဲ့သည့်ဖြစ်ရပ်မှာ ကြားသိရသူတိုင်း၏ နှလုံးသားများကို နွေးထွေးစေခဲ့သည်။

(မှတ်ချက်။ စာရေးဆရာကြီး လယ်တွင်းသားစောချစ်၏ အမျိုးသားစာပေဆုရ ဝတ္ထုကြီးဖြစ်သော ပန်းမြိုင်လယ်မှ ဥယျာဉ်မှူးတွင် ၎င်းကျောင်းဆရာဘဝက ချိုင်းထောက်ဖြင့် လမ်းလျှောက်ရသည့် မသန်စွမ်းကလေးငယ်တစ်ဦးကို အပြေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့ပုံ ရေးသားဖော်ပြခဲ့ဖူးသည်))

အဆိုပါဖြစ်ရပ်ကို မသန်စွမ်းကျောင်းသားလေး၏ မိခင်က ဗွီဒီယိုရိုက်ကူးကာ Adeela Shakila ဟူသောအမည်ဖြင့် TikTok လူမှုကွန်ရက်တွင် မျှဝေခဲ့ရာ ပျံ့နှံ့ဂယက်ရိုက်သွားသည်။

ဗွီဒီယိုတွင် တွေ့မြင်ရမှုအရ ကျောင်းသားကလေးငယ်အုပ်စုတစ်စု အပြေးပြိုင်ပွဲဝင်နေကြရာ ၎င်းတို့အကြားတွင် ဖိုင်ရပ်စ်အမည်ရှိ ကျောင်းဆရာတစ်ဦးက အာဒမ်အမည်ရှိ ကလေးငယ်ကို wheelchair တွင် တင်ကာတွန်းရင်း ပါဝင်အပြေးပြိုင်နေသည်ကို တွေ့ရသည်။

အပြေးပြိုင်ပွဲ၏ လမ်းဘေးတစ်နေရာတွင် မတ်တပ်ရပ်ကာ ကြည့်ရှုနေသော အာဒမ်၏ မိခင်ဖြစ်သူကို ကျောင်းဆရာက လက်ပြသွားပုံကို တွေ့ရသူများမှာ ကရုဏာရသကို ခံစားကြရသည်။

အာဒမ်၏ မျက်နှာလေးမှာ လပြည့်ည၏ လမင်းကြီးသဖွယ် ဝင်းပနေပြီး တက်ကြွပျော်ရွှင်နေပုံကို အတိုင်းသား တွေ့ရသည်။

အာဒမ်၏ အပြုံးမှာ သူ၏ ဘဝတလျှောက်လုံး နာကျင်ဖွယ်ရာ ဖယ်ကျဉ်ခံထားရသော ပွဲလမ်းမျိုးတွင် ပါဝင်ခွင့်ရသည့် ရှားပါးသောဖြစ်ရပ်ကြောင့် ဝမ်းမြောက်ပီတိဖြစ်မှုကို လှစ်ဟပြသနေသည်။

အာဒမ်၏ မိခင်က ပြောသည်မှာ “ဒီနေ့ဟာ အာဒမ်ရဲ့ဘဝမှာ အမျှော်လင့်ခဲ့ဆုံးနေ့ပါပဲ။ သူ့ဘဝရဲ့ ပထမဆုံး အတွေ့အကြုံဖြစ်တာကြောင့် ကလေးက အရမ်းကို ပျော်နေရှာတယ်။” ဟု ဆိုသည်။

“သူ ဖြတ်သွားတဲ့အချိန်မှာ ကျွန်မအရမ်းကို ဝမ်းမြောက်ပီတိဖြစ်ပြီး စိတ်တွေအရမ်းလှုပ်ရှားနေလို့ သူ့အတွက် အော်ဟစ်အားပေးတာတောင် မလုပ်လိုက်မိဘူး။ အရင်က သူဟာ ဘယ်လိုအားကစားလှုပ်ရှားမှုတွေမှာမှ ပါဝင်ခွင့်မရှိခဲ့ဘူးလေ။ သူ့သူငယ်ချင်းတွေ ကစားနေတာကို ဘေးကပဲ ကြည့်ခဲ့ရရှာတာ”

“ဒီလို ပေးဆပ်ခဲ့မှု၊ ကလေးကို အခွင့်အလမ်းပေးမှု၊ အဒမ်လေးကို စိတ်လိုလက်ရ လိုက်တွန်းပေးမှုတွေအတွက် ဆရာ ဖိုင်ရပ်စ်ကို ကျေးဇူးတင်ပါတယ်ရှင်။ ဒီလို အကြင်နာတရားအတွက် ဘုရားသခင်ကပဲ ပြန်ပြီး ကျေးဇူးဆပ်နိုင်ပါလိမ့်မယ်”

ယခုပွဲမှာ အာဒမ်အတွက် အပြေးပြ်ိုင်ပွဲတစ်ခုဆိုသည်ထက် ပိုသည်။

အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာသည့် ဖြစ်ရပ်လည်း ဖြစ်သည်။

ကျောင်းဆရာ ဖိုင်ရပ်စ်က ဤပွဲတွင် အာဒံ ဘေးထွက်မနေရစေရန်၊ ဖယ်ကျဉ်မခံရစေရန်၊ အခြားကလေးများ နည်းတူ အပြေးပြိုင်ပွဲကို ကိုယ်တိုင်ပါဝင်ခွင့်ရသည့် ပျော်ရွှင်မှုကို ခံစားနိုင်စေရန် ကိုယ်တိုင်လှည်းတွန်းပေးကာ ကူညီပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် လျင်မြန်စွာ ပျံ့နှံသွားကာ ဆရာဖိုင်ရပ်စ်၏ အကြင်နာတရားကို ကောင်းချီး ထောမနာ ပြုကြသည်။

ADHA SHAMSURY အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက “ဆရာဖိုင်ရပ်စ်တစ်ယောက် ကားစီးတိုင်း မီးပွိုင့်တွေ အမြဲစိမ်းပါစေ။ ပိုက်ဆံအိတ်ထဲမှာ ရင်းဂစ် ၅၀ တန်တွေ အပြည့် အမြဲရှိနေပါစေ။ ကားရပ်တဲ့ နေရာတိုင်း အရိပ်ရပါစေ။ အရေးကိစ္စတိုင်း လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ပြီးမြောက်ပါစေ”ဟု မှတ်ချက်ပြုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: M’sian teacher runs with disabled student in race, moves netizens Photo Credit: TikTok/@adeelashakila

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service