တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ်သုံးပစ္စည်းများ ပေးအပ်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ်သုံးပစ္စည်းများ ပေးအပ် - Property Knowledge in Myanmar from iMyanmarHouse.com
16 Jan 2025 10:48 am တွင် တင်ခဲ့သည်
872 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ်သုံးပစ္စည်းများ ပေးအပ်

အွန်လိုင်းရောင်းဝယ်ရေးဝက်ဘ်ဆိုက် JD.Com တည်ထောင်သူ တရုတ် ဘီလျံနာသူဌေးကြီး ရစ်ချတ် လျိုချန်းတုံ၏ ကျေးဇူးတရားသိတတ်ကြောင်း ပြသမှုမှာ ကြားရသူတိုင်း၏ နှလုံးသားများကို နွေးထွေးစေခဲ့သည်။

သူဌေးကြီး လျိုချန်းတုံသည် တရုတ်ပြည် ကျန်းစုပြည်နယ် ကွမ်မင်းကျေးရွာတွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သည်။

လာမည့် တရုတ်နှစ်သစ်ကူးကာလအတွက် ဇာတိမြေ ရွာကလေးမှ ရွာသားများကို လက်ဆောင်ပေးမည်ဖြစ်ကြောင်း လျိုချန်းတုံက ကြေညာခဲ့ခြင်း ဖြစ်သည်။

South China Morning Post တွင် ဖော်ပြချက်အရ အသက် ၆၀ နှစ်အထက် ရှိသော ရွာသားတိုင်းကို ယွမ် ၁၀၀၀၀ ငွေသားလက်ဆောင် (ကန်ဒေါ်လာ ၁၄၀၀ ခန့်) ပေးမည့်အပြင် အိမ်ထောင်စုတိုင်းအတွက် ယွမ်ငွေ ထောင်နှင့်ချီ တန်ကြေးရှိသော အစားအသောက်၊ အဝတ်အထည်နှင့် အိမ်သုံးပစ္စည်းများ လက်ဆောင်ပေးမည် ဖြစ်သည်။

လျိုချန်းတုံသည် ထိုသို့ နှစ်သစ်ကူးလက်ဆောင်ပေးခြင်းများကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။

လျိုချန်းတုံသည် ကွမ်မင်းရွာကလေးတွင် ကြီးပြင်းခဲ့သော အညတရတစ်ဦးဘဝမှ ကမ္ဘာကျော် သူဌေးကြီး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ဆယ်ကျော်သက်ဘဝက ပေကျင်းမြို့သို့ တက္ကသိုလ်တက်ရန် သွားရောက်ချိန်တွင် ရွာသားများ စုပေါင်းကာ လျိုချန်းတုံအား ယွမ်ငွေ ၅၀၀ (ကန်ဒေါ်လာ ၇၀) နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ကူညီခဲ့သည်။

အချိန်ကား ၁၉၉၀ ပြည့်လွန် အစောပိုင်း ကာလများ ဖြစ်သည်။

ရွာသားများ၏ ထိုသို့ ကူညီခဲ့မှုမှာ လျိုချန်းတုံ၏ စိတ်နှလုံးတွင် သံမှိုနှက်ထားသကဲ့သို့ စွဲထင်နေသည်။

ထို့ကြောင့် မိမိ ချမ်းသာကြွယ်ဝလာချိန်တွင် ရွာသားများကို နှစ်စဉ် လက်ဆောင်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။

“ဇာတိမြေက ရွာသူရွာသားတွေကို ကျွန်တော် ထာဝရ ကျေးဇူးတင်နေမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ထောက်ပံ့ကူညီခဲ့မှုဟာ ကျွန်တော့် ပညာရေးခရီးမှာ အုတ်မြစ်တစ်ခု ဖြစ်ခဲ့ပြီး နောက်ဆုံးမှာ JD.Com ကို တည်ထောင်နိုင်စေခဲ့ပါတယ်”ဟု အသက် ၅၂ အရွယ်ရှိ ဘီလျံနာ သူဌေးကြီးက ပြောသည်။

Hurun Global Rich List တွင် ဖော်ပြချက်အရ လျိုချန်းတုံ၏ ကြွယ်ဝမှုမှာ ယွမ် ၄၉ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံ) ခန့်ရှိသည်ဟု ခန့်မှန်းထားပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်အဖြစ် ရပ်တည်နေသည်။

ယခုနှစ်တွင် လက်ဆောင်ဖြန့်ဝေမှုများ လွယ်ကူစေရန်အတွက် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်အချက်အလက်များ တောင်းခံခဲ့သည်။

