မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ

မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ - Property Knowledge in Myanmar from iMyanmarHouse.com
16 Feb 2025 11:11 am တွင် တင်ခဲ့သည်
451 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဒီအပတ်အတွက်က အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ ဒီအပတ်လေးမှာတော့ အမေးအများဆုံးအိမ်ခြံမြေဥပဒေအမေးအဖြေ (၃)ခုကို တင်ဆက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

 

⚖️မေးခွန်း (၁) - မိဘနှစ်ဦး (ကွယ်လွန်) အမည်ပေါက် အိမ်နှင့်ခြံ (ရန်ကုန်တိုင်း)အား ရောင်းချရန်အတွက် မြေပုံမြေရာဇဝင်လျှောက် ထားလိုပါ၍ ကျန်ရစ်ခဲ့သော သားသမီးများမှ လျှောက်ထားလို့ ရပါသလား။

ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးကော်မတီထံတွင် မြေပုံ / မြေရာဇဝင် ကူးယူခြင်းအမျိုးမျိုးရှိရာ အဆောက် အဦဆောက်လုပ် ပြင်ဆင်ရန်၊ အရောင်းအဝယ်စာချုပ်၊ အမွေဆက်ခံစာချုပ်၊ ဘဏ်ချေးငွေ လျှောက်ထားရန်၊ ပစ္စည်းခွဲ ဝေရန်၊ စွန့်လွှတ် /အပိုင်ပေးစာချုပ်ချုပ်ဆိုခြင်းများ ဆောင်ရွက်ရာတွင်လဲ မြေပုံကူးယူခြင်း ဆောင်ရွက်နိုင်ပါသည်။ မှတ်တမ်းအဖြစ်ထားရှိရန်နှင့် မိသားစု စီမံခန့်ခွဲရေး စာချုပ်များတွင်လဲ မြေပုံ/မြေရာဇဝင်ကူးယူခြင်း ပြုရမည်ဖြစ်ပါသည်။

ဌာနမှ သတ်မှတ်လျှောက်လွှာဖြင့် မြေပုံ/မြေရာဇဝင် လျှောက်ထားရမည်ဖြစ်ကာ လျှောက်ထားသူ၏ မှတ်ပုံတင် မိတ္တူ၊ မြေငှားခ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်၊‌ မြေငှားစာချုပ်ဂရန် မူရင်းမိတ္တူ၊ မြေပိုင်မြေ၊ ဘိုးဘွားပိုင် မြေ၊ ဂရန်ရှိမြေပိုင်မြေဖြစ်ပါက မှတ်ပုံတင်စာချုပ်စာတမ်း မူရင်းနှင့် မိတ္တူ၊ ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ တရားရုံးအမိန့် ဒီကရီ ရှိပါကလဲ တင်ပြလျှောက်ထားရန်လိုပါသည်။

အမည်ပေါက် ကွယ်လွန်ပြီး နောက်ပိုင်း မြေကွက်အရောင်းအဝယ်များ ဆောင်ရွက်ရာတွင် ကျန်ရစ်သူ သားသမီး များစုံလင်စွာ အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံ / မြေရာဇဝင်အား လျှောက်ထားကူးယူခြင်းပြုနိုင်ပြီး အမည်ပေါက် မိခင်/ဖခင်၏ သေစာရင်းအား တင်ပြရပါမည်။ မြေကွက်အရောင်းအဝယ် ဆောင်ရွက်လိုခြင်းဖြစ်ပါက ပိုင်ဆိုင်ကြောင်း မြေပုံနှင့် အရောင်းအဝယ်လုပ်ရန် မြေပုံအား ပူးတွဲ ကူးယူရမည်ဖြစ်ပါသည်။

အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာ နှင့် အမွေဆက်ခံပိုင်ဆိုင်သူ၏ အချက်အလက်များ မှန်ကန်မှုရှိ ကြောင်း ထောက်ခံကျမ်းကျိန်လွှာတို့လဲ လိုအပ်ပါသည်။ ဘဏ်ကန့်ကွက်ချက်၊ တရားရုံး တားဝရမ်းရှိနေလျှင် မြေပုံ/ မြေရာဇဝင် ကူးယူခြင်းမပြုနိုင်ပါ။ မြေပုံကူးယူခြင်းအား ကန့်ကွက်ရှိမရှိ ရပ်ကွက်ရုံး၊ အုပ်ချုပ်ရေးမှူးရုံးများတွင် အများသိစေရန် ကြေညာစာကပ်မည်ဖြစ်ကာ ကန့်ကွက်မရှိမှ အမွေဆက်ခံကြောင်း မြေပုံရရှိမည်ဖြစ်ပါသည်။ သတ်မှတ် ချက်များကိုက်ညီ၍ ဌာနမှမြေပုံထုတ်ပေးလျှင် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ် ဆက်လက်ချုပ်ဆိုရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

