ဗဟုသုတ | Posted by ဇာနည်ကျော်
တရုတ်ပြည်အလယ်ပိုင်း ဟူဘေးပြည်နယ်ရှိ နက်ရှိုင်းသော တောင်ကြားတစ်ခုထဲတွင် ဝေ့ဝိုက်ဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်စင်းနှင့် ရေမြေတောတောင်တို့၏ အလှမှာ မယုံနိုင်ဖွယ် သာယာလှပသည်။
တချိန်ကမူ ထိုမြစ်ကြီးကို လှေလှော်၍သာ ကူးသန်းနိုင်သည်။
ရှီကျိကွမ် Shiziguan အမည်ရှိ အဆိုပါ တံတားသည် လူသွားသစ်သားတံတားဖြစ်ပြီး မြစ်ကို ကန့်လန့်ဖြတ် ဆောက်လုပ်ထားခြင်းမဟုတ်ဘဲ မြစ်ကြောင်းအတိုင်း မြစ်လယ်တွင် အလျားလိုက် တည်ဆောက်ထားခြင်းဖြစ်ကာ အလျား မီတာ ၅၀၀ (၁၆၄၀ ပေ) ရှိပြီး ဘေးနှစ်ဖက်တွင် မြင့်မားသော တောင်တန်းများက ဝန်းပတ်ထားကြောင်း People’s Daily Online က ဖော်ပြသည်။
ဓာတ်ပုံများတွင် တွေ့မြင်ရမှုအရ ကမ္ဘာလှည့်ခရီးသွားတို့သည် မြစ်ကြောင်းအတိုင်း ရေလယ်တံတားပေါ်မှ လမ်းလျှောက်သွားနေကြသည်ကို တွေ့ရသည်။
တံတားကို ရေပေါ်တွင် ပေါလောဆောက်လုပ်ထားခြင်းဖြစ်ရာ ဖြတ်သန်းသူတို့အနေဖြင့် ရေပေါ်တွင် လမ်းလျှောက်ရသကဲ့သို့ ခံစားရစေမည် ဖြစ်သည်။
ဘေးတစ်ဖက်တစ်ချက်စီတွင် စိမ်းလန်းသော တောအုပ်များက ဝန်းပတ်ထားရာ အေးချမ်းဆိတ်ငြိမ်မှုကို ခံစားရစေသည်။
(ဟူပေးပြည်နယ်တွင် တည်ရှိသော ရှီကျိကွမ်တံတားကို စတင်ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ်အတွင်းက ရိုက်ကူးခဲ့သော ဓာတ်ပုံ ဖြစ်သည်။)
(တချိန်က လှေဖြင့်သာ ဖြတ်သန်းနိုင်ခဲ့ပြီး ယခုအခါ မြစ်ပေါ်တွင် မြစ်ကြောင်းတလျှောက် လမ်းလျှောက်ကာ တောင်ကြား၏ ရှုခင်းများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။)
(ဝန်းကျင်ရှုခင်းများကို ကြည့်ရှုခံစားရင်း ရေစီးကြောင်းအတိုင်း စုန်ဆင်းလိုက်ပါ လမ်းလျှောက်နေကြသည့် ကမ္ဘာလှည့်ခရီးသည်များ )
(တံတားပေါ်တွင် ဓာတ်ပုံရိုက်နေသော ကမ္ဘာလှည့်ခရီးသည်များ။ တစ်ဦးမှာ တံတားပေါ်တွင် လှဲချရင်း ဓာတ်ပုံရိုက်နေသည်ကို တွေ့ရသည်။)
(မြစ် ဖြတ်သန်းစီးဆင်းရာ တောင်ကြားမှာ ကျဉ်းမြောင်းပြီး ဘေးတစ်ဖက်တစ်ချက်စီရှိ တောအုပ်တို့မှာ လူသူအရောက်အပေါက်မရှိသော တောများ ဖြစ်သည်။)
(အများပြည်သူသို့ တရားဝင် ဖွင့်လှစ်မပေးမီ ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်သည်။သို့တိုင် တံတားပေါ်တွင် လာရောက်လည်ပတ်သူများ ရှိနေပြီ ဖြစ်သည်ကို တွေ့နိုင်သည်။)
(တရုတ်ပြည်၏ ရာသီဥတုမှာ ပူနွေးလာနေပြီ ဖြစ်ပြီး ခရီးသွားတို့မှာ ထီးများဆောင်းကာ တံတားပေါ်တွင် ဖြတ်သန်းနေသည်ကို တွေ့ရသည်။)
(မိသားစုလိုက် လာရောက်လည်ပတ်သူများကို တွေ့ရပုံ။)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Is this the most scenic walkway you've seen? Stunning pictures show China's 'floating plank' built in the middle of a river (dailymail) Photo Credit- dailymail