ဗဟုသုတ | Posted by ရွှေစင်ဝင်း
စင်္ကာပူတွင် အခြေချနေထိုင်သူ တရုတ်အမျိုးသမီးတစ်ဦးသည် သူ၏ ဖခင်ဖြစ်သူ စင်္ကာပူသို့ လာရောက် လည်ပတ်ရာတွင် လမ်းဘေး၌ တံထွေးထွေးမှုအတွက် စင်္ကာပူဒေါ်လာ ၃၀၀ (ကန်ဒေါ်လာ ၂၂၀) ဒဏ်ရိုက် ခံရသည့်အကြောင်း လူမှုကွန်ရက်တွင် ပြောပြရာ တရုတ်ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့က ထိုသို့ ဒဏ်ရိုက်ခြင်းမှာ မှန်ကန်ကြောင်း ထောက်ခံလျက် ရှိကြသည်။
စင်္ကာပူတွင် အလုပ်ရှာဖွေနေသော အဆိုပါအမျိုးသမီးက တရုတ်ပြည်၏ အင်စတာဂရမ်ဟု လူသိများသော RedNote (သို့မဟုတ်) Xiaohongshu တွင် မျှဝေပြောလာသည်မှာ စင်္ကာပူတွင် အများပြည်သူကြား တံထွေးထွေး သူများကို တကယ်ဒဏ်ရိုက်ကြောင်း ပြောသည်။
မိမိ၏ ဖခင်မှာ လူသွားလမ်းရှိ ရေမြောင်းပေါက်အတွင်း တံထွေးထွေးသောကြောင့် စင်္ကာပူဒေါ်လာ ၃၀၀ ဒဏ်ရိုက်ခံရကြောင်း ၎င်းအမျိုးသမီးက ပြောသည်။
စင်္ကာပူ အမျိုးသား သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီ (NEA) မှ အရာရှိတစ်ဦးက အဆိုပါ အမျိုးသမီး၏ ဖခင်တံထွေးထွေးနေသည်ကို တွေ့ရှိခဲ့ပြီးနောက် ဒဏ်ငွေဆောင်ရန် လက်မှတ်ဖြတ်ပိုင်းတစ်ခု လာပေးခဲ့သည်။
ထိုအမျိုးသမီးက ပြောသည်မှာ ဖခင်၏ ပထမဆုံး ချိုးဖောက်ကျူးလွန်မှုဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပွားလျှင် NEA အရာရှိတို့ကို ခွင့်လွှတ်ပါဟု မတောင်းပန်ရန်၊ တောင်းပန်ပါကလည်း လက်ခံမည်မဟုတ်ကြောင်း ပြောပြသည်။
(စင်္ကာပူသို့ အလည်အပတ်ရောက်နေသော တရုတ်လူမျိုးဖခင်ဖြစ်သူသည် စင်္ကာပူတွင် ရေမြောင်းပေါက် အတွင်း တံထွေးထွေးမှုဖြင့် ဒဏ်ငွေ ချမှတ်ခံရသည်။ ဓာတ်ပုံ-Shutterstock)
သူ၏ ဖခင်အနေဖြင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့မတိုင်မီ ဒဏ်ငွေပေးဆောင်ရန် ပျက်ကွက်ပါက တရားရုံးတွင် အမှုရင်ဆိုင်ရမည်ဖြစ်ပြီး ပိုမိုမြင့်မားသော ဒဏ်ကြေးငွေအဖြစ် စင်္ကာပူဒေါ်လာ ၂,၀၀၀ မှ ၁၀,၀၀၀ ကြား (ကန်ဒေါ်လာ ၁၅၀၀ မှ ၇၀၀၀ ကြား) ပေးဆောင်ရဖွယ်ရှိသည်။
တရားရုံးသို့ မလာရောက်ပါက ဖမ်းဆီးခံရမည်ဖြစ်ပြိး အမြင့်ဆုံးအနေဖြင့် ထောင်ဒဏ် ၂ လအထိ ချမှတ်ခံရမည် ဖြစ်သည်။
“ကောင်းမွန်တဲ့ ဥပဒေပါ။ ဒါကို ထပ်ပြီး မချိုးဖောက်ပါနဲ့။ ပြည်သူ့ ပတ်ဝန်းကျင်ကို ကာကွယ်ကြပါစို့” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
စင်္ကာပူတွင် ပြည်သူတို့အနေဖြင့် တစ်သျှူးတစ်ခုထဲကို တံထွေးထွေးကာ အမှိုက်ပုံးအတွင်းသို့ ပစ်ရန်လည်း ၎င်းက အကြံပြုထားသည်။
“ကောင်းမွန်တဲ့ ပြစ်ဒဏ်တစ်ခုပါ။ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာမှာ တံထွေးထွေးတာဟာ ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် မကောင်းပါဘူး” ဟု မလေးရှားမှ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ပြောသည်။
“သူတို့တွေကို စင်္ကာပူဒေါ်လာ ၃၀၀၀ (ကန်ဒေါ်လာ ၂၀၀၀) လောက် ဒဏ်ရိုက်သင့်တယ်” ဟု ထိုင်းနိုင်ငံမှ တစ်ဦးက မှတ်ချက်ပြုသည်။
တတိယတစ်ဦးက မှတ်ချက်ပြုသည်မှာ တရုတ်ပြည်တွင်လည်း အများပြည်သူအကြား တံထွေးထွေးသူများကို အရေးယူသင့်ကြောင်း ပြောသည်။
“တရုတ်ပြည်မှာ အများပြည်သူနေရာတွေမှာ တစ်နိုင်ငံလုံးအနှံ့ တံထွေးထွေးနေတဲ့သူတွေ ကျွန်မ တွေ့ပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။
စင်္ကာပူတွင် နေထိုင်သူတစ်ဦးက မှတ်ချက်ပြုသည်မှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရုတ်ပြည်သူများကို စင်္ကာပူသို့ ဗီဇာမလိုဘဲ ရက် ၃၀ ဝင်ရောက်ခွင့်ပေးခဲ့ပြီးနောက်ပိုင်း ဆေးလိပ်မသောက်ရသည့်နေရာများတွင် ဆေးလိပ်သောက်သော တရုတ်ပြည်မှ လာရောက်လည်ပတ်သူများစွာမှာ စင်္ကာပူဒေါ်လာ ၁၀၀၀ (ကန်ဒေါ်လာ ၇၃၀) ဒဏ်ကြေးငွေ ချမှတ်ခံကြရကြောင်း ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: China RedNote users praise Singapore for fining mainland tourist US$220 for public spitting
Photo Credit- Shutterstock