နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ - Property News in Myanmar from iMyanmarHouse.com
28 Jan 2025 2:50 pm တွင် တင်ခဲ့သည်
745 ကြိမ် ကြည့်ရှု့ပြီး

ယခုရက်သတ္တပတ်အတွင်း နယူးဇီလန်မှ penthouse ခန်းတစ်ခန်းကို လေလံတင်ရောင်းချရန် ရှိနေပြီး ၁ ဒေါ်လာဖြင့် ရောင်းထွက်ဖွယ်လည်း ရှိသည်။

နယူးဇီလန်နိုင်ငံ၊ Auckland မြို့၊ 3A/12 Morningstar Place တွင် တည်ရှိသောအခန်းဖြစ်ပြီး် အလွန်နည်းပါးသော ကြမ်းခင်းဈေးဖြင့် လေလံတင်လာခြင်းလည်းဖြစ်သည်။

သို့သော် ဝယ်ယူလိုသူအနေဖြင့်မူ ငွေကြေးများစွာ သုံးစွဲနိုင်ရန် လိုအပ်သည်။ ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြချက်အရ အဆိုပါအခန်းတွင် စိန်ခေါ်မှုများစွာရှိနေကြောင်း ဖော်ပြထားသည်။

သြစတေးလျ၏ အကြီးမားဆုံး အိမ်ခြံမြေကုမ္ပဏီဖြစ်သော Ray White က နယူးဇီလန်အခြေစိုက် အိမ်ခြံမြေ ရောင်းဝယ်ငှား-သတင်းဝက်ဘ်ဆိုက်ဖြစ်သော Oneroof မှတဆင့် ကြော်ငြာလာခြင်း ဖြစ်သည်။

Ray White ၏ ကြော်ငြာတွင် ဖော်ပြထားမှုအရ အိပ်ခန်း ၃ ခန်းပါ ယခု penthouse ခန်းသည် ရဲဝံ့ စွန့်စားလိုသူတို့နှင့် သင့်တော်ကြောင်း၊ ထိုသို့သောသူမျိုး မဟုတ်ပါက ဆက်မဖတ်သင့်ကြောင်း ဖော်ပြသည်။

(အိပ်ခန်း ၃ ခန်းပါ penthouse ခန်းကို တစ်နှစ်ခန့် အချိန်ယူကာ ပြန်လည်ပြင်ဆင်ရမည်ဖြစ်ပြီး ထိုအချိန်အတွင်း လူနေထိုင်နိုင်ခြင်းရှိမည်မဟုတ်ချေ။ ဓာတ်ပုံ-Supplied)

“ရောင်းချသူက ဦးတည်ချက်တစ်ခုပဲရှိပါတယ်။ ဒီကနေ ထွက်ဖို့ပါ” St Lukes Gardens Apartments ကွန်ပလက်သည် နယူးဇီလန်၏ အဆိုးရွားဆုံး မိုးမလုံသည့် အဆောက်အအုံအဖြစ် နာမည်ကြီးသည်။

“လူနေမှုငရဲ- တိုက်ခန်း ကပ်ဘေးများ” (Living Hell: Apartment Disasters) အမည်ရှိ documentary တစ်ခုတွင်ပင် ထည့်သွင်းရိုက်ကူးဖော်ပြခံခဲ့ရပြီး ပြီးခဲ့သောနှစ်အတွင်းက ထုတ်လွှင့်ပြသခဲ့သည်။

၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အကြား ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မျက်နှာစာတွင် အက်ကွဲကြောင်းများ၊ ဖောင်ဒေးရှင်းမှာ အန္တရာယ်ရှိလောက်အောင် အဆင့်မမီခြင်း အစရှိသည်တို့ အပါအဝင် ချွတ်ယွင်းချက်များ၊ ယိုစိမ့်မှုများ ဆိုးရွားစွာ ရှိနေသည်။

ထိုအိမ်ရာကွန်ပလက်တွင် အခန်းပိုင်ဆိုင်ထားသူတို့က နစ်နာကြေး ဒေါ်လာ သန်း ၆၀ ရလိုကြောင်း တရားစွဲဆိုခဲ့မှုကို ၂၀၁၆ ခုနှစ်အတွင်း နှစ်ဦးနှစ်ဘက် ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

သို့သော် လျော်ကြေးပေးသည့် ငွေပမာဏမှာ ကုန်ကျစရိတ်ကို မကာမိဘဲ နည်းပါးသည့် ပမာဏသာဖြစ်သည်။

ယခု penthouse ခန်းရောင်းချမည့်အခန်းပိုင်ရှင် အပါအဝင် အခန်းပိုင်ရှင်အချို့မှာ ပြင်ဆင်စရိတ်များ ထပ်မံ မြင့်တက်မလာမီ ရောင်းထုတ်ရန် ဆုံးဖြတ်လာကြသည်။

Ray White ကုမ္ပဏီမှ အကျိုးဆောင်ဖြစ်သူ Grant Elliott က OneRoof အိမ်ခြံမြေသတင်းဌာနသို့ ပြောသည်မှာ penthouse ခန်း ပိုင်ရှင်မှာ နစ်နာကြေးအဖြစ် ဒေါ်လာ ၃၅၅၀၀၀ ရရှိမည်ဖြစ်ကြောင်း၊ သို့သော် ပြင်ဆင်စရိတ် ဒေါ်လာ ၁ သန်းကုန်ကျမည်ဖြစ်ရာ ကုန်ကျစရိတ်၏ ၃ ပုံ ၁ ပုံမျှသာ ရရှိခြင်းဖြစ်ကြောင်း ပြောသည်။