⚖️မေးခွန်း (၂) - ကျန်ရစ်သူဇနီးက သေဆုံးသူခင်ပွန်းရဲ့ ရပ်ကွက်ထောက်ခံစာနဲ့ သေသူနာမည်သုံး၍ မြေဂရန် (၁၀၅) လျှောက်လို့ ရပါသလား။

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ အမွေဆက်ခံရေးမှာ ခင်ပွန်းဖြစ်သူ ကွယ်လွန်လျှင် ဇနီးဖြစ်သူမှ လင်မယားနှစ် ဦးပိုင်ပစ္စည်း အလုံးစုံအား တစ်ဦးထဲပိုင်ဆိုင်ခံစားခွင့် ရရှိမည်ဖြစ်ပါသည်။ လင်မယားနှစ်ဦးပိုင် ပစ္စည်းများအနက် မရွှေ့မပြောင်းနိုင်သော ဂရန်မြေ အဆောက်အဦများ ပါဝင်ပါက ဇနီးဖြစ်သူမှ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုနိုင်ရန် မြေပုံကူးယူရမည်ဖြစ်ပါသည်။ မေးမြန်းထားသော ရပ်ကွက်ထောက်ခံစာ အထောက်အထားတစ်ခုထဲဖြင့် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း မြေပုံကူးယူ၍ မရပါ။

ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေး ကော်မတီ၊ မြေယာစီမံခန့်ခွဲမှု ဌာနသို့ လျှောက်ထားသူမှ အမွေဆက်ခံပိုင် ဆိုင်ကြောင်း ကျမ်းကျိန်လွှာ၊ အမည်ပေါက် ခင်ပွန်းဖြစ်သူ၏ သေစာရင်း၊ မြေငှားစာချုပ်ဂရန်မူရင်း၊ နောက်ဆုံးထမ်း ဆောင်ထားသည့် မြေခွန်ပြေစာ (သို့) မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်၊ အမွေဆက်ခံသူ၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ဘေးပတ်ဝန်းကျင်၏ ထောက်ခံချက် ကျမ်းကျိန်လွှာ (၂)စောင် တို့ဖြင့် မြေပုံကူးယူရမည်ဖြစ်ပါသည်။

မြေပုံကူးရာတွင် မြေယာစီမံခန့်ခွဲမှုဌာနတွင် သတ်မှတ်များ လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်ဖြစ်ကာ ကျသင့်ဝန်ဆောင်ခအားလဲ ထမ်းဆောင်ရမည်ဖြစ်ပါသည်။ အမည်ပေါက်ကိုယ်တိုင် ကူးယူသော မြေပုံ/မြေရာဇဝင် မဟုတ်ပါက ကန့်ကွက်ရှိမရှိ သတင်းစာကြေညာခြင်းလဲ ဆောင်ရွက်စေမည်ဖြစ်ပါသည်။ ၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်းနိုင် သောပစ္စည်း လွှဲပြောင်းခြင်းအား ကန့်သတ်သည့်ဥပဒေနှင့် ညှိစွန်းမှုမရှိပါက အမွေဆက်ခံသူဇနီးဖြစ်သူမှ မြေပုံကူးယူခြင်း ပြုနိုင်မည်ဖြစ်ပါသည်။

အမွေဆက်ခံပိုင်ဆို်ငကြောင်း မြေပုံ/မြေရာဇဝင် ထွက်ရှိသောအခါ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရမည်ဖြစ်ပါသည်။ မှတ်ပုံတင်စာချုပ်ပြန်လည်ထုတ်ယူပြီးသည့်အခါတွင် မြေယာစီမံခန့်ခွဲမှု ဌာန၌ ခင်ပွန်းဖြစ်သူ အမည်ပေါက်ဂရန်အား ဇနီးဖြစ်သူ အမည်ပေါက်ဂရန်အဖြစ် အမည်ပြောင်းလဲခြင်း ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

⚖️ မေးခွန်း(၃) - နှစ်(၉၀)ဂရန်က သက်တမ်းကုန်သွားခဲ့ရင် ဘယ်လိုဆက်လုပ်ရတာလဲရှင့်။ အစိုးရပိုင်မြေအဖြစ်ဘဲ ပြန်သိမ်းသွားမှာလား။

