ဗဟုသုတ | Posted by ရွှေစင်ဝင်း
ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်နှင့် ချစ်သူ NFL ကစားသမား Travis Kelce တို့သည် ခရစ္စမတ်ကာလတွင် Travis ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းရန် စီစဉ်ထားကြောင်း သတင်းများ ထွက်ပေါ်လာသည်။
အမေရိကန်ပြည်ထောင်စု၊ Missouri ပြည်နယ်၊ ကန်ဆတ်စီးတီးတွင် တည်ရှိသော စံအိမ်ကို ရာဇဝတ်ဂိုဏ်းတစ်ခု၏ ဖောက်ထွင်းခြင်းခံထားရသည်မှာ ရက်သတ္တပတ်အနည်းငယ်သာ ရှိသေးသည်။
The Sun သတင်းဌာန၏ ဖော်ပြချက်အရ Eras Tour ကမ္ဘာလှည့်ဂီတဖျော်ဖြေပွဲခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီးနောက် တေလာဆွစ်ဖ်သည် ချစ်သူ Travis ၏ ကျယ်ပြောလှသော စံအိမ်ကြီးတွင် အနားယူရန် စီစဉ်ထားပြီး ရက်သတ္တပတ်ပေါင်းများစွာ အဆိုပါအိမ်တွင် နေထိုင်မည်ဖြစ်သည်ဟု ဆိုသည်။
(တေလာဆွစ်ဖ်နှင့် Travis Kelce တို့သည် ခရစ္စမတ် အားလပ်ရက်ကာလတွင် အတူတကွ ဖြတ်သန်းရန် စီစဉ်ထားကြောင်း အတွင်းလူတစ်ဦးက The U.S.Sun သတင်းဌာနသို့ ပြောသည်။ ဓာတ်ပုံ-Getty)
(ပြီးခဲ့သောလအတွင်း နေအိမ်ဖောက်ထွင်းခံရပြီးနောက် Travis က လုံခြုံရေးအဆင့်မြှုင့်တင်မှုများ ပြုလုပ်ထားသည်။ ဓာတ်ပုံ-BackGrid)
“သူက ကန်ဆတ်စီးတီးကိုသွားမှာပါ။ အဲဒီမှာ Travis နဲ့ ရက်သတ္တပတ်အနည်းငယ် အတူနေထိုင်ပြီး သူ့ရဲ့ ချစ်မေတ္တာနဲ့ အားပေးကူညီမှုကို ပြသမှာပါ” ဟု အတွင်းလူတစ်ဦးက ပြောသည်။
ထိုသို့ နေထိုင်စဉ်ကာလအတွင်း Travis ၏ ကစားပွဲများသို့ တက်ရောက်ကြည့်ရှုရန်လည်း တေလာဆွစ်က ရည်မှန်းထားသည်ဟု ဆိုသည်။
“သူတို့နှစ်ယောက် ညစာတွေအတူစား၊ အပန်းဖြေ၊ မုန့်ဖုတ်ရင်း အတူတကွဖြတ်သန်းဖို့အတွက် သူအတော်ပျော်ရွှင်နေပါတယ်။ ခရစ္စမတ်ကာလဟာ သူတို့နှစ်ယောက်လုံးအတွက် အထူးအားလပ်ရက်ကာလ ဖြစ်လာပါလိမ့်မယ်”
(တေလာဆွစ်ဖ်က Travis ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးအတွင် ခရစ္စမတ်ကာလ အတူဖြတ်သန်းရန် စီစဉ်ထားသည်။ ဓာတ်ပုံ-Brynn Burns Photography)
(The Sun သတင်းဌာန၏ ဖော်ပြချက်အရ Eras Tour ကမ္ဘာလှည့်ဂီတဖျော်ဖြေပွဲခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီးနောက် တေလာဆွစ်ဖ်သည် ချစ်သူ Travis ၏ ကျယ်ပြောလှသော စံအိမ်ကြီးတွင် အနားယူရန် စီစဉ်ထားပြီး ရက်သတ္တပတ်ပေါင်းများစွာ အဆိုပါအိမ်တွင် နေထိုင်မည်ဖြစ်သည်ဟု ဆိုသည်။ ဓာတ်ပုံ-Brynn Burns Photography)
(Travis ၏ အိမ်မှာ မကြာသေးမီက ဖောက်ထွင်းခံထားရရာ လုံခြုံရေးစနစ် အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ရသည်။ ဓာတ်ပုံ-Brynn Burns Photography)
Travis ၏ စတုရန်းပေ ၁၇၀၀၀ ကျယ်ဝန်းသော စံအိမ်ကြီးတွင် အပန်းဖြေရန် တေလာဆွစ်ဖ် စီစဉ်ထားမှုကို သူ၏ အနီးကပ်ဆုံး မိသားစုဝင်များ၊ မိတ်ဆွေများ များစွာ အံ့အားသင့်ကြသည်။
အဘယ်ကြောင့်ဆိုလျှင် လွန်ခဲ့သော အောက်တိုဘာ ၇ ရက်က Travis ၏ အဆိုပါစံအိမ်ကြီးမှာ ဖောက်ထွင်းခံထားရပြီး ဒေါ်လာ ထောင်နှင့်ချီ တန်ကြေးရှိသောပစ္စည်းများ ခိုးယူခံထားရသောကြောင့် ဖြစ်သည်။
သတင်းများတွင် ဖော်ပြချက်အရ ဖောက်ထွင်းသူခိုးများသည် ဒေါ်လာ ၁၀၀၀၀ တန်ကြေးရှိ လက်ဝတ်ရတနာများ၊ ငွေသား ဒေါ်လာ ၂၀၀၀၀တို့အပြင် Travis ၏ ပထမဆုံး Super Bowl ဂျာစီတစ်ထည်တို့ကို ခိုးယူသွားသည်ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Taylor Swift and Travis Kelce Reportedly Set To Spend Holidays at His $6 Million Mansion—Despite Recent Break-In by Suspected Crime Ring (thesun) Photo Credit- Brynn Burns Photography, BackGrid, Getty