ဗဟုသုတ | Posted by စည်သူအောင်
ဂျပန်နိုင်ငံတွင် မိမိနှင့် မသိကျွမ်းသူများကို ပွေ့ဖက်ခွင့်၊ ငေးမောကြည့်ရှုခွင့်ပေးသည့် ထူးဆန်းသော ကော်ဖီဆိုင်တစ်ခု ရှိသည်။
ဂျပန်သည် ကိုယ်စိတ်နှစ်ပါး စောင့်စည်းရမှု လူမှုစံနှုန်း တင်းကျပ်သောနိုင်ငံဖြစ်ကာ အခြားသူများကို အနှောင့်အယှက်ဖြစ်စေခြင်းမျိုး တားမြစ်ထားရာ လူငယ်လူရွယ်များစွာမှာ အထီးကျန်ဆန်လာသည်။
အကျိုးဆက်အားဖြင့် ဂျပန်တွင် လက်ပွန်းတတီး ဆက်ဆံရေးမျိုး ဆိတ်သုဉ်းလာသည်။ လေ့လာချက်တစ်ရပ်အရ အသက် ၁၆ နှစ်မှ ၂၄ နှစ်ကြားရှိ မိန်းကလေး ၄၅ ရာခိုင်နှုန်းနှင့် ယောက်ျားလေး ၂၅ ရာခိုင်နှုန်းမှာ လိင်ဆက်ဆံရေးကို စိတ်မဝင်စားကြောင်း (သို့မဟုတ်) မနှစ်သက်ကြောင်း တွေ့ရှိရသည်။
(ယခုကော်ဖီဆိုင်တွင် အခကြေးငွေပေးကာ ညအိပ်ညနေ နေထိုင်ခြင်း ပြုလုပ်နိုင်သည်ဟုဆိုသည်။ သို့သော် ကိုယ်ကာယထိတွေ့မှုများကိုမူ တင်းကျပ်စွာ ကန့်သတ်ထားသည်။ ဓာတ်ပုံ-Weixin)
၂၀၂၂ ခုနှစ်အတွင်း အစိုးရရုံးလေ့လာချက်တစ်ရပ်အရ အသက် ၃၀ ကျော်အရွယ်ရှိ ဂျပန်လူမျိုးတို့၏ ၄ ပုံ ၁ ပုံမှာ လက်ထပ်ရန် အစီအစဉ်မရှိကြောင်း သိရသည်။
အထီးကျန်စွာ နေထိုင်ကြသည့်ဘဝမှာ ဂျပန်တွင် သာမန်ဖြစ်ရပ်သဖွယ် ဖြစ်လာသည်။
ဂျပန်တွင် အိမ်ထောင်စုအားလုံး၏ ၃၄ ရာခိုင်နှုန်းမှာ single များဖြစ်ကြသည်။
တိုကျိုမြို့ရှိ Soineya ကော်ဖီဆိုင်တွင်မူ အထီးကျန်မှုကို ကုစားပေးရန် တမူထူးသည့်နည်းလမ်းတစ်ခု ဖော်ထုတ်လာသည်။
ဆိုင်သို့လာသော customer များအနေဖြင့် အခကြေးငွေပေးဆောင်ပါက မိမိမသိကျွမ်းသော သူစိမ်းများနှင့် စကားပြောခြင်း၊ ပွေ့ဖက်ခြင်းများ ပြုလုပ်နိုင်သည်ဟု ဆိုသည်။
Japan Today သတင်းဌာန၏ ဖော်ပြချက်အရ ဆိုင်တွင် တရေးတမောအိပ်မည်ဆိုပါက ယန်း ၃၀၀၀ (၁၉ ဒေါ်လာ)၊ တစ်ညလုံး ၁၀ နာရီ အပြည့် ဆိုင်တွင်နေထိုင်မည်ဆိုပါက ယန်း ၅၀၀၀၀ (၃၂၀ ဒေါ်လာ) ကျသင့်ကြောင်း ဖော်ပြသည်။
ယန်း ၁၀၀၀ (၆ ဒေါ်လာ) ပေးလျှင် customer တို့သည် စားပွဲထိုးမိန်းကလေး၏ ပေါင်ပေါ်တွင် ခေါင်းချကာ အနားယူခြင်း (သို့မဟုတ်) ထိုမိန်းကလေးအား ၃ မိနစ်ပွေ့ဖက်ခြင်း အစရှိသည်တို့ ပြုလုပ်နိုင်မည် ဖြစ်သည်။
(မိမိနှင့် မသိကျွမ်းသူတို့ကို ၆ ဒေါ်လာ ပေးကာ ပွေ့ဖက်ခြင်း၊ ငေးစိုက်ကြည့်ခြင်းတို့ ပြုလုပ်နိုင်မည့် ကော်ဖီဆိုင်များ ဂျပန်တွင်ရှိလာသည်။ ဓာတ်ပုံ-Weixin)
ထို့အပြင် ၆ ဒေါ်လာပေးလျှင် စားပွဲထိုးမိန်းကလေး၏ မျက်လုံးကို ၁ မိနစ်စိုက်ကြည့်ခြင်း (သို့မဟုတ်) သူမ၏ နောက်ကျောကို ခပ်ဖွဖွ ပုတ်ခြင်းတို့ ပြုလုပ်နိုင်သည်။
