တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အဘွားဖြစ်သူကို အပန်းဖြေခရီးပို့နိုင်ရန် ရုန်းကန်ကြိုးစားနေပုံ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အဘွားဖြစ်သူကို အပန်းဖြေခရီးပို့နိုင်ရန် ရုန်းကန်ကြိုးစားနေပုံ - Property Knowledge in Myanmar from iMyanmarHouse.com
6 Feb 2025 11:13 am တွင် တင်ခဲ့သည်
1570 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာ ခံစားနေရသော မိန်းကလေးငယ်တစ်ဦးသည် ဘဝရပ်တည် နိုင်ရေးအတွက် လမ်းပေါ်တွင် ဆံညှပ်များ ရောင်းနေရသည့် ဖြစ်ရပ်မှာ ပြည်မကြီး လူမှုကွန်ရက် သုံးစွဲသူတို့၏ နှလုံးသားကို ကြီးမားစွာ လှုပ်ခတ်စေခဲ့သည်။

ဟွမ်ပင်းဟု သိရသော မိန်းကလေးသည် မိဘများနှင့် ခပ်တန်းတန်းဖြစ်နေပြီး သူ၏ အိပ်မက်မှာ အဘွားဖြစ်သူ ကို အပန်းဖြေခရီး ပို့ပေးနိုင်ရန် ဖြစ်သည်။

တရုတ်ပြည်မြောက်ပိုင်း ဟီဘေးပြည်နယ် တန်ရှန်းမြို့တွင် နေထိုင်သူ ဟွမ်ပင်းသည် ဈေးဝယ်စင်တာတစ်ခု၏ အပြင်ဘက်တွင် ဆံညှပ်များ ရောင်းချခြင်း ဖြစ်သည်။

ဟွမ်ပင်း၏ ပုံမှန်မဟုတ်သော လမ်းလျှောက်ပုံကို လူမှုကွန်ရက် နာမည်ကြီး Content Creator တစ်ဦးဖြစ်သူ ဆန်းကျန့်ဘန်က သတိပြုမိခဲ့သည်။

ဆန်းကျန့်ဘန်သည် လူမှုကွန်ရက်တွင် Follower ၁၀၀,၀၀၀ နီးပါး ရှိသူ ဖြစ်သည်။

ဆန်းကျန့်ဘန်က ဟွမ်ပင်းနှင့် တွေ့ဆုံခဲ့ပုံကို ဓာတ်ပုံရိုက်ကူးကာ ဇန်နဝါရီ ၉ ရက်က လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ရာ ဂယက်ရိုက် ပျံ့နှံ့သွားခဲ့သည်။

 

 

(ဟွမ်ပင်းက အနက်ရောင် ထီးတလက်ပေါ်တွင် ဆံညှပ်များ ထားရှိကာ ခင်းကျင်းပြသ ရောင်းချသည်။ ဓာတ်ပုံ-Facebook)

ဟွမ်ပင်းက ပြောသည်မှာ မိမိမှာ လမစေ့ဘဲ မွေးဖွားခဲ့ရာ အောက်စီဂျင် ပြတ်လပ်မှုကြောင့် ဦးနှောက်လေဖြတ် သည့် ဝေဒနာ ခံစားခဲ့ရပြီး ပုံမှန်အတိုင်း လမ်းမလျှောက်နိုင် ဖြစ်ခဲ့ရကြောင်း ပြောသည်။

မိဘများမှာ အခြားဒေသတို့ အလုပ်လုပ်ရန် ရွှေ့ပြောင်းသွားကြပြီး ဟွမ်ပင်းကို အနည်းငယ်သာ ထောက်ပံ့ သည်။

မိဘများတွင် အခြားသမီးတစ်ဦး ထပ်မံ ထွန်းကားလာပြီးနောက် ဟွမ်ပင်းမှာ မိမိဘာသာ ဘဝရပ်တည်ခဲ့ရ တော့သည်။

“သူတို့က ကျွန်မကို သိပ်ချစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မကတော့ ကိုယ့်ကိုယ်ကို အများကြီး ချစ်ပါတယ်။ ဘဝရပ်တည်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်။”

