ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီးနေ

ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီးနေ - Property Knowledge in Myanmar from iMyanmarHouse.com
11 Dec 2024 10:13 am တွင် တင်ခဲ့သည်
387 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ကော့စတာရီကာနိုင်ငံ၊ Alajuela ပြည်နယ်၊ Venecia ခရိုင်ရှိ Recreo Verde ဟိုတယ်နှင့် ရေပူစမ်း အပန်းဖြေစခန်းဝန်းတွင် မရဏလှိုဏ်ဂူ (The Cave of Death) ဟုကျော်ကြားသော လှိုဏ်ဂူတစ်ခုရှိနေပြီး ဂူအတွင်းသို့ ဝင်သွားသည့် မည်သည့်သက်ရှိသတ္တဝါမဆို ပြန်လမ်းမရှိချေ။

လှိုဏ်ဂူအနက် ၆ ပေ ၊ အလျား ၁၀ ပေသာရှိသော ငရဲတွင်း၏ အဝင်ဝတွင် လူရိုးခေါင်းနှင့် ကြက်ခြေခတ်လူရိုးအမှတ်အသားများဖြင့် သတိပေးထားပြီး ဒေသခံတို့က Cueva De La Muerte ဟု အမည်ပေးထားပြီး မရဏလှိုဏ်ဂူဟု အဓိပ္ပာယ်ရသည်။

သာမာန်ကြည့်လျှင် ခိုလှုံစရာနေရာရှာဖွေနေသော အင်းဆက်များ၊ ငှက်များနှင့် တောရိုင်းတိရ စ္ဆာန်ငယ် များအတွက် နွေးထွေးစွာ ခိုလှုံနိုင်သည့်နေရာဟု ယူဆရသည်။

သို့သော် ပြင်ပပုံပန်းမှာ လှည့်စားမှုတစ်ခုသာဖြစ်ပြီး လှိုဏ်ဂူအတွင်းသို့ ဝင်သွားပါက ချက်ချင်းဆိုသလို သေဆုံးသွားနိုင်သည်။

လှိုဏ်ဂူငယ်လေးသည် ပကတိစက္ခုဖြင့်ကြည့်လျှင် အန္တရာယ်မရှိသော်လည်း စင်စစ်ကား အဆိပ်ငွေ့များ အဆက်မပြတ်ထုတ်လွှတ်နေသည်။

“ဒါက တော်တော်သေးတဲ့ လှိုဏ်ဂူလေးတစ်ခုပါပဲ။ ဒါပေမယ့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေ အလွန်များပြားစွာ ထွက်နေပါတယ်။” ဟု စူးစမ်းလေ့လာသူ Guy van Rentergem က YouTube ဗွီဒီယိုထဲတွင် ရှင်းပြသည်။

လှိုဏ်ဂူငယ်လေးမှ တစ်နာရီလျှင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ၃၀ ကီလိုဂရမ်ခန့်အထိ ထုတ်လွှတ်သည်ဟု ဆိုသည်။

(သက်ရှိသတ္တဝါတိုင်းကို ချက်ချင်းဆိုသလိုသေစေနိုင်သော ကော့စတာရီကာနိုင်ငံက မရဏလှိုဏ်ဂူကို တွေ့ရပုံ။ ဓာတ်ပုံ-Recreo Verde)

မရဏဂူ၏ အဆိပ်ပြင်းပုံကို လက်တွေ့ပြသရန်အတွက် ဒေသခံ လမ်းညွှန်တို့က လှိုဏ်ဂူအတွင်းဆီသို့ မီးတုတ်တစ်ခု ထည့်ပြသည်။

လှိုဏ်ဂူအတွင်း အောက်ဆီဂျင်လုံးဝမရှိဘဲ ကာဗွန်ဒိုင်အောက်ဆိုက်များ အလွန်မြင့်မားစွာရှိနေခြင်းကြောင့် မီးတုတ်မှာ စက္ကန့်ပိုင်းအတွင်း ချက်ချင်းမီးငြိမ်းသွားသည်။

(မီးတုတ်ဖြင့် လက်တွေ့ပြသပုံ။ ဓာတ်ပုံ-Recreo Verde)

လှိုဏ်ဂူအတွင်းသို့ မည်သည့်နေရာမှ ကာဗွန်ဒိုင်အောက်ဆိုက်များ ရောက်ရှိလာသည်ကိုမူ မည်သူမျှ မသိကြချေ။

သို့သော် သုတေသီတို့ ကောက်ချက်ဆွဲသည်မှာ မြေကြီးထဲတွင်ရှိနေသော ဓာတ်သတ္တုတို့မှာ မြေအောက် ကျောက်ရည်ပူတို့၏ မြင့်မားသောအပူချိန်နှင့် ဖိအားတို့ကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် ထွက်ပေါ်လာခြင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။

ထို့အပြင် အသက်ဝင်နေသော မီးတောင်နှင့် နီးကပ်စွာ တည်ရှိခြင်းကြောင့်လည်း ကာဗွန်ဒိုင်အောက်ဆိုက်များ ရှိနေခြင်း၏ အကြောင်းရင်း ဖြစ်နိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Costa Rica’s ‘cave of death’ which kills all that enters (nypost) Photo Credit- Recreo Verde

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...

ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service