သို့သော် ကော်ဖီဆိုင်တို့က ၎င်းတို့၏ မိန်းကလေးဝန်ထမ်းများကို အကာအကွယ်ပေးရန်အတွက် တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ထားရာ မိန်းကလေးများ၏ ဆံပင်ကို ထိတွေ့ခြင်း၊ အခြားမသင့်တော်သည့် နေရာများကို ထိတွေ့ခြင်းများ တားမြစ်ထားသည်။
ဆိုင်သို့လာသော customer အများစုမှာ ၎င်းတို့၏ မိတ်ဆွေသူငယ်ချင်းများနှင့် နီးကပ်သည့်ဆက်ဆံရေး မရှိကြကြောင်း ဆိုင်မှ စားပွဲထိုးမိန်းကလေးတစ်ဦးဖြစ်သူ ဖူကီက ပြောသည်။
ဆိုင်သို့လာသည့် customer တစ်ဦးဖြစ်သူ Inoue က ပြောသည်မှာ “တကယ့်လက်တွေ့ဘဝမှာ မိန်းကလေးတွေနဲ့ ကျွန်တော်စကားပြောကြည့်တဲ့အခါ သူတို့ ဘာတွေတွေးနေလဲ ကျွန်တော်မသိပါဘူး။ အပြုံးချိုချိုလေးနဲ့ ပြုံးနေပေမယ့် လိမ်ညာနေတာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် နောက်ကွယ်မှာ ကျွန်တော့်ကို အတင်းတုပ်နေနိုင်ပါတယ်” ဟု ဆိုသည်။
ယခုဆိုင်သို့ လာရသည်ကို ရှက်မိကြောင်း Inoue က ဝန်ခံသည်။
သို့သော် Inoue သည် ဖူကီ၏ ပေါင်ပေါ်တွင် ခေါင်းချကာ အနားယူသွားခဲ့သည်။
ဖူကီနှင့် စကားပြောရသည်မှာ စိတ်ပေါ့ပါးစေပြီး ပျော်ရွှင်ဖွယ်ကောင်းကြောင်း Inoue သိရှိသွားသည်။
ယခုကဲ့သို့ ပွေ့ဖက်ခွင့်ပေးသည့် ကော်ဖီဆိုင်များကို လူမှုကွန်ရက်တွင် စိတ်ဝင်စားသူ များပြားနေပြီး သဘောထား အမျိုးမျိုးရှိကြသည်။
လက်ခံသူတစ်ဦးက မှတ်ချက်ပေးသည်မှာ “တနေကုန် အလုပ်တွေနဲ့ ပင်ပန်းနွမ်းနယ်လာပြီး ကျွန်တော့်ကို အိမ်မှာ စောင့်ကြိုနေမှာက အေးစက်စက်အိပ်ရာနဲ့ စားကြွင်းစားကျန်တွေပဲ ရှိပါတယ်။ ဂရုစိုက်မှုနည်းနည်းလေးပဲဖြစ်စေ နွေးထွေးတဲ့ ပွေ့ဖက်ရမှုထက်ကောင်းတာ ဘာမှမရှိပါဘူး” ဟု ဆိုသည်။
“ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို ဖက်ရတာ၊ စိုက်ကြည့်ရတာဟာ ၉၆ ပါး ရောဂါပျောက်ဆေးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အထီးကျန်မှုကို လျော့ပါးစေပါတယ်။ ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ခွန်အားတွေ ပေးပါတယ်” ဟု အခြားတစ်ဦးက မှတ်ချက်ပြုသည်။
(အနီးကပ်ဆက်ဆံရေးမျိုး ခေါင်းပါးနေသူများအတွက် ဖြေသိမ့်ပေးမည့် ဂျပန်မှ ကော်ဖီဆိုင်လေးများ။ ဓာတ်ပုံ-Weixin)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: ‘Cuddle cafes’ in Japan let customers canoodle with or gaze at strangers for US$6 Photo Credit-Weixin