အခန်းပိုင်ရှင် အမျိုးသားက ယခု penthouse ခန်းကို လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဒေါ်လာ ၅၁၅၀၀၀ ပေးခဲ့ရသည်။

ယခုအခါတွင်မူ ၎င်းက ၁ ဒေါ်လာဖြင့် ရောင်းထုတ်ရန် စီစဉ်လာသည်။

“လက်ရှိပိုင်ရှင်က ပြင်ဆင်စရိတ် မတတ်နိုင်တော့တာကြောင့် ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု Elliott က ပြောသည်။

လေလံတွင် ၁ ဒေါ်လာဖြင့်လည်း ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း၊ လေလံအောင်သူသည် အခန်း၏ လျော်ကြေး ဒေါ်လာ ၃၅၅၀၀၀ ရရှိမည်ဖြစ်ကြောင်း၊ သို့သော် ပြင်ဆင်ရန်အတွက် ဒေါ်လာ ၇၀၀၀၀၀ ခန့် ထပ်မံကုန်ကျဦးမည်ဖြစ်ကြောင်း Elliott က ပြောသည်။

(St Lukes Gardens Apartments ကွန်ပလက်စ်ကို တွေ့ရပုံ။ ဓာတ်ပုံ-Supplied)

(ယခုအိမ်ရာရှိ အခန်းကျဉ်းတစ်ခုမှာ ပြီးခဲ့သော ဒီဇင်ဘာလအတွင်း ဒေါ်လာ ၁၇၅၀၀ ဖြင့် ရောင်းထွက်ခဲ့သည်။ ဓာတ်ပုံ-Supplied)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Auckland penthouse for sale for $1, looking for ‘reckless buyer’ Photo Credit-Supplied

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ်နေ၊ ထရမ့်ဂျူနီယာ၏ ဇနီးဟောင်း ဗနက်ဆာမှာ တိုက်ဂါးဝုဒ်၏ ဒေါ်လာ သန်း ၆၀ တန် စံအိမ်...

ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ...
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရာ ကြက်သားအစိမ်းများကို မဖုံးမအုပ်ဘဲ ရေခဲသေတ္တာအတွင်း တင်ထားမှုအပေါ် ကြည့်ရှုရသည့် ပရိသတ်များ စိတ်...

စကော့တလန်တွင် လျှပ်စစ်မီးလိုင်း၊ ဓာတ်ငွေ့လိုင်းမရှိသော ပင်လယ်ကမ်းခြေနေအိမ်ကြီးတစ်လုံး ပေါင် ၃၉၅၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
စကော့တလန်တွင် လျှပ်စစ်မီးလိုင်း၊ ဓာတ်ငွေ့လိုင်းမရှိသော ပင်လယ်ကမ်းခြေနေအိမ်ကြီးတစ်လုံး ပေါင် ၃၉၅၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာသင်ကြားပြသမှုမရှိဘဲ နှိမ့်ချအော်ငေါက် ဆက်ဆံခဲ့သော ဆရာ၊ ဆရာမများကို တရားစွဲ...
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာသင်ကြားပြသမှုမရှိဘဲ နှိမ့်ချအော်ငေါက် ဆက်ဆံခဲ့သော ဆရာ၊ ဆရာမများကို တရားစွဲ...
အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ...
အိန္ဒိယနိုင်ငံ ဒေလီမြို့မှ ကမ္ဘာ့အမြင့်မားဆုံး အမှိုက်ပုံကြီး၊ ဧကပေါင်း ၇၀ ကျယ်ဝန်းကာ အမြင့် ၇၂ မီတာ (၂၃၆ ပေ) ရှိ...
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး...
တစ်မြို့လုံး မြေမြိုခံရတော့မည့် အန္တရာယ်ကြီး ရင်ဆိုင်နေရပြီး အရေးပေါ်အခြေအနေ ကြေညာထားရသော ဘရာဇီးနိုင်ငံကမြို့လေး...
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံမြေများ ဝယ်ယူလျက်ရှိ...
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံမြေများ ဝယ်ယူလျက်ရှိ...
တူရကီတွင် ငလျင်ကြောင့် စိတ်ခြောက်ခြားခဲ့သော အမျိုးသားကြီးက လှိုဏ်ဂူထဲတွင် ပုန်းခိုနေထိုင် လျက်ရှိနေသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်...
တူရကီတွင် ငလျင်ကြောင့် စိတ်ခြောက်ခြားခဲ့သော အမျိုးသားကြီးက လှိုဏ်ဂူထဲတွင် ပုန်းခိုနေထိုင် လျက်ရှိနေသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖ
ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖ
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျ
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျ
ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် အခြေအတင် စကားများခဲ့သော အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်က ဝါရှင်တန် ဒီစီရှိ စံအိမ်ကို ကန်ဒေါ်လာ
ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် အခြေအတင် စကားများခဲ့သော အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်က ဝါရှင်တန် ဒီစီရှိ စံအိမ်ကို ကန်ဒေါ်လာ
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း
HOMES@PONNAMI
Expo Singapore

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service