ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ - Property News in Myanmar from iMyanmarHouse.com
2 Jan 2025 2:19 pm တွင် တင်ခဲ့သည်
551 ကြိမ် ကြည့်ရှု့ပြီး

Tesla တည်ထောင်သူ Elon Musk ၏ ကြွယ်ဝမှုမှာ မကြာသေးမီက စံချိန်တင် မြင့်တက်ခဲ့ရာ ဒေါ်လာ ၄၀၀ အထက် ချမ်းသာသည့် ကမ္ဘာ့ပထမဆုံးပုဂ္ဂိုလ်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။

Bloomberg ဘီလျံနာညွန်းကိန်းအရ Elon Musk ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၄၄၄ ဘီလီယံဖြစ်ပြီး ဒေါ်လာ ၅၀၀ ဘီလီယံအထိ ရောက်ရှိရန် နီးကပ်လာနေပြီဖြစ်ကြောင်း ဖော်ပြသည်။

ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ၃ နေရာတွင် ရပ်တည်နေသော ပုဂ္ဂိုလ် ၃ ဦးမှာ (၁) Elon Musk (၂) Jeff Bezos နှင့် (၃) Mark Zuckerberg တို့ဖြစ်သည်။ ယခုဆောင်းပါးတွင် ၎င်းတို့ ၃ ဦး၏ စံအိမ်ကြီးများအကြောင်း ဖော်ပြသွားမည် ဖြစ်ပါသည်။

(၁) Elon Musk

ကြွယ်ဝမှု- ကန်ဒေါ်လာ ၄၄၄ ဘီလီယံ

(Elon Musk ။ ဓာတ်ပုံ-Chesnot/ Getty Images)

မကြာသေးမီက အမေရိကန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံထားရသူ ဒေါ်နယ်ထရမ့်၏ အကြံပေးပုဂ္ဂိုလ်ဖြစ်လာသော Elon Musk သည် စီးပွားဥစ္စာဒီရေအလားဆိုသကဲ့သို့ တိုးတက်လာခဲ့ကာ ကမ္ဘာ့စံချိန်တင် ချမ်းသာလာသည်အထိပင်။

Elon Musk သည် ကမ္ဘာပေါ်တွင် ဒေါ်လာ ၄၀၀ ဘီလီယံအထက်ချမ်းသာလာသည့် ပထမဆုံးပုဂ္ဂိုလ်ဖြစ်ပြီး လက်ရှိကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၄၄၄ ဘီလီယံ ဖြစ်သည်။ ထိုမျှ အံ့ဖွယ်ကြွယ်ဝချမ်းသာသော်လည်း အိမ်ခြံမြေပိုင်ဆိုင်မှုမှာမူ နည်းပါးလှသည်။ Elon Musk သည် ယခင်က အိမ်ခြံမြေများစွာ ပိုင်ဆိုင်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင်မူ နေအိမ်အားလုံးကို ရောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ပြီး ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှု အားလုံးနီးပါးကို ရောင်းထုတ်ခဲ့သည်။

(ဆက်စပ်သတင်း)

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သော်လည်း အိမ်ပိုင်မရှိသူ Elon Musk က မိသားစု ဘဝတည်ငြိမ်ရေးအတွက် ကိုယ်ပိုင်အိမ်တလုံး ဝယ်ယူရန် ချင့်ချိန်စဉ်းစားခဲ့သော်လည်း လက်ရှိအိမ်ခြံမြေဈေးကွက်ရှိ နေအိမ်များမှာ ဈေးအလွန်ကြီးကြောင်း ညည်းတွား

https://www.imyanmarhouse.com/news/read/1087650

ကလေး ၁၁ ဦး၏ ဖခင်ဖြစ်သူ Elon Musk သည် ကလေးများနှင့် ကလေးအမေများ နေထိုင်ရန်အတွက် ဖလော်ရီဒါနှင့် တက္ကဆပ်တွင် စံအိမ်များ ဝယ်ယူလျက်ရှိသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ သို့သော် Elon Musk က အဆိုပါသတင်းများကို လူမှုကွန်ရက်မှတဆင့် ငြင်းပယ်ထားသည်။

(ဆက်စပ်သတင်း)

အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိမ်ဝန်းကြီးတစ်ခု ဆောက်လုပ်ရေးအတွက် အော်စတင်မြို့တွင် အိမ်ခြံမြေများ ဝယ်ယူလျက်ရှိကြောင်း သတင်းများထွက်ပေါ်

https://www.imyanmarhouse.com/news/read/1129370

Elon Musk က ၎င်းပိုင်ဆိုင်ထားကြောင်း အတည်ပြုထားသည့်နေအိမ်တစ်လုံးတည်းသာရှိရာ တက္ကဆပ်ပြည်နယ်ရှိ သာမန်အိမ်လေးတစ်လုံးသာ ဖြစ်သည်။

((တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့နေအိမ်))

(တက္ကဆပ်ပြည်နယ်ရှိ Elon Musk ၏ အငှားအိမ်။ ဓာတ်ပုံ-Google Maps)

Elon Musk အခြေချနေထိုင်သော နေအိမ်တစ်လုံးသာရှိကြောင်း အတည်ပြုသိထားရသည်။

ထိုအိမ်မှာ တက္ကဆပ်ပြည်နယ်၊ Brownsville မြို့တွင် တည်ရှိပြီး SpaceX ဒုံးကျည်အခြေစိုက်စခန်းမှ အနည်းငယ်သာ ဝေးကွာသည်။

ယာတောအိမ်အသွင်ဆောက်လုပ်ထားပြီး အိပ်ခန်း ၃ ခန်းပါ နေအိမ်ဖြစ်သည်။ အဆိုပါအငှားအိမ်သို့ ၂၀၂၁ ခုနှစ်တွင် ရွှေ့ပြောင်းနေထိုင်ခဲ့ကြောင်း Elon Musk က X လူမှုကွန်ရက်မှတဆင့် ပြောခဲ့ဖူးသည်။

“ကျွန်တော့်ရဲ့ ပင်မအခြေစိုက်နေတဲ့အိမ်က ဒေါ်လာ ၅၀၀၀၀ လောက်တန်ကြေးရှိတဲ့အိမ်ပါ။ အဲဒီအိမ်ကို SpaceX ဆီကနေ ကျွန်တော်ငှားရမ်းနေထိုင်တာဖြစ်ပါတယ်” ဟု Elon Musk က ပြောသည်။

(၂) ဂျက်ဘေးဇော့စ်

ကြွယ်ဝမှု- ကန်ဒေါ်လာ ၂၄၄ ဘီလီယံ

(ဂျက်ဘေးဇော့စ်။ ဓာတ်ပုံ-Andrew Harrier/ Bloomberg via Getty Images)

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ်သည် အိမ်ခြံမြေများ အလွန်များပြားစွာ ပိုင်ဆိုင်ထားသည်။

အသက် ၆၀ အရွယ်ရှိ ဂျက်ဘေးဇော့စ်သည် အမေရိကန်ပြည်တဝန်း အိမ်ခြံမြေများစွာ ဝယ်ယူပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ဂျက်ဘေးဇော့စ်သည် လက်တွဲဖော် လော်ရန်ဆန်းချက်ဇ်နှင့်အတူ ၂၀၂၂ ခုနှစ်က ဖလော်ရီဒါပြည်နယ်သို့ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့ကြသည်။

ထိုသို့ အိမ်ပြောင်းခဲ့မှုကြောင့် ဝင်ငွေခွန် ဒေါ်လာ သန်းရာချီကာ သက်သာသွားခဲ့သည်။ ဂျက်ဘေးဇော့စ်သည် ဝါရှင်တန်ပြည်နယ်တွင် အချိန်ပြည့်နေထိုင်မည်ဆိုပါက အခွန် အနည်းဆုံး ဒေါ်လာ သန်း ၆၁၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း CNBC သတင်းဌာနက ဖော်ပြသည်။

(ဂျက်ဘေးဇော့စ်သည် ဝါရှင်တန်ပြည်နယ်၊ Medina မြို့ရှိ နေအိမ် ၃ လုံး ဝယ်ယူထားသည်။ မကြာသေးမီက ဝယ်ယူထားသောအိမ်မှာ တူးဒေါ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောအိမ်ဖြစ်ပြီး ဒေါ်လာ ၅၃ သန်းပေးရသည်။ ဓာတ်ပုံ-Google Maps)

(ဖလော်ရီဒါပြည်နယ်၊ Indian Creek Island တွင် ၂၀၂၃ ခုနှစ်အတွင်း ဂျက်ဘေးဇော့စ် ဝယ်ယူထားသော စံအိမ်များအနက်တစ်လုံး။ ဓာတ်ပုံ-Realtor)

