ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ - Property Knowledge in Myanmar from iMyanmarHouse.com
19 Jan 2025 12:10 pm တွင် တင်ခဲ့သည်
466 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

iMyanmarHouse ဆီသို့ အိမ်ခြံမြေချစ်သူများ ပေးပို့လာတဲ့ ဥပဒေရေးရာမေးခွန်းများထဲမှ သုံးခုကို ဒီတစ်ပတ်အတွက် ဖြေကြားတင်ဆက်ပေးလိုက်ပါတယ်။ ဥပဒေအသိကြွယ်စေဖို့ရာ အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများကို iMyanmarHouse.com မှ အပတ်စဥ် တင်ဆက်ပေးလျက်ရှိပါသည်။

⚖️ မေးခွန်း (၁) - ၁၂ ကျော်နေထိုင်ရင်အိမ်ငှါးက အိမ်ပိုင်ဖြစ်ပါသလား။

ကာလစည်းကမ်းသတ်မှာ အမှုတစ်ခုလုံးတွင် အရေးပါသော ပြသနာတစ်ရပ်ပင်ဖြစ်ပါသည်။ တရားပြိုင်မှ ဆန့်ကျင်လက်ရှိထားသည်မှ စ၍ ကာလစည်းကမ်းသတ်ကို ရေတွက်ရမည်ဖြစ်ပါသည်။ ငှားရမ်းထားသူ နှင်လိုပါက မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား လက်ရောက်ရလိုမှုမှာ (၁၂)နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်ပြီး အခမဲ့ ခွင့်ပြုချက်ဖြင့် နေထိုင်သူဖြစ်ပါက ကာလစည်းကမ်းသတ် (၆)နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်ပါသည်။ ကာလစည်းကမ်းသတ် ကျော်လွန်ပြီးသည့်အခါမှ တရားစွဲဆိုလျှင် တရားလိုမှ တရားစွဲဆိုခွင့်မရှိပါ။ ကာလစည်းကမ်းသတ် အက်ဥပဒေပုဒ်မ-၃ အရ ကာလစည်းကမ်းသတ်ကျော်လွန်ပြီးမှ စွဲဆိုသောအမှုများအား တရားမှ ပလပ်မည်ဖြစ်ပါသည်။

တရားလိုမှာ မိမိပိုင်ဆိုင်သော အိမ်ခြံမြေ အချင်းဖြစ်ပစ္စည်းအား ပြန်လည်လက်ရောက်ရယူလိုလျှင် ကာလစည်း ကမ်းသတ်(၁၂)နှစ်အတွင်း တရားပြိုင်သည် ဆိုင်ရေးဆိုင်ခွင့်မရှိဘဲ အဆိုပါပစ္စည်းအား သိမ်းပိုက်ထားကြောင်း တရားလိုက သက်သေထူတင်ပြရမည်ဖြစ်ပါသည်။ (ဒေါ်တင်ကြည်ပါ-၆ နှင့်ဦးစိုးဝင်း ၁၉၉၀၊ မတစ(ရုံးချုပ်)၂၈)

တရားရုံး အမိန့်ဒီကရီအရ ရောင်းချခြင်းအား အတည်ပြုရာတွင် ကာလစည်းကမ်းသတ် (၁)နှစ်၊ ကုန်ပစ္စည်းပျက်စီး၊ ပျောက်ဆုံးလျှင် ကာလစည်းကမ်းသတ်မှာ (၁)နှစ် ၊ အမွေထိန်းအပေါ် တရားစွဲဆိုလိုလျှင် ကာလစည်းကမ်းသတ် (၂)နှစ် စသဖြင့် သတ်မှတ် ကာလစည်းကမ်းသတ်အတွင်း တရားစွဲဆိုရမည်ဖြစ်ပါသည်။

တရားလို၏ အဆိုလွှာအရ ကာလစည်းကမ်းသတ် ထင်ရှားစွာမရှိဘဲ အကြောင်းခြင်းရာ ပေါ်ပေါက်နေလျှင် တရားရုံးမှ ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ-၃ အရ အဆုံးအဖြတ်ပေးမည်ဖြစ်ကာ တရားပြိုင်မှလဲ တရားမကျင့် ထုံးဥပဒေအမိန့် ၈၊ နည်း ၂အရ ချေလွှာတွင် ကာလစည်းကမ်းသတ်ကျော်လွန်ကာ တရားစွဲဆိုခွင့်မရှိကြောင်း ခုခံတင်ပြနိုင်ကြောင်း ဖြေဆိုပေးလိုက်ပါသည်။

