စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ - Property News in Myanmar from iMyanmarHouse.com
21 Feb 2025 10:43 am တွင် တင်ခဲ့သည်
608 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူတွင် အမျိုးသားတစ်ဦးသည် အလုပ်မှ လစာဖြင့်ခွင့် ရရှိရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့ရာ ဒေါ်လာ ထောင်နှင့်ချီ၍ ဒဏ်ရိုက်ခံခဲ့ရသည်။

ချစ်သူမိန်းကလေး၏ သစ္စာဖောက်ခံရသော အဆိုပါ အမျိုးသားသည် အသည်းကွဲကာ အလုပ်ထဲတွင် အာရုံမစိုက်နိုင် ဖြစ်နေသည်။

၎င်းသည် ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုတွင် Analyst တစ်ဦးအဖြစ် လုပ်ကိုင်နေသူ ဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် ဖြစ်သည်။

ထို့ကြောင့် အလုပ်မသွားလိုသဖြင့် လစာဖြင့်ခွင့် ရနိုင်ရန် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည်။

၎င်း၏ အမည်မှာ ဘာရတ် ဂိုပါးဟုဖြစ်ပြီး မွေးစားရင်း၊ သေစာရင်းအက်ဥပဒေအရ လက်မှတ်အတု ပြုလုပ်ကြောင်း ပြစ်မှု ထင်ရှား စစ်ဆေးတွေ့ရှိသောကြောင့် စင်္ကာပူရှိ တရားရုံးက စင်္ကာပူဒေါ်လာ ၄၀၀၀ (ကန်ဒေါ်လာ ၃၀၀၀) ပေးဆောင်စေရန် ဖေဖော်ဝါရီ ၅ ရက်က အမိန့်ချမှတ်ခဲ့သည်။

ဂိုပါးသည် နှစ်စဉ် ခွင့် ၄ ရက် ရရှိပြီး လက်မှတ်အတု ပြုလုပ်သော ကာလက အဆိုပါ ခွင့်ရက်များကို အသုံးပြုနိုင်ကြောင်း တရားရုံးစစ်ဆေးချက်တွင် တွေ့ရှိခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ဂိုပါးက သူ၏ Team မှ ခေါင်းဆောင်ဖြစ်သူကို ပြောခဲ့သည်မှာ ထိုနေ့မနက်တွင် အဘိုးဖြစ်သူ အိပ်နေရင်း ကွယ်လွန်သွားကြောင်း ပြောခဲ့ပြီး ခွင့်ယူရန် တင်ပြခဲ့သည်။

ထို့ကြောင့် ဂိုပါးအား ဆွေမျိုးရင်းခြာနာရေးခွင့်အဖြစ် နိုဝင်ဘာ ၁၀ ရက်အထိ ခွင့် ၃ ရက် ပေးခဲ့သည်။

၎င်းတို့ ကုမ္ပဏီ၏ မူဝါဒအရ အများဆုံးပေးသည့် ခွင့်ရက် ပမာဏ ဖြစ်သည်။

ထိုလကုန်ပိုင်းတွင် ဂိုပါး၏ ကုမ္ပဏီက ၎င်းရယူထားသော ခွင့်ရက်အတွက် အဘိုး၏ သေဆုံးလက်မှတ် ပြသရန် တောင်းခံခဲ့ရသည်။

ထိုအခါ ဂိုပါးက ဖခင်ဖြစ်သူ အိန္ဒိယမှ နိုဝင်ဘာ ၂၇ တွင် ပြန်လာသောအခါမှ သေဆုံးလက်မှတ်ရရှိမည်ဖြစ်ကြောင်း လိမ်ညာထားခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် သူ၏ Team ခေါင်းဆောင်က ဂိုပါးအား နောက်နေ့တွင် သေဆုံးလက်မှတ် တင်ပြရန် ပြောကြားခဲ့သည်။

ထိုအချိန်တွင် ဂိုပါးက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း သေဆုံးခဲ့သော သူငယ်ချင်းတစ်ဦး၏ မိထွေးထံ ဆက်သွယ်ခဲ့သည်။

သူငယ်ချင်း၏ မိထွေးကို ဂိုပါးက ပြောသည်မှာ သူငယ်ချင်း၏ သေဆုံးလက်မှတ် လိုအပ်နေကြောင်း၊ ၎င်း၏ နာရေး သွားနေရသောကြောင့် ရုံးတွင် ခွင့်ယူထားရသည့်အတွက် တင်ပြနိုင်ရန်ဖြစ်ကြောင်း လိမ်ညာ ပြောဆိုခဲ့သည်။

ဂိုပါးက အဆိုပါ သေဆုံးလက်မှတ်၏ Soft Copy တစ်ခု ရရှိခဲ့ပြီး PDF တည်းဖြတ်သည့် App တစ်ခုဖြင့် အချက်အလက်များ ပြောင်းလဲ ပြင်ဆင်ခဲ့သည်။

သူငယ်ချင်း၏ ကိုယ်ရေးအချက်အလက်များ နေရာတွင် အဘိုးဖြစ်သူ၏ အချက်အလက်များဖြင့် အစားထိုးခဲ့သည်။

သေဆုံးရမှု အကြောင်းရင်းဖြင့် နှလုံးရောဂါဟု ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ဂိုပါးက ၎င်းအတု ပြုလုပ်ထားသော သေစာရင်းလက်မှတ်၏ ဓာတ်ပုံ တစိတ်တပိုင်းကို Team ခေါင်းဆောင်ထံ ပေးပို့ခဲ့ပြီး သေစာရင်းလက်မှတ်အောက်တွင် ပါဝင်သော QR Code ကိုမူ ချန်လှပ်ထားခဲ့သည်။

ဂိုပါး၏ Team ခေါင်းဆောင်က လက်မှတ် အပြည့်အစုံ ပေးပို့ရန် တောင်းဆိုခဲ့သည်။

QR Code ရရှိထားပါက လက်မှတ်အတုဖြစ်ကြောင်း အလိမ်ပေါ်တော့မည်ကို သိသောကြောင့် ဂိုပါးက အလုပ်မှ နှုတ်ထွက်စာ တင်ခဲ့သည်။

သေစာရင်း လက်မှတ်အစစ်ဟုတ်မဟုတ် ကုမ္ပဏီမှ စစ်ဆေးခြင်း မပြုနိုင်မီ အလုပ်မှ ထွက်ခွာခဲ့သည်။

စင်္ကာပူတွင် မွေးစာရင်း၊ သေစာရင်းလက်မှတ်များ အတုလုပ်ပါက ၁၀ နှစ်အထိ ထောင်ဒဏ်၊ ဒေါ်လာ ၁၀၀၀၀ အထိ ငွေဒဏ် (သို့မဟုတ်) ၂ မျိုးလုံး ချမှတ်ခံရနိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man Forges Grandparent’s Death Cetificate to Get Time Off from Work

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service