ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း - Property News in Myanmar from iMyanmarHouse.com
27 Jan 2025 11:45 am တွင် တင်ခဲ့သည်
831 ကြိမ် ကြည့်ရှု့ပြီး

ဂျပန်အမျိုးသားတစ်ဦးသည် ပျက်စီးယိုယွင်းနေသော စွန့်ပစ်ခံ နေအိမ်ပေါင်း ၂၀၀ ကို အငှားချထားခြင်းမှ ယန်းငွေ သန်း ၁၄၀ (ကန်ဒေါ်လာ ၉၀၀,၀၀၀) ရရှိနေသော ဖြစ်ရပ်အပေါ် အွန်လိုင်းတွင် စိတ်ဝင်စားသူ အလွန်များပြားနေသည်။

ဟယတို့ ကဝမူရ အမည်ရှိ အသက် ၃၈ နှစ်အရွယ် အမျိုးသားသည် ဂျပန်နိုင်ငံ၊ ဟွန်ရှူးကျွန်း၊ အိုဆာကာမြို့တွင် နေထိုင်သူ ဖြစ်သည်။

ကဝမူရသည် ကလေးဘဝကတည်းက နေအိမ်များကို စိတ်ဝင်စားခဲ့သူဖြစ်ကြောင်း ဂျပန်အိမ်ခြံမြေ သတင်းဌာနတစ်ခုဖြစ်သည့် Rakumachi က ဖော်ပြသည်။

ဆယ်ကျော်သက်အရွယ်က တောင်ထိပ်ပေါ်ရှိ ရှုခင်းကြည့်အဆောင်မှတဆင့် မြို့၏ နေအိမ်အမျိုးမျိုးကို ကြည့်ရှုကာ ပျော်ရွှင်နေခဲ့သူ ဖြစ်သည်။

ကျောင်းတက်စဉ် ကာလများတွင်လည်း ကဝမူရသည် အိမ်ခြံမြေအပေါ် စိတ်ဝင်စားနေခဲ့ပြီး ချစ်သူမိန်းကလေး နှင့် ချိန်းတွေ့စဉ်ကာလများအတွင်းတွင်ပင် အိမ်ခြံမြေ သွားရောက်ကြည့်ရှုခြင်းများ ပြုလုပ်ခဲ့သည်။

ထိုအချိန်က ကဝမူရတွင် အိမ်ဝယ်နိုင်မည့်ငွေ မရှိသေးသော်လည်း အားလပ်ချိန်တိုင်းတွင် အိမ်ခြံမြေ အကြောင်းကိုသာ လေ့လာနေခဲ့သည်။

ဘွဲ့ရပြီးသောအခါ ကဝမူရသည် အိမ်ခြံမြေအငှားကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

(ဟယတို့ ကဝမူရသည် ပျက်စီးယိုယွင်းနေသော အိမ်များကို ဝယ်ယူကာ ပြန်လည်အငှားချထားခြင်းများ ပြုလုပ်သည်။ ဓာတ်ပုံ-QQ.Com )

ထိုသို့ လုပ်ကိုင်နေရင်း ကဝမူရ၏ အထက်ခေါင်းဆောင်မှာ ကုမ္ပဏီမှ စီမံခန့်ခွဲရေးအဖွဲ့နှင့် အငြင်းပွားခဲ့ပြီး နောက်ပိုင်း ရာထူး လျှော့ချ ခံလိုက်ရရာ အခြားသူအတွက် အလုပ်လုပ်ပေးနေရခြင်းမှာ ဘဝအာမခံချက် မရှိကြောင်း ကဝမူရ စတင်ခံစားမိလာသည်။

“ရာထူးတိုးတာတွေဟာ အရည်အချင်းနဲ့မဆိုင်ဘူး၊ အထက်လူ ကိုယ့်ကို သဘောကျမကျနဲ့ပဲ ဆိုင်တယ်ဆိုတာ ကျွန်တော်သိလာပါတယ်”

ထိုအချိန်မှစပြီး ကဝမူရသည် နေအိမ်ပိုင်ဆိုင်သူတစ်ယောက် ဖြစ်လာစေရန် ဆုံးဖြတ်ကာ ငွေစတင် စုဆောင်းခဲ့သည်။

အသက် ၂၃ နှစ်အရွယ်တွင် လေလံတင်ရောင်းချသော တိုက်ခန်းတစ်ခန်းကို ယန်းငွေ ၁ ဒသမ ၇ သန်း (ကန်ဒေါ်လာ ၁၀၈၀၀) ဖြင့် ဝယ်ယူခဲ့သည်။

ထိုအခန်းကို အငှားချထားရာ နှစ်စဉ်ဝင်ငွေ ယန်း ၃၄၀,၀၀၀ ရရှိခဲ့ပြီး ၆ နှစ်အကြာတွင် ယန်း ၄ ဒသမ ၃ သန်း ဖြင့် ပြန်လည် ရောင်းထုတ်ခဲ့သည်။

ယင်းနောက်ပိုင်း ကဝမူရက ကျေးလက်ဒေသများရှိ ပျက်စီးယိုယွင်းနေသောအိမ်များကို ပစ်မှတ်ထားခဲ့သည်။