ပြီးခဲ့သော ဇန်နဝါရီ ၈ ရက်တွင် ကွမ်မင်းရွာကလေးသို့ လျိုချန်းတုံ ရောက်ရှိလာခဲ့သည်။ အိမ်ထောင်စုပေါင်း ၁၄၀၀ ရှိသော ကျေးရွာတွင် လျိုချန်းတုံ မလာမီ ကြီးကျယ်ခမ်းနားသော ကြိုတင်ပြင်ဆင်ထားမှုများ ပြုလုပ်ခဲ့သည်။

ရှုအမည်ရှိ လယ်သမားတစ်ဦးက လျိုချန်းတုံ၏ ရက်ရောမှုအတွက် ကျေးဇူးတင်ကြောင်း ပြောသည်။

လျိုချန်းတုံက ယွမ် ၁၀၀၀၀ လက်ဆောင်ပေးသော သက်ကြီးရွယ်အိုများစာရင်းတွင် မိမိ၏ မိဘ ၂ ပါးလည်း ပါဝင်ကြောင်း ၎င်းက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Billionaire Richard Liu pays back $1,400 to each of his home villagers as a “Thank You” gift for funding his education at university 35 years ago

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Laminate Floor နဲ့ Vinyl Floor ရဲ့ ခြားနားချက်များ
Laminate Floor နဲ့ Vinyl Floor ရဲ့ ခြားနားချက်များ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း (၅) သွယ်
ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း (၅) သွယ်
မြေအမျိုးအစားပေါ်မူတည်၍ အမည်ပေါက်ပြောင်းလဲ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေအမျိုးအစားပေါ်မူတည်၍ အမည်ပေါက်ပြောင်းလဲ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Valentine’s Day တွင် အသည်းကွဲနေသူတို့အနေဖြင့် ချစ်သူဟောင်းအား လက်စားချေနိုင်ရန် အမေရိကန်ရှိ တိရ စ္ဆာန်ဥယျာဉ်များက စီစဉ်ပေးလာသည့် ထူးဆန်းသော လက်စားချေနည်းများ...
Valentine’s Day တွင် အသည်းကွဲနေသူတို့အနေဖြင့် ချစ်သူဟောင်းအား လက်စားချေနိုင်ရန် အမေရိကန်ရှိ တိရ စ္ဆာန်ဥယျာဉ်များက စီစဉ်ပေးလာသည့် ထူးဆန်းသော လက်စားချေနည်းများ...
သြစတေးလျ ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်သော နေအိမ်များ လေလံတင်ရောင်းချရန် စီစဉ်နေ
သြစတေးလျ ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်သော နေအိမ်များ လေလံတင်ရောင်းချရန် စီစဉ်နေ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမျိုးများထံမှ ယွမ် ၁၂ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၆ သန်း) လိမ်လည်ခဲ့သည့် ဖြစ်ပုံ...
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမျိုးများထံမှ ယွမ် ၁၂ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၆ သန်း) လိမ်လည်ခဲ့သည့် ဖြစ်ပုံ...
ဂျပန်ကုမ္ပဏီတစ်ခုက လူတော်ဝန်ထမ်းသစ်များကို ဆွဲဆောင်နိုင်ရန်အတွက် အလုပ်တွင် အခမဲ့ အရက်တိုက်မည့်အပြင် အရက်နာကျသောကြောင့် ခွင့်ယူခြင်းများကိုလည်း ခွင့်ပြုမည်ဖြစ်ကြောင်း ကြော်ငြာကာ ဝန်ထမ်းခေါ်ယူလျက်ရှိ...

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မိသားစုပိုင်လျှို့ဝှက် ရတနာတွင်းကြီးကြောင့်ဖြစ်ကြောင်း Elon Musk ၏ ဖခင်က ပြော၊ Elon Musk ကမူ မဟုတ်မှန...

ကျော်ကြားထင်ရှား ပုဂ္ဂိုလ်များရဲ့ ဖယောင်းရုပ်ထုပုံများစွာကို မြင်တွေ့နိုင်သည့် လန်ဒန် ဖယောင်းပြတိုက်...
ကျော်ကြားထင်ရှား ပုဂ္ဂိုလ်များရဲ့ ဖယောင်းရုပ်ထုပုံများစွာကို မြင်တွေ့နိုင်သည့် လန်ဒန် ဖယောင်းပြတိုက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့်
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့်
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service