ဟွမ်ပင်းက ဆံညှပ်တစ်ခုလျှင် ၂ ယွမ်ဖြင့် ရောင်းချနေခြင်း ဖြစ်သည်။

ဟွမ်ပင်းက ကဒ်ပြားတစ်ခုတွင်လည်း စာရေးသားထားရာ “ဒီရောက်နေပြီပဲ…..ဘာလို့တစ်ခုလောက် ဝယ်မသွားတာလဲ”ဟု ဖြစ်သည်။

ရာသီဥတု အလွန်အေးသောကြောင့် လမ်းပေါ်တွင် လူသွားလူလာ နည်းပါးရာ နေ့စဉ် အနည်းငယ်သာ ရောင်းရပြီး အမြတ်အစွန်း အနည်းငယ်သာ ရသော်လည်း ဟွမ်ပင်း စိတ်ဓာတ်မကျ။

ကလေးဘဝကတည်းက ပြုစုစောင့်ရှောက်ခဲ့သည့် အဘွားဖြစ်သူကို ကမ္ဘာကြီး၏ အလှတရားများအား ပြသနိုင်ရေးမှာ ဟွမ်ပင်း၏ အကြီးမားဆုံး အိပ်မက်ဖြစ်သည်။

 

 

(လမစေ့ဘဲ မွေးဖွားခဲ့သောကြောင့် ယခုကဲ့သို့ အခြေအနေမျိုး ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ဓာတ်ပုံ-Facebook)

“ကျွန်မ စကားကောင်းကောင်းပြောနိုင်တယ်။ လက်တွေကလည်း အလုပ်ကောင်းကောင်း လုပ်နိုင်ပါတယ်။ ဦးနှောက်လေဖြတ်တာခံစားရတဲ့ အခြားသူတွေနဲ့ နှိုင်းယှဉ်ရင် ကျွန်မအရမ်း ကံကောင်းပါတယ်။ ဘဝမှာ ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်ဖို့ဆိုရင် အကောင်းမြင်တတ်ဖို့ လိုပါတယ်။”

ဆန်းကျန့်ဘန်က ဟွမ်ပင်းထံမှ ဆံညှပ်များအားလုံး ဝယ်ယူခဲ့ပြီးနောက် ဓာတ်ပုံများ ရိုက်ကူးကာ လူမှုကွန်ရက် တွင် မျှဝေခဲ့ရာ လူမှုကွန်ရက်သုံးစွဲသူတို့က ဟွမ်ပင်းမှာ လောကဓံကို ခံနိုင်ရည်ရှိမှုနှင့် မျှော်လင့်ချက်တို့၏ ပြယုဂ်တစ်ခုဖြစ်ကြောင်း ပြောဆိုကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။) 

Ref: Abandoned disabled China girl sells hairpins on street, dreams of trip with grandma Photo Credit-Facebook

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အဘွားဖြစ်သူကို အပန်းဖြေခရီးပို့နိုင်ရန် ရုန်းကန်ကြိုးစားနေပုံ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိပ်မက်ထဲက ရောင်စုံပန်းဥယျာဉ်ကမ္ဘာ နွေဦးမှာဖန်တီးပါ
အိပ်မက်ထဲက ရောင်စုံပန်းဥယျာဉ်ကမ္ဘာ နွေဦးမှာဖန်တီးပါ
အဝတ်ဟောင်းတွေသုံးပြီး တမူထူးခြားစွာ ဖန်တီးလို့ရတဲ့ အိမ်တွင်းသုံး ပစ္စည်း (၆) မျိုး
အဝတ်ဟောင်းတွေသုံးပြီး တမူထူးခြားစွာ ဖန်တီးလို့ရတဲ့ အိမ်တွင်းသုံး ပစ္စည်း (၆) မျိုး
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြခြင်း ပြုလိုက်ပါသည်။...
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြခြင်း ပြုလိုက်ပါသည်။...
မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အပိုပစ္စည်းတွေနဲ့ အိမ်အလှဆင်ကြမယ်
အပိုပစ္စည်းတွေနဲ့ အိမ်အလှဆင်ကြမယ်
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
စံငှားရမ်းခ သတ်မှတ်ခြင်းနှင့် ဥပစာငှားရမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စံငှားရမ်းခ သတ်မှတ်ခြင်းနှင့် ဥပစာငှားရမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျယ်ပြယ်သော ပဋိဉာဉ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပျယ်ပြယ်သော ပဋိဉာဉ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန
[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆ
[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆ
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ
စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုက
စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုက
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်း
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်း
Expo Singapore
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service