နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ - Property News in Myanmar from iMyanmarHouse.com
3 Feb 2025 12:04 pm တွင် တင်ခဲ့သည်
1005 ကြိမ် ကြည့်ရှု့ပြီး

နယူးဇီလန်နိုင်ငံတွင် ကျေးရွာတစ်ခုလုံးကို ရောင်းချရန် အရောင်းဈေးကွက်ဝင်လာသည်။

Lake Waitaki ဟု အမည်ရသောကျေးရွာဖြစ်ပြီး ရွာအကျယ်အဝန်း ၁၄ ဟက်တာရှိသည်။

ရွာအတွင်း အိပ်ခန်း ၃ ခန်းပါ နေအိမ် ၈ လုံး၊ အိပ်ခန်း ၅ ခန်းပါ အိမ်တစ်လုံး၊ စီးပွားရေးလုပ်ငန်းသုံး မီးဖိုဆောင် ပါဝင်သော ကော်ဖီဆိုင်/ဘားနှင့် ကား ၁၀ စင်းဆန့် ဂိုဒေါင်တစ်လုံးတို့ ပါဝင်သည်။

ဈေးကွက်တင် အိမ်ခြံမြေအကျိုးဆောင်၏ ပြောကြားချက်အရ Waitaki ကျေးရွာကို ဒေါ်လာ ၂ ဒသမ ၉ သန်း ဈေးခေါ်ထားကြောင်း သိရသည်။

အနီးရှိ Waitaki ဆည်ကြီးဆောက်လုပ်ရာတွင် အလုပ်သမားများကို ထားရှိရန် ၁၉၃၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

Waitaki ကျေးရွာသည် Kurow မြို့မှ ၇ ကီလိုမီတာ၊ Oamaru မြို့မှ ၅၀ ကီလိုမီတာ အကွာတွင် တည်ရှိသည်။

အစည်ကားဆုံးအချိန်က ရွာတွင်နေထိုင်သူ ၂၀၀၀ ဦးကျော် ရှိခဲ့သည်။

အုတ်နေအိမ်များမှာ မန်နေဂျာများအတွက်ဖြစ်ပြီး ဓာတ်ပုံဟောင်းများတွင် တွေ့ရှိရမှုအရ အလုပ်သမားများ နေထိုင်ရန် သစ်သားတဲများ တန်းစီ တည်ရှိခဲ့ဖူးသည်။

ဆည်ကို အလိုအလျောက်စနစ်အသုံးပြုပြီးနောက်ပိုင်း သစ်သားတဲများကို အခြားနေရာသို့ ပြောင်းရွှေ့လိုက်သည်။

ယခုအခါ ထိုနေရာတွင် လူနေထိုင်သည့်အိမ် ၃ လုံးသာ ရှိတော့သည်။

ပင်မအိမ်တွင် ပိုင်ရှင်ဖြစ်သူနေထိုင်ပြီး ကျန်အိမ် ၂ လုံးတွင် မိသားစု ၂ ခု နေထိုင်သည်။ အဆိုပါ အိမ် ၂ လုံးမှာ ပြန်လည်မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ထားသည်။

(အိပ်ခန်း ၃ ခန်းပါ နေအိမ် ၈ လုံးအနက် ၂ လုံးကို ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားသည်။ ဓာတ်ပုံ-Supplied)

အရောင်းဈေးကွက်တင်ပေးသည့်အကျိုးဆောင် Kelli Williams က ပြောသည်မှာ လက်ရှိပိုင်ရှင်တို့က ပျက်စီးယိုယွင်းနေသည့် Waitaki ကျေးရွာကို ၂၀၀၁ ခုနှစ်တွင် ဒေါ်လာ ၂၉၄၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဝယ်ယူပြီးနောက် ပြန်လည်မွမ်းမံမှုများစွာ ပြုလုပ်ခဲ့ပြီး ကော်ဖီဆိုင်တစ်ခု ဖွင့်လှစ်ခဲ့ကာ ဧည့်ဝန်ဆောင်မှု လုပ်ငန်းတစ်ခု လည်ပတ်ခဲ့သည်။

Waitaki ကျေးရွာကို ၂၀၁၆ ခုနှစ်က ပထမဆုံးအကြိမ် အရောင်းဈေးကွက်တင်ခဲ့ဖူးပြီး ၂၀၁၈ တွင် အရောင်းတင်သည့်ကြော်ငြာမှာ အလွန်ပျံ့နှံ့ကျော်ကြားခဲ့ဖူးသည်။

ကမ္ဘာတစ်ဝန်းမှ စိတ်ဝင်စားသူများစွာ ဆက်သွယ်မေးမြန်းခဲ့ရာ အမေရိကန်မှ ရော့ခ်ကြယ်ပွင့်တစ်ဦးပင် ပါဝင်ခဲ့သည်ဟု ဆိုသည်။

“ပျံ့နှံ့ကျော်ကြားသွားတာ အကြောင်းရှိပါတယ်။ ရွာတစ်ရွာလုံးကို ဝယ်လို့ရတဲ့ အခွင့်အလမ်းက ခဏခဏ မတွေ့နိုင်ဘူးလေ။ ကမ္ဘာလှည့်ခရီးသွားတွေရှုပ်တဲ့လမ်းကြောင်းပေါ်မှာ မရှိဘဲ ဒီလိုနိုင်ငံမျိုးရှိတာကြောင့် လူတွေစိတ်ဝင်စားကြတာပါ။ ကျွန်မ ပြောနိုင်တာကတော့ ဒါက တစ်ယောက်ယောက်အတွက်တော့ ကြီးမားတဲ့ အခွင့်အလမ်းကြီးပါ။ ကျွန်မလို အမြင်ရှိတဲ့သူရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု Kelli က ပြောသည်။

(ရွာကလေးတွင် ကော်ဖီဆိုင်နှင့် အရက်ဘား၊ အိပ်ခန်း ၅ ခန်းပါ အိမ်တစ်လုံးတို့ ပါဝင်သည်။ ဓာတ်ပုံ-Supplied)

(ကော်ဖီဆိုင်ကို လက်ရှိပိုင်ရှင်တို့က ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားသည်။ ဓာတ်ပုံ-Supplied)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Entire New Zealand village for sale again - got a spare $2.9m? Photo Credit-Supplied

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စိတ်ပင်ပန်းမှုတွေမေ့လို့ထား ထူးဆန်းကမ္ဘာလေးထဲ လည်လည်သွားရအောင်...
စိတ်ပင်ပန်းမှုတွေမေ့လို့ထား ထူးဆန်းကမ္ဘာလေးထဲ လည်လည်သွားရအောင်...
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်းကျော်ဖြင့် ရောင်းထွက်...
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်းကျော်ဖြင့် ရောင်းထွက်...
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ...
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ...
ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ...
ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ...
သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
Yadanar Bon
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service