အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ် - Property News in Myanmar from iMyanmarHouse.com
26 Feb 2025 10:18 am တွင် တင်ခဲ့သည်
686 ကြိမ် ကြည့်ရှု့ပြီး

အင်္ဂလန်နိုင်ငံ၊ အောက်စ်ဖို့ဒ်ရှိုင်းယားခရိုင်၊ Woodstock မြို့တွင် Blenheim Palace အမည်ရှိ ကျေးလက်စံအိမ်တော်ကြီးတစ်ခု တည်ရှိပြီး ယခင်က Blenheim ရဲတိုက်ဟုခေါ်ကြသည်။

ရှေးယခင်ကမူ နယ်စားကြီးများ ရုံးထိုင်ရာ နေရာဖြစ်ခဲ့ပြီး ယနေ့ကာလတွင်မူ ပြတိုက်တစ်ခုအဖြစ် ပြောင်းလဲထားသည်။

Blenheim အိမ်တော်သည် ဒုတိယကမ္ဘာစစ်ကြီးကို အနိုင်တိုက်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ မွေးဖွားရာနေရာဖြစ်သည်။

အဆိုပါအိမ်တော်တွင် ထားရှိသော ရွှေအိမ်သာကြီးမှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်က ခိုးယူခံလိုက်ရကြောင်း အစိုးရရှေ့နေတစ်ဦးက တရားသူကြီးတို့အား ပြီးခဲ့သော တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၄) က ပြောသည်။

ထိုဖြစ်ရပ်မှာ ရဲတင်းလွန်းသည့်လုပ်ရပ်ဖြစ်ကြောင်း ရှေ့နေ ဂျူလီယန် ခရစ္စတိုဖာက အောက်စ်ဖို့ရှိ တရားရုံးတွင် ပြောသည်။

ရွှေအိမ်သာ ခိုးယူမှုတွင် ပါဝင်ပတ်သက်သော အမျိုးသား ၃ ဦးအနက် တစ်ဦးမှာ ခိုးယူခဲ့သူဖြစ်ပြီး ကျန် ၂ ဦးမှာ တစ်စစီဖြတ်ကာ ကူညီရောင်းချပေးခဲ့သူများဖြစ်သည်။

ရွှေအိမ်သာကို ပြန်လည်သိမ်းဆည်းရယူနိုင်ခြင်း မရှိတော့ချေ။

တစ်စစီ ဖြတ်တောက်ကာ ရောင်းချခဲ့ကြသည်ဟု ယူဆရသည်။

အဆိုပါ ရွှေအိမ်သာကြီးကို အီတလီမှ ပန်းချီပညာရှင်တစ်ဦးဖြစ်သူ Maurizio Cattelan က ဖန်တီးခဲ့ခြင်းဖြစ်သည်။

ရွှေအိမ်သာ၏ အလေးချိန်မှာ ၂၁၅ ပေါင် ( ၅၉ ဒသမ ၇ ပိဿာ) ရှိကာ ပေါင် ၄ ဒသမ ၈ သန်း (ကန်ဒေါ်လာ ၆ သန်း) ဖြင့် အာမခံ ထားထားသည်ဟု ဆိုသည်။

ခိုးယူခံရချိန်က ရွှေဈေးဖြင့် တွက်မည်ဆိုလျှင်ပင် ပေါင် ၂ ဒသမ ၈ သန်း (ကန်ဒေါ်လာ ၃ ဒသမ ၅ သန်း) တန်ကြေးရှိသည်။

အဆိုပါ အိမ်သာကို ယခင်က အမေရိကန်ပြည်၊ နယူးယောက်မြို့ရှိ The Guggenheim ပြတိုက်တွင် ပြသထားခြင်း ဖြစ်သည်။

ဒေါ်နယ်ထရမ့် ပထမအကြိမ် သမ္မတသက်တမ်း တာဝန်ထမ်းဆောင်စဉ်က အဆိုပါပြတိုက်တွင် ပြသထားသော ဗင်းဆင့်ဗန်ဂိုး၏ Landscape with snow အမည်ရှိ ပန်းချီကားကို အိမ်ဖြူတော်ရှိ သီးသန့်ခန်းတွင် ထားရှိရန် ငှားရမ်းခဲ့ဖူးသည်။

သို့သော် ပြတိုက်တာဝန်ခံက ဗန်ဂိုး၏ ပန်းချီကားကို မငှားရမ်းခဲ့ဘဲ ရွှေအိမ်သာကို ငှားမည်ဟု ထရမ့်ကို အကြောင်းပြန်ခဲ့ဖူးသည်။

ခိုးမှုကျူးလွန်သူဟု သံသယရှိသူ Michael Jones သည် ရွှေအိမ်သာကို မခိုးယူမီတွင် Blenheim အိမ်တော်ကို ၂ ကြိမ်တိုင် လာရောက်စနည်းနာခဲ့သည်။

ရွှေအိမ်သာကို မပြသရသေးမီ တစ်ကြိမ်နှင့် ရွှေအိမ်သာကို အမှန်တကယ်အသုံးပြုနိုင်ရန် တပ်ဆင်ပြသပြီးနောက်ပိုင်း စေ့စေ့စပ်စပ် လေ့လာခဲ့သည့်တစ်ကြိမ်တို့ ဖြစ်သည်။

Blenheim အိမ်တော်တွင် ပြသထားသော ရွှေအိမ်သာကို လာရောက်လည်ပတ်ကြည့်ရှုသူတို့အနေဖြင့် အသုံးပြုလိုပါက စာရင်းပေးသွင်းကာ ၃ မိနစ်အသုံးပြုခွင့်ပေးထားသည်။ လာရောက်စနည်းနာသည့် ၂ ကြိမ်လုံးတွင် Jones က ပြတင်းပေါက်များကို ဓာတ်ပုံရိုက်ယူသွားခဲ့သည်။

နောက်ပိုင်းတွင် အဆိုပါပြတင်းပေါက်မှန်ကိုခွဲကာ Blenheim အိမ်တော်အတွင်း ဝင်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သည် ရွှေအိမ်သာကို ကြမ်းပြင်မှ ခွာယူခဲ့ရာ အိမ်သာပိုက်လိုင်းထဲမှ ရေများ လျှံကျကုန်ကာ ရှေးဟောင်း အဆောက်အအုံအတွင်း ထိခိုက်ပျက်စီးမှုကြီးမားစွာ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ အဆောက်အအုံသည် ၁၈ ရာစုနှစ်ကတည်းက ဆောက်လုပ်ခဲ့သော အဆောက်အအုံဖြစ်ပြီး ယူနက်စကိုအဖွဲ့ကြီးက ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံထားရသည့် နေရာ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Prosecutor says golden toilet was stolen from English palace in ‘audacious raid’

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service