(ဂျက်ဘေးဇော့စ်က လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ Warner စံအိမ်ကို ၂၀၂၀ ပြည့်နှစ်အတွင်း ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-Google)

(ဆက်စပ်သတင်း)

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဘေးဇော့စ် တက္ကဆပ်ပြည်နယ်တွင် ဝယ်ယူခဲ့သော ဧကပေါင်း ၄၀၀,၀၀၀ ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီးနှင့် Van Horn မြို့လေး၏ ကံကြမ္မာ

https://www.imyanmarhouse.com/news/read/1119284

(၃) Mark Zuckerberg

ကြွယ်ဝမှု-ကန်ဒေါ်လာ ၂၀၇ ဘီလီယံ

(Mark Zuckerberg ။ ဓာတ်ပုံ-Christophe Morin/ IP3/ Getty Images)

အသက် ၄၀ အရွယ် Mark Zuckerberg သည် အိမ်ခြံမြေများစွာကို ငွေအလုံးအရင်း သုံးစွဲကာ ဝယ်ယူထားသည်။

Facebook ပူးတွဲတည်ထောင်သူ Mark Zuckerberg သည် Palo Alto, Lake Tahoe နှင့် ဟာဝိုင်အီတို့တွင် တန်ဖိုးကြီး စံအိမ်ကြီးများ ပိုင်ဆိုင်ထားသည်။

(ကယ်လီဖိုးနီးယားပြည်နယ်၊ Palo Alto))-- Mark Zuckerberg သည် ၂၀၁၁ ခုနှစ်အတွင်း Palo Alto ရှိ Crescent Park အရပ်တွင် ကန်ဒေါ်လာ ၇ သန်းတန် စံအိမ်တစ်လုံး ဝယ်ယူခဲ့သည်။

(ကယ်လီဖိုးနီးယားပြည်နယ်၊ Lake Tahoe))-- Mark Zuckerberg သည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ်၊ Lake Tahoe ရေကန်ကြီးဘေးရှိ ကမ်းခြေစံအိမ် ၂ လုံးကို ဝယ်ယူခဲ့ရာ စုစုပေါင်း ကန်ဒေါ်လာ ၅၉ သန်း ကုန်ကျခဲ့သည်။

(ဆက်စပ်သတင်း)

Mark Zuckerberg က အမေရိကန်ရှိ နာမည်ကြီး Tahoe ရေကန်ကြီးဘေးတွင် အဆောက်အအုံ ၇ လုံး ပါဝင်သည့် ခြံဝန်းကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ်လျက်ရှိ

https://www.imyanmarhouse.com/news/read/1115045

(ဟာဝိုင်အီ၊ Kauai))-- Mark Zuckerberg ၏ ဇနီးဖြစ်သူ ပရစ်ဆီလာ ချန်းသည် ၂၀၁၄ ခုနှစ်အတွင်း ဟာဝိုင်အီကျွန်းစုမှ Kauai ကျွန်းပေါ်တွင် မြေကွက်ကြီး ၂ ခုကို ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ဝယ်ယူခဲ့သည်။

မြေနေရာများ၏ စုစုပေါင်း အကျယ်အဝန်းမှာ ဧကပေါင်း ၇၀၀ ရှိသည်ဟု ဆိုသည်။ ပင်လယ်ကမ်းခြေမျက်နှာစာ ပေ ၂၅၀၀ ပိုင်ဆိုင်ထားသည့်အပြင် အော်ဂဲနစ် စိုက်ခင်းတစ်ခုလည်း ပါဝင်သည်။

(ဆက်စပ်သတင်း)

Mark Zuckerberg က နွားများကို ဘီယာတိုက်ကာ မွေးမြူလျက်ရှိသော ဟာဝိုင်အီရှိ ဒေါ်လာ သန်း ၁၀၀ တန် စံအိမ်ဝန်းကြီး

https://www.imyanmarhouse.com/news/read/1095862

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Inside the Fascinating and Very Varied Property Portfolios of the World’s Richest Men—From Elon Musk to Jeff Bezos

Photo Credit- Christophe Morin/ IP3/ Getty Images, Realtor, Google Maps, Andrew Harrier/ Bloomberg via Getty Images, Chesnot/ Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
Royal Theikdi Condo
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service