ထိုအိမ်အများစု၏ ဈေးနှုန်းမှာ ယန်း ၁ သန်းအောက်သာ ရှိသည်။

ကဝမူရက ငွေကြေးအနည်းငယ်မျှသာ သုံးစွဲကာ ပြန်လည်မွမ်းမံမှု ပြုလုပ်ပြီး လျင်မြန်စွာ အငှားချထားသည်။

၂၀၁၈ ခုနှစ်တွင် Merryhome အမည်ဖြင့် ကိုယ်ပိုင်အိမ်ခြံမြေကုမ္ပဏီကို စတင်တည်ထောင်သည်။

ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း ကဝမူရသည် ယိုယွင်းနေသော နေအိမ်ပေါင်း ၂၀၀ ဝယ်ယူခဲ့ပြီး ပြန်လည်အငှားချထားမှုမှ ဝင်ငွေ နှစ်စဉ် ယန်း သန်း ၁၄၀ ကျော် ရရှိနေသည်။

(သူ၏ နေအိမ်တစ်လုံးကို ကဝမူရ စစ်ဆေးကြည့်ရှုနေပုံ။ ဓာတ်ပုံ-QQ.Com)

“ကျွန်တော် နေ့ချင်းညချင်း ချမ်းသာဖို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး။ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုဟာ ရေရှည် ကစားပွဲတစ်ခုပါ။ စိတ်ရှည်ဖို့ ၊ ဂရုထားဖို့ လိုပါတယ်”ဟု ကဝမူရက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Japan man buys 200 decayed houses, generates US$900,000 in annual rent, captures attention Photo Credit-QQ.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံမြေများ ဝယ်ယူလျက်ရှိ...
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံမြေများ ဝယ်ယူလျက်ရှိ...
တူရကီတွင် ငလျင်ကြောင့် စိတ်ခြောက်ခြားခဲ့သော အမျိုးသားကြီးက လှိုဏ်ဂူထဲတွင် ပုန်းခိုနေထိုင် လျက်ရှိနေသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်...
တူရကီတွင် ငလျင်ကြောင့် စိတ်ခြောက်ခြားခဲ့သော အမျိုးသားကြီးက လှိုဏ်ဂူထဲတွင် ပုန်းခိုနေထိုင် လျက်ရှိနေသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်...
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ...
ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ...
[အင်္ဂလန်ရဲ့ ဈေးအသက်သာဆုံးအိမ်] အင်္ဂလန်တွင် အိပ်ခန်း ၃ ခန်းပါ နေအိမ်တစ်လုံး ၁ ပေါင်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
[အင်္ဂလန်ရဲ့ ဈေးအသက်သာဆုံးအိမ်] အင်္ဂလန်တွင် အိပ်ခန်း ၃ ခန်းပါ နေအိမ်တစ်လုံး ၁ ပေါင်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေးလျှော့ပေးလာ...
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေးလျှော့ပေးလာ...
ဇနီးဖြစ်သူ၏အလောင်းနှင့်အတူ နေထိုင်နေသော ထပ်ဆင့်အော်စကာဆုရှင် Gene Hackman ကို နယူးမက္ကဆီကိုပြည်နယ်ရှိ ဒေါ်လာ ၄ သန်းတန် နေအိမ်အတွင်း ပုပ်ပွသေဆုံးလျက်တွေ့ရှိ၊ အာဏာပိုင်တို့က ၎င်းတို့ဇနီးမောင်နှံ သေဆုံး...

စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုကွန်ရက်တွင် ကြေညာ...
စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုကွန်ရက်တွင် ကြေညာ...
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျိုးသမီးတစ်ဦးက ၎င်းဝယ်ယူထားသည့် စာအုပ်များအား အမှတ်တရ လက်မှတ်ရေးထိုးခိုင်းခဲ့ပုံဖြစ်ရပ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က...

တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွင်း လူမှုကွန်ရက်သုံးစွဲသူတို့အကြား ကျော်ကြားပျံ့နှံ့...
တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွင်း လူမှုကွန်ရက်သုံးစွဲသူတို့အကြား ကျော်ကြားပျံ့နှံ့...
အင်္ဂလန်တွင် နေအိမ်အောက်၌ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်များရှိနေသည့် ၁၂ ရာစု နေအိမ်တစ်လုံး ပေါင် ၁,၀၀၀,၀၀၀ ဖြင့် ...
အင်္ဂလန်တွင် နေအိမ်အောက်၌ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်များရှိနေသည့် ၁၂ ရာစု နေအိမ်တစ်လုံး ပေါင် ၁,၀၀၀,၀၀၀ ဖြင့် ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်း
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်း
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် အခြေအတင် စကားများခဲ့သော အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်က ဝါရှင်တန် ဒီစီရှိ စံအိမ်ကို ကန်ဒေါ်လာ
ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် အခြေအတင် စကားများခဲ့သော အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်က ဝါရှင်တန် ဒီစီရှိ စံအိမ်ကို ကန်ဒေါ်လာ
မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service