⚖️ မေးခွန်း (၂) - ပုံစံ (၁၀၅/၁၀၆) ဆိုတာ ဘာကိုပြောတာလဲ။

ပုံစံ-၁၀၅ ဆိုတာ မှတ်တမ်းတစ်ရပ်သာဖြစ်ပြီး ပိုင်ဆိုင်မှု အထောက်အထားမဟုတ်ပါ။ အကျယ်အဝန်း ဖော်ပြပါရှိကာ မြေယာများနှင့် စပ်လျဉ်း၍ လက်ဝယ်ထားရှိရန် ထုတ်ပေးခြင်းဖြစ်ပြီး တရားရုံးတင်ပြရန် ၊ သက်ဆိုင်ရာရုံးတွင် မြေကွက်အကျယ်အဝန်းအတွက် အထောက်အထားများတင်ပြရန်၊ မြေယာ အငြင်းပွှားမှု များ ဖြေရှင်းရန်၊ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်၊ ဂရန်အမည်ပြောင်း လျှောက်ထားခြင်းများ ဆောင်ရွက်ရန် အတွက်ဆိုလျှင်တော့ သက်ဆိုင်ရာ မြေစာရင်းဌာနမှ သက်သေခံမြေပုံ ထုတ်ပေးမည်ဖြစ်ပါသည်။

ထို့သို့ သက်သေခံခြင်းမှာလဲ မြေယာအချက်အလက် ဦးပိုင်၊ အကွက်အမှတ်၊ မြေတိုင်းအမှတ်၊ မြေအမျိုးအစား၊ အမည်ပေါက်၊ ဧရိယာအကျယ်အဝန်းအတွက် မှတ်တမ်းအဖြစ် ထားရှိသည်များကို သက်သေခံခြင်းဖြစ်ပြီး ပုံစံ-၁၀၅ မှာ မြေပိုင်ဆိုင်မှု အထောက်အထားတော့ ဖြစ်လာမည်မဟုတ်ပါ။ သို့သော် အရောင်းအဝယ်များပြုလုပ်သည့်အခါတိုင်းတွင်တော့ အဆိုပါမြေပုံ-၁၀၅ မဖြစ်မနေ ပိုင်ဆိုင်မှုစာချုပ်စာတမ်းများနှင့် ပူးတွဲ ပါရှိရပါမည်ဖြစ်ပါသည်။

ပုံစံ-(၇)၊ပုံစံ-၁၀၅ ထွက်ရှိပြီး ရွာနှင့်နီးစပ်သည်ဆိုရုံဖြင့် ရွာတိုးချဲ့မြေအဖြစ် သတ်မှတ်၍မရနိုင်ပါ။ လယ် ယာမြေကို အခြားနည်းသုံးစွဲမည်ဆိုပါက လယ်ယာမြေဥပဒေအရ အခြားနည်းအသုံးပြုခွင့် လ/ယ-၃၀ လျှောက်ထား ဆောင်ရွက်ခြင်း ပြုရမည်ဖြစ်သောကြောင့် ရွာမြေဆိုကာ ပုံစံ-၁၀၅ ပြရုံဖြင့် မဝယ်ယူလိုက်ပါနဲ့။ ရွာမြေများနှင့် မြို့နီးစပ် လယ်ယာမြေအမျိုးအစားများအား အခြားနည်းသုံးစွဲခွင့် ခွင့်ပြုမိန့် လ/ယ-၃၀ ၊ ပုံစံ-၁၀၅ ပြသပြီး ရောင်းချခြင်းဖြစ်ပါကလဲ သက်ဆိုင်ရာမြေစာရင်းဌာနတွင် စာရွက်စာတမ်းစစ်ဆေးခြင်း၊ စုံစမ်းခြင်း ပြုပြီးမှ ဝယ်ယူသင့်ပါသည်။

ပုံစံ-၁၀၆ မှာ မြေရာဇဝင် အတိုချုပ် မှတ်တမ်းပင်ဖြစ်ပါသည်။ စည်ပင်သာယာရေးကော်မတီတွင် မြေပုံ လျှောက်ထား ထုတ်ယူခြင်းဖြစ်ပါက ပုံစံ-၁၀၅/၁၀၆ တွင် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှုး လက်မှတ်ပါရှိရမည်ဖြစ်ပြီး အခြားမြို့နယ်များတွင် ပုံစံ-၁၀၅/၁၀၆ ထုတ်ယူခြင်းဖြစ်ပါက သက်ဆိုင်ရာမြို့နယ်၊မြေစာရင်းဌာနမှူး၏ လက်မှတ် ပါရှိရမည်ဖြစ်ပါသည်။