မြေငှားဂရန်များအား နှစ်ကာလအပိုင်းအခြားဖြင့် ထုတ်ပေးထားခြင်းဖြစ်ရာ ခွင့်ပြုကာလအတွင်းသာ နေထိုင် ပိုင်ဆိုင်ခွင့်မှာ အကျုံးဝင်ပါသည်။ နှစ်စဉ်မြေငှားရမ်းခ သတ်မှတ်နှုန်းထားအားလဲ မြေငှားဂရန်အမည်ပေါက်မှ ထမ်းဆောင်ရန် လိုအပ်ပြီး သက်တမ်းမကုန်ခင် (၃)လ အလိုတွင် မြေငှားဂရန်အား သက်တမ်းတိုးလျှောက်ထားရန်လိုကာ ကျော်လွန်ပါက မြေပိုင်ဆိုင်မှုလဲ ရှိမည်မဟုတ်တော့ပါ။

အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကို အဆောက်အအုံ ခိုင်မာမှုမရှိပါက (၁၀)နှစ်ဂရန်၊ အဆောက်အအုံရှိပြီး ဖြစ်ပါက နှစ်(၃၀)ဂရန်၊ နှစ်(၆၀)ဂရန်၊ နှစ်(၉၀)ဂရန်ဟူ၍ မြေငှားစာချုပ်ချုပ်ဆိုကာ ချထားပေးခြင်းများရှိပြီး သက်တမ်းမကျော်ခင် (၃)လအလိုတွင် သက်တမ်းတိုးဆောင်ရွက်ရန် ပျက်ကွက်ပါက ဌာနမှ ခွင့်ပြုလျှင် ဒဏ်ကြေးဖြင့် သက်တမ်းတိုးဆောင်ရွက်နိုင်ပါသည်။

ဂရန်သက်တမ်းတိုး ဆောင်ရွက်ခွင့်ရှိသူများမှာ နိုင်ငံသားဖြစ်ပြီး အသက် (၁၈)နှစ်ပြည့်သူ မြေငှားဂရန် အမည်ပေါက်၊ မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် လွှဲပြောင်းဆက်ခံသူ၊ တရားရုံးမှ ထုတ်ပေးသော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း ရောင်းကြောင်း လက်မှတ်စာရရှိသူတို့မှ မြေငှားဂရန် မူရင်းတင်ပြ၍ မြေငှားဂရန် သက်တမ်းတိုး ဆောင်ရွက်နိုင်ပါသည်။ ထို့ပြင်‌ မြေငှားဂရန်သက်တမ်းတိုး ဆောင်ရွက်ရာ၌ မြေငှားဂရန်သက်တမ်းတိုးလျှောက်လွှာနှင့်အတူ အောက်ပါ စာရွက်စာတမ်းအထောက်အထားများ တင်ပြနိုင်ရပါမည်။

- မြေငှားဂရန်မိတ္တူ၊

- မှတ်ပုံတင်စာချုပ်စာတမ်းမိတ္တူ

- နိုင်ငံသားစီစစ်ရေးကတ်ပြား မိတ္တူ

- မြေငှားခနောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာ(သို့) မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် မိတ္တူတို့အား မူရင်းနှင့်တိုက်ဆိုင်ပြီး တင်ပြရမည်။

ကန့်ကွက်သူ ပေါ်ပေါက်ပါကလဲ ဂရန်သက်တမ်းတိုးအား ခွင့်ပြုပေးမည် မဟုတ်ပါ။ မြေငှားဂရန်မူရင်းမှာ ပျောက်ဆုံးနေပါက ပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာ၊ ရဲစခန်း၊ ရပ်ကွက်ထောက်ခံစာ များနှင့် ကိုယ်တိုင်ဝန်ခံကတိပြုချက်များအားလဲတင်ပြပြီး မူရင်းခွဲမိတ္တူမှန် ထုတ်ယူကာ ဂရန်သက်တမ်းတိုးခြင်းလဲ ဆက်လက်ဆောင်ရွက်နိုင်ပါသည်။ အမည်ပေါက်မှ သက်တမ်းတိုးခြင်း မဟုတ်ပါက မြေကွက်အား ပိုင်ဆိုင်ကြောင်း တရားရုံးအမိန့်တစ်ရပ် ရယူရန်လိုအပ်ပါသည်။

သက်တမ်းကုန်မြေမှာ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအမျိုးအစားအဖြစ် ပြန်လည်ရောက်ရှိမည်ဖြစ်ကာ စီမံကိန်းတစ်ရပ်ရပ်ရှိပါက မြေကွက်အား ဖယ်ရှားစေမည်ဖြစ်ကာ အဆိုပါမြေကွက်တွင် ဆက်လက်နေထိုင်သူများမှာ မြေသိမ်းဥပဒေနှင့် နည်းဥပဒေပါ သတ်မှတ်လျော်ကြေး၊ ပြောင်းရွှေ့စရိတ်များလဲ ခံစားခွင့်ရှိမည်မဟုတ်ကြောင်း ဖြေဆိုရေး သားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service