သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန် အိမ်တစ်လုံး ဝယ်ယူခဲ့ပြီး ကလေးငယ်က ပိုင်ဆိုင်မှု လွှဲပြောင်းမပေးသောကြောင့် တရားစွဲ

သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန် အိမ်တစ်လုံး ဝယ်ယူခဲ့ပြီး ကလေးငယ်က ပိုင်ဆိုင်မှု လွှဲပြောင်းမပေးသောကြောင့် တရားစွဲ - Property News in Myanmar from iMyanmarHouse.com
10 Dec 2024 10:17 am တွင် တင်ခဲ့သည်
508 ကြိမ် ကြည့်ရှု့ပြီး

ဟွမ်ရှောက်မင် (Huang Xiaoming) သည် တရုတ်ပြည်၏ သရုပ်ဆောင်ကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသားများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

၂၀၀၁ ခုနှစ်က ထုတ်လွှင့်ပြသခဲ့သော The Prince of Han Dynasty တွင် ဧကရာဇ် ဝူ အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာမှ စတင်လူသိများခဲ့ပြီး ၂၀၀၆ ခုနှစ်က ပြသခဲ့သော သိမ်းငှက်သူရဲကောင်း အတွဲ ၂ (The Return of the Condor Heroes)တွင် ရန်ကော်အဖြစ် လုယိဖေးနှင့် ခေါင်းဆောင်မင်းသားအဖြစ် တွဲဖက် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည်။

ဟွမ်ရှောက်မင်သည် ရုပ်ရှင်မင်းသမီး Angelababy နှင့် ကွာရှင်းပြီး ၎င်းအောက် ၁၅ နှစ်ငယ်သော မိန်းကလေး Ye ke နှင့် တွဲခဲ့မှုအပေါ် ပရိသတ်များ၏ အပြင်းအထန် ဝေဖန်ခံရမှုကြောင့် ပရိသတ်တို့နှင့် သတင်းထောက်များကို အခမ်းအနားတစ်ခုတွင် ဦးညွှတ်ကာ တရားဝင် တောင်းပန်ခဲ့သည်။

Ye Ke သည် ဟွမ်ရှောက်မင်၏ ကိုယ်ဝန်ကို လွယ်ထားရသည်ဟူသော သတင်းများလည်း ရှိသည်။

Ye Ke တွင်လည်း ခင်ပွန်းဟောင်းရှိပြီး ခင်ပွန်းဟောင်းအား ကွာရှင်းကြေး ဒေါ်လာ ၃၇ သန်းပေးရန် ဟွမ်ရှောက်မင်ထံမှ တောင်းယူခဲ့သည်ဟူသော သတင်းများလည်း ရှိသည်။

((ဟွမ်ရှောက်မင်၏ အိမ်ပြဿနာ))

အက်ရှင် ထိပ်သီးကြယ်ပွင့် ဂျက်ကီရှန်းသည် ပေကျင်းမြို့မှ တန်ဖိုးကြီး လူနေခန်းများ သိမ်းယူခံရပြီး စိတ်ညစ်စရာ ကြုံတွေ့ခဲ့ရသည်။

ငွေများများရှိလေ ပြဿနာများလေဟူသော စကားပုံ ရှိသည်။

အိမ်ခြံမြေနှင့် ပတ်သက်ပြီး စိတ်ညစ်စရာ ကြုံတွေ့နေရသည့် အခြား တရုတ်မင်းသားတစ်ဦးမှာ ဟွမ်ရှောက်မင် ဖြစ်သည်။

ဟွမ်ရှောက်မင်သည် ပြီးခဲ့သော ၇ နှစ်က ပေကျင်းမြို့ရှိ နေအိမ်တစ်ခုကို ယွမ် ၃၆ သန်း (စင်္ကာပူဒေါ်လာ ၇ ဒသမ ၂ သန်း) ဖြင့် ၂၀၁၃ ခုနှစ်ခန့်က ဝယ်ယူခဲ့သည်။

ဟွမ်ရှောက်မင်သည် အဆိုပါအိမ်အတွက် ငွေပေးချေပြီဖြစ်သော်လည်း ယခုတိုင် ပိုင်ဆိုင်မှု လွှဲပြောင်းရရှိသေးခြင်း မရှိသောကြောင့် တရားစွဲရန်မှ တစ်ပါး ရွေးချယ်စရာ မရှိခဲ့။

(ဟွမ်ရှောက်မင်သည် ပေကျင်းမြို့ရှိ အဆိုပါ အိမ်တွင် ဇနီးဟောင်း Angelababy မိဘများနှင့်အတူ နေထိုင်ခဲ့သည်။)

ဟွမ်ရှောက်မင်သည် ယခုအိမ်ကို ကျန်းဟောင်လုံထံမှ အရောင်းအဝယ် စာချုပ်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ကျန်းဟောင်လုံမှာ အသက် ၁၃ နှစ်အရွယ်သာ ရှိသေးသောကြောင့် သူ၏ မိဘများက အရောင်းအဝယ်ကို ကြီးကြပ်ကွပ်ကဲပေးခဲ့သည်။

ထိုအချိန်က ဟွမ်ရှောက်မင်သည် ပေကျင်းမြို့တွင် နေအိမ်ဝယ်ယူရန် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီသေးသောကြောင့် သူ၏ အမည်ပေါက် ဝယ်ယူနိုင်ခဲ့ခြင်းမရှိဘဲ မိခင်၏ အမည်ဖြင့် စာရင်းသွင်းခဲ့သည်။

ဟွမ်ရှောက်မင်က စာချုပ်ပါအတိုင်း ယွမ် ၃၆ သန်း ပေးချေကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီးနောက် နေအိမ်တွင် စတင်နေထိုင်ခဲ့သည်။

အချိန်ကာလ ကြာမြင့်လာသည့် နောက်ပိုင်း အိမ်တန်ဖိုးမှာ ယွမ် သန်း ၁၀၀ နီးပါးအထိ ဈေးတက်လာခဲ့သည်။

ဟွမ်ရှောက်မင်က မိမိအား နေအိမ်ပိုင်ဆိုင်မှု လွှဲပြောင်းပေးရန် ကျန်းဟောင်လုံထံ အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း ကျန်းဟောင်လုံက ၎င်းအား ရှောင်ရှား နေခဲ့သည်။

ပြဿနာကို ပိုမိုရှုပ်ထွေးစေသည့်အချက်မှာ ကျန်းဟောင်လုံသည် ထိုအိမ်ကို ဘဏ်တွင် အပေါင်ထားပြီး ငွေချေးယူထားရာတွင် ချေးငွေ ပြန်မဆပ်သောကြောင့် ၂၀၁၇ ဒီဇင်ဘာတွင် ဘဏ်က သိမ်းယူခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဟွမ်ရှောက်မင်က ယခုအခါ အသက် ၂၀ ကျော်ပြီဖြစ်သော ကျန်းဟောင်လုံအား တရားစွဲရန် ဆုံးဖြတ်ခဲ့ကြသည်။

(ဟွမ်ရှောက်မင်က နေအိမ်ဧည့်ခန်းတွင် သားငယ်အတွက် ကစားကွင်းတစ်ခု ပြုလုပ်ပေးထားပုံ။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Huang Xiaoming Bought His S$20mil Home From A 13-Year-Old Who Refused To Transfer The Ownership, So He Sued The Kid (todayonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service