ပုံစံ(၇)ထွက်ရှိသည့် လယ်မြေ၊ လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများတွင် မြေပုံ/မြေရာဇဝင်-၁၀၅/၁၀၆ ပူးတွဲ ထွက်ရှိသလို လူနေထိုင်ခွင့်ပြုသည့် ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေ၊ ဂရန်မြေများတွင်လဲ မြေပုံ/မြေရာဇဝင်- ၁၀၅/ ၁၀၆ ပူးတွဲပါရှိပါသည်။ လယ်ယာမြေပုံစံ-၇ ထွက်ရှိသည့် မြေအမျိုးအစားများတွင်လဲ R, R1, R2, R3, R4, RG, RP, M,Y,D, G ဟူ၍ရှိရာ ဧရိယာအကျယ်အဝန်းအား စစ်ဆေးမည်ဆိုပါက ပုံစံ-၁၀၅ အား ကြည့်ရှုရမည်ဖြစ်ကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

⚖️ မေးခွန်း (၃) - စလစ်မြေနှင့် ပါမစ်မြေ ဘာတွေ ကွာခြားပါသလဲ။

စလစ်မြေဆိုသည်မှာ သက်ဆိုင်ရာမြေစာရင်းဌာနများက အကွက်ချကာ မြေချစလစ်ချပေးသောမြေကို ခေါ်ဆို ခြင်းဖြစ်ပါသည်။ သက်ဆိုင်ရာမြေစာရင်းဌာနသို့ သွားရောက်စစ်ဆေးကာ ဝယ်ယူခြင်းဖြစ်ပါက အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီးလျှင် အိမ်ဆောက်လုပ် နေထိုင်ခွင့်ရှိလဲပါသည်။ အမည်ပေါက်ပြောင်းလဲခြင်းမရဘဲ ပါမစ်မြေအဖြစ် ပြောင်းလဲပြီး မှ ဂရန်အမည်ပေါက် လျှောက်ထားနိုင်ပါသည်။

ပါမစ်မြေကို ဝယ်ယူမည်ဆိုပါက (၁)လအတွင်း အိမ်ဆောက်လုပ်ရမည်ဖြစ်ပြီး ဂရန်ပြောင်းလဲ လျှောက်ထားလိုပါ က မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ပါမစ်အမည်ပေါက်ပိုင်ရှင်နှင့် ဂရန်အမည်ပေါက် လျှောက်ထားမည်သူတို့ ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ်ပြသရန် လိုအပ်ပါသည်။ အိုးအိမ်မှ ထုတ်ပေးထားသော ပါမစ်ဆိုပါက အိုးအိမ် ရုံးတွင် စာရွက်စာတမ်း သွားရောက်စစ်ဆေးနိုင်ပြီး စည်ပင်ရုံးတွင် ပြောင်းထားသော ပါမစ်ဖြစ်ပါက စည်ပင်ရုံးတွင် သွားရောက် စစ်ဆေးရပါသည်။

ပါမစ်မြေချထားရာတွင် မိသားစုနေထိုင်ရန်အတွက် ဓာတ်ပုံများထည့်သွင်းကာ ခွင့်ပြုချက် ချပေးထားပြီး စာရွက် စာတမ်းများပြည့်စုံမှသာ ဝယ်ယူသင့်ပါသည်။ ပါမစ်မြေမှာတစ်ကွက်လျှင် (၄၀×၆၀) မြေကွက်ဖြစ်ပြီး ထိုမြေကွက်အား နှစ်ဦးနှစ်ဖက် ပိုင်ဆိုင်နေပါက ဂရန်လျှောက်ထားလျှင် နှစ်ဦးနှစ်ဖက် သဘောတူညီမှုနဲ့ နှစ်ဦးအမည်ပေါက်ဂရန် လျှောက်ထားနိုင်ပါသည်။

