ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ - Property News in Myanmar from iMyanmarHouse.com
29 Jan 2025 2:28 pm တွင် တင်ခဲ့သည်
709 ကြိမ် ကြည့်ရှု့ပြီး

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ်၌ လျှို့ဝှက်ချက်တစ်ခု ရှိနေသည်။

ဘရစ္စတိုးမြို့ရှိ အဆိုပါ နေအိမ်မှာ ကြည့်လိုက်ရုံနှင့်ပင် အလွန်ကျဉ်းမြောင်းကြောင်း ထင်ရှားနေရာ အလွန်လူကောင်သေးသူများသာ နေထိုင်နိုင်မည့် သဘောရှိသည်။

(ဘရစ္စတိုးမြို့ Fishponds အရပ် ၊ New Station လမ်းရှိ နေအိမ်မှာ မယုံနိုင်အောင် ကျဉ်းမြောင်းလှသည်။ ဓာတ်ပုံ-BPM)

(အကျဉ်းဆုံး နေရာတွင် ၃ ပေ သာ ရှိသည်။ ဓာတ်ပုံ-BPM)

(New Station လမ်း၊ အမှတ် ၂၈-၃၂ တွင် တည်ရှိသော နေအိမ်မှာ ဒေသခံများအတွက် အံ့အားသင့်ဖွယ် ဖြစ်နေသည်။ ဓာတ်ပုံ-BPM)

အုတ်နံရံ ၂ ဘက်ကြား ၃ ပေမျှသာ ကွာခြားကာ ပါးလျလွန်းသော နေအိမ်အဆောက်အအုံမှာ လူနေရန်ပင် မဖြစ်နိုင်ဟု မှတ်ထင်ရသည်။

ယခုအိမ်မှာ ဘရစ္စတိုး၏ အထူးဆန်းဆုံးနေအိမ်များတွင် တစ်ခုအပါအဝင် ဖြစ်နေသည်။ ပုံပန်းသွင်ပြင် ထူးဆန်းလှသော နေအိမ်မှာ အွန်လိုင်းတွင် ကျော်ကြားပျံ့နှံ့နေသည့်အပြင် ဒေသခံတို့အကြား ပြောစမှတ်တွင်နေသည်မှာလည်း နှစ်ပေါင်းအတန်ကြာခဲ့ပြီ ဖြစ်သည်။

နေအိမ်အဆောက်အအုံကို မတူညီသော ဒေါင့်အမျိုးမျိုးမှ ကြည့်မည်ဆိုလျှင် နေအိမ်မှာ အပြားပုံစံမဟုတ်ဘဲ သပ်ပုံသဏ္ဍာန် တြိဂံအသွင်ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။ အဆောက်အအုံ၏ အခြားတစ်ဘက်စွန်းမှာ ပိုမိုကျယ်ဝန်းရာ တစ်အိမ်လုံး ကျဉ်းမြောင်းသည်ကား မဟုတ်ချေ။

အိမ်၏ အကျဉ်းဆုံးနေရာမှာ ရေဆွဲအိမ်သာမှ ရေတိုင်ကီနေရာအကျယ်အဝန်းသာရှိကြောင်း ဒေသခံတစ်ဦးဖြစ်သူ Andy Bollan က ပြောသည်။

အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်မှာ ယခုအဆောက်အအုံနှင့် ပုံစံတူသည့် တစ်ခုတည်းသော အဆောက်အအုံမှာ နယူးယောက်မြို့ရှိ Flatiron အဆောက်အအုံဖြစ်ကြောင်း ပြောသည်။

“မျက်စိ စပါးမွှေးစူးစရာကောင်းတယ်လို့ မထင်ပါဘူး။ ဒီအဆောက်အအုံမှာ လူတွေဘယ်လိုနေတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ အရမ်းကျဉ်းလွန်းပါတယ်” ဟု ၎င်းက ပြောသည်။

(အဆောက်အအုံတစ်ခုလုံး ကျဉ်းမြောင်းသည်ကား မဟုတ်ချေ။ ဓာတ်ပုံ-Google Maps)

(အချို့ရှုထောင့်မှ ကြည့်လျှင်မူ မယုံနိုင်အောင် ကျဉ်းမြောင်းလှသည်။ ဓာတ်ပုံ-BPM)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Britain’s ‘skinniest home’ measuring just 3 FEET wide that leaves neighbours baffled – but it’s hiding a secret Photo Credit-BPM, Google Maps

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း...

ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှာ...

အမေရိကန်ပြည်၊ Phoenix မြို့တွင် ကျူးတို့က နေအိမ်တစ်လုံးကို ကျူးကျော်နေထိုင်သည့်အပြင် ပိုင်ရှင်မသိဘဲ စာရွက်စာတမ်းအတုများဖြင့် နေအိမ်ရောင်းစားမှု ဖြစ်ပေါ်...

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (Kurt Cobain ၏ ဇနီး) လည်း ပါဝင်လာ၊ Courtney Love က လော့စ်အိန်ဂျလိမှနေအိမ်ကို ရောင်းချကာ ဗြိတိန်နိုင်ငံသားအဖြစ် ခံယူရန်စီစဉ်...

[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန်းကြယ်သောဖြစ်ရပ်...

(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ...

ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ်နေ၊ ထရမ့်ဂျူနီယာ၏ ဇနီးဟောင်း ဗနက်ဆာမှာ တိုက်ဂါးဝုဒ်၏ ဒေါ်လာ သန်း ၆၀ တန် စံအိမ်...

ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရာ ကြက်သားအစိမ်းများကို မဖုံးမအုပ်ဘဲ ရေခဲသေတ္တာအတွင်း တင်ထားမှုအပေါ် ကြည့်ရှုရသည့် ပရိသတ်များ စိတ်...

စကော့တလန်တွင် လျှပ်စစ်မီးလိုင်း၊ ဓာတ်ငွေ့လိုင်းမရှိသော ပင်လယ်ကမ်းခြေနေအိမ်ကြီးတစ်လုံး ပေါင် ၃၉၅၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်း

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး

(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က

ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ

တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ

အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ

Expo Singapore
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service