ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ဟောလိဝုဒ် အက်ရှင်ကြယ်ပွင့် ဆီဗက်စတာ စတားလုံးသည် နယူးယောက်ပြည်နယ်၊ Long Island ၏ အရှေ့ဖျား Hamptons အရပ်ရှိ စံအိမ်တစ်လုံးကို သမီးများအတွက် ဝယ်ယူပေးရန် စီစဉ်ထားမှုမှာ ယခုအခါ အရောင်းအဝယ် အပြီးသတ်သွားပြီ ဖြစ်သည်။
ကန်ဒေါ်လာ ၂၅ သန်းခန့်ဖြင့် အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်သည်။
ရမ်ဘို ဇာတ်ကားများဖြင့် ကမ္ဘာကျော်ခဲ့သူ စတားလုံးသည် အရောင်းအဝယ်ကိစ္စ အပြီးသတ်လုပ်ဆောင်ရန် အတွက် ၎င်းနေထိုင်ရာ ဖလော်ရီဒါပြည်နယ် Palm Beach မှသည် နယူးယောက်သို့ ရောက်ရှိခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်ကြာ နေထိုင်ခဲ့သည်။
စတားလုံးသည် အပြီးသတ်ငွေချေကာ အရောင်းအဝယ်ပိတ်သိမ်းချိန်တွင်မှ စံအိမ်ရှိရာသို့ ပထမဆုံးရောက်ရှိခဲ့ခြင်း ဖြစ်သည်။
စတားလုံးသည် အဆိုပါစံအိမ်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးဘဲ စရံငွေ အများအပြားပေးကာ အရောင်းအဝယ် စာချုပ်ချုပ်ခဲ့ခြင်းဖြစ်ပြီး အပြီးသတ်ငွေချေချိန်တွင်မှ ကိုယ်တိုင်မြင်ဖူးခဲ့ခြင်း ဖြစ်သည်။
(စတားလုံးနှင့် ဇနီးဖြစ်သူ ဂျနီဖာ ဖလာဗင်တို့နှစ်ဦးလည်း သမီးများနှင့်အတူ Hamptons စံအိမ်တွင် လာရောက် လည်ပတ်နေထိုင်ဖွယ်ရှိသည်။ ဓာတ်ပုံ-Chelsea Lauren/ Shutterstock)
(စတားလုံး၏ သမီးများ။ ဓာတ်ပုံ-Brian Zak/ NY Post)
(စံအိမ်အပြင်ဘက်မြင်ကွင်း။ ဓာတ်ပုံ-Tria Giovan)
(ရာသီဥတုပူအိုက်သောအခါမျိုးတွင် စံအိမ်အပြင်ဘက်၌ အပန်းဖြေရန် နေရာရှိသည်။ ဓာတ်ပုံ- Tria Giovan)
(outdoor dining နေရာ။ ဓာတ်ပုံ- Tria Giovan)
(စင်စစ်ကား ခြံဝန်းအတွင်း outdoor dining နေရာများစွာရှိသည်။ ဓာတ်ပုံ- Tria Giovan)
စံအိမ်၏ ခေါ်ဈေးဖြစ်သော ကန်ဒေါ်လာ ၂၄ ဒသမ ၉၅ သန်းကို ငွေသားဖြည့် အပြည့်ပေးချေကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စတားလုံး၏ သမီး ၃ ဦးဖြစ်သော ဆိုဖီယာ၊ စစ္စတင်းနှင့် စကားလက်တို့က ဖခင်ဝယ်ယူပေးသော စံအိမ်နှင့် ပတ်သက်ပြီး စိတ်လှုပ်ရှားနေကြကြောင်း သတင်းများရှိသည်။
စတားလုံးမှာ အသက် ၇၈ နှစ်ရှိပြီဖြစ်ပြိး ဇနီးဖြစ်သူ မော်ဒယ်ဟောင်း ဂျနီဖာ ဖလာဗင်မှာ အသက် ၅၆ နှစ်ရှိပြီဖြစ်သည်။
စတားလုံးတို့ ဇနီးမောင်နှံသည် ဖလော်ရီဒါပြည်နယ်၊ Palm Beach တွင် ဒေါ်လာ ၃၅ သန်းတန် စံအိမ်ကြီး၌ နေထိုင်သည်။
နေအိမ်တွင် သမီးများ မနေတော့သောကြောင့် ဇနီးမောင်နှံ နှစ်ဦးတည်း ဖြစ်နေသည်။
စံအိမ်အကျယ်မှာ ၁၁၆၄၄ စတုရန်းပေရှိပြီး အတ္တလန္တိတ်သမုဒ္ဒရာကမ်းခြေမှ တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။
ယခုအရောင်းအဝယ်ဖြစ်သွားသော ဈေးနှုန်းမှာ ကမ်းခြေစံအိမ်မဟုတ်သော အိမ်များအနက် စံချိန်တင်ဈေးနှုန်းဖြစ်ခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
(ဆက်စပ်သတင်းများ) စတားလုံးက လော့စ်အိန်ဂျလိစံအိမ်ကို C.C.R ၏ ရှေ့ထွက်အဆိုတော် John Fogerty အား ဒေါ်လာ ၁ သန်း အရှုံးခံကာ ရောင်းချ https://www.imyanmarhouse.com/news/read/1087871
ဆီဗက်စတာ စတားလုံးက ကွန်ဒိုတစ်ခန်းပေးကာ ချစ်ခွင့်ပန်မှုကို ပန်မလာ အန်ဒါဆန် ငြင်းပယ်ခဲ့ https://www.imyanmarhouse.com/news/read/1052264
Ref: Sylvester Stallone buys a Hamptons mansion for $24.95M in an all-cash deal (nypost)
Photo Credit- Chelsea Lauren/ Shutterstock, Brian Zak/ NY Post, Tria Giovan