ပါမစ်မြေသည် မြေစီမံခန့်ခွဲမှုဌာနတွင် အစိုးရပိုင်သာမှတ်တမ်းတည်ရှိနေသဖြင့် ဦးပိုင်နံပါတ် မထွက်သေးပေ။ ပါမစ်မြေ၊ စလစ်မြေတို့မှာ အိမ်ဆောက်လုပ်နေထိုင်ရန်အတွက် ချပေးထားသော မြေအမျိုးအစားဖြစ်ကာ မြို့သစ် မြေကွက်များ ချပေးသည့်အခါ ထုတ်ပေးလေ့ရှိပြီး သက်ဆိုင်ရာမြေစာရင်းရုံးများတွင် သွားရောက်ကာ စစ်ဆေးရန်အထူး လိုအပ်ပါသည်။

ပါမစ်မြေများအား ဂရန်လျှောက်ထားသည့်အခါများတွင် တချို့မှာ ပါမစ်ပျောက်ဖြင့် ဂရန်လျှောက်ထားခြင်းများ ရှိပြီး ဂရန်အသစ်ထုတ်ယူခြင်းနှင့် ပတ်သတ်၍ တစ်စုံတစ်ယောက်မှ ပါမစ်မူရင်းတင်ပြကာ ကန့်ကွက်လာပါက ထုတ်ပေး သော ဂရန်မူရင်းအား ပယ်ဖျက်မည်ကိုသိရှိကြောင်း စာသားပါတံဆိပ်တုံး ရိုက်နှက်ကာ ဌာနမှ လျှောက်ထားသူအား လက်မှတ်ရေးထိုးစေခြင်းများလဲ ဆောင်ရွက်ကြောင်း ဖြေဆိုပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါရစေ။

မေးခွန်းပေးပို့ရန် Link ➡ https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကျော်ကြားထင်ရှား ပုဂ္ဂိုလ်များရဲ့ ဖယောင်းရုပ်ထုပုံများစွာကို မြင်တွေ့နိုင်သည့် လန်ဒန် ဖယောင်းပြတိုက်...
ကျော်ကြားထင်ရှား ပုဂ္ဂိုလ်များရဲ့ ဖယောင်းရုပ်ထုပုံများစွာကို မြင်တွေ့နိုင်သည့် လန်ဒန် ဖယောင်းပြတိုက်...
မှတ်သားဖွယ် ဥပဒေအမေးအဖြေများ
မှတ်သားဖွယ် ဥပဒေအမေးအဖြေများ
တရားရုံးများ အဆင့်ဆင့် ဖွဲ့စည်းပုံအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားရုံးများ အဆင့်ဆင့် ဖွဲ့စည်းပုံအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague...
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague...
ရင်းနှီးမြှုပ်နှံမှု ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွားလို့ စွန့်ပစ်ခံထားရတဲ့ မိုးမျှော်တိုက်ကြီး...
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွားလို့ စွန့်ပစ်ခံထားရတဲ့ မိုးမျှော်တိုက်ကြီး...
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ ဆောက်လုပ်ပေးလျက်ရှိ...
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ ဆောက်လုပ်ပေးလျက်ရှိ...
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖြစ်သူနှင့် ပြန်လည်ဆုံစည်း၊ ရုပ်ချင်းတူရုံမျှမက ဖျားနာလျှင်ပင် ဆန်းကြယ်စွာ တပြိုင်တည်းဖြစ်လေ့ရှိ...

မိုးမျှော်တိုက်ကြီး ၂ ခု၏ ထိပ်ဖျားနှစ်ဘက်ကို ကောင်းကင်ရေကူးကန်ဖြင့် ဆက်သွယ်ပေးထားမည့် ဒူဘိုင်းက အံ့မခန်း ဆောက်လုပ်ရေး စီမံကိန်း ၊ အခန်းတိုင်း၏ လသာဆောင်တွင် ကိုယ်ပိုင်ရေကူးကန်တစ်ခုစီ ပါဝင်မည်...
မိုးမျှော်တိုက်ကြီး ၂ ခု၏ ထိပ်ဖျားနှစ်ဘက်ကို ကောင်းကင်ရေကူးကန်ဖြင့် ဆက်သွယ်ပေးထားမည့် ဒူဘိုင်းက အံ့မခန်း ဆောက်လုပ်ရေး စီမံကိန်း ၊ အခန်းတိုင်း၏ လသာဆောင်တွင် ကိုယ်ပိုင်ရေကူးကန်တစ်ခုစီ ပါဝင်မည်...
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အဘွားဖြစ်သူကို အပန်းဖြေခရီးပို့နိုင်ရန် ရုန်းကန်ကြိုးစားနေပုံ...
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အဘွားဖြစ်သူကို အပန်းဖြေခရီးပို့နိုင်ရန် ရုန်းကန်ကြိုးစားနေပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service