ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့ ရွှေ့ပြောင်းအခြေချ

ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့ ရွှေ့ပြောင်းအခြေချ - Property News in Myanmar from iMyanmarHouse.com
6 Dec 2024 11:49 am တွင် တင်ခဲ့သည်
750 ကြိမ် ကြည့်ရှု့ပြီး

မန်ချက်စတာ ယူနိုက်တက်၏ ဂန္ထဝင်ကြီး ဆာ အဲလက်စ် ဖာဂူဆန်သည် ဇနီးဖြစ်သူ ကေသီကွယ်လွန်ပြီးနောက် ချက်ရှိုင်းယားခရိုင်၊ ဝင်စလိုမြို့ (မန်ချက်စတာ၏ တောင်ဘက် ၁၁ မိုင်အကွာ) ရှိ စံအိမ်ကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ပေါင် ၃ ဒသမ ၅ သန်းဈေးခေါ်ကာ အရောင်းဈေးကွက်တင်ထားခဲ့ရာ ကာလအတန်ကြာ ရောင်းမထွက်ခဲ့။

ဖာဂူဆန်၏ အိမ်မှာ အိပ်ခန်း ၅ ခန်းပါဝင်ကာ အကျယ်အဝန်း စတုရန်းပေ ၇၀၀၀ ရှိပြီး open plan မီးဖိုဆောင်နှင့် ဂိမ်းကစားခန်းတို့ ပါဝင်သည်။

ဖာဂူဆန်က အမြန်ရောင်းထုတ်လိုသောကြောင့် နောက်ပိုင်းတွင် ပေါင် ၃ ဒသမ ၂ သန်းသို့ ဈေးလျှော့ပေးလိုက်ချိန်တွင် ရောင်းထွက်သွားခဲ့သည်။

(ဆာ အဲလက်စ်ဖာဂူဆန်၏အိမ်မှာ ချက်ရှိုင်းယားခရိုင်၊ ဝင်စလိုမြို့တွင်ရှိပြီး စတုရန်းပေ ၇၀၀၀ ကျယ်ဝန်းသည်။ ဓာတ်ပုံ-Andy Kelvin)

(ဖာဂူဆန်၏ နေအိမ် အဝင်ခန်းမတွင် စက္ခုပသာဒ ဖမ်းစားနိုင်သော မီးပန်းဆိုင်းကြီးတစ်ခု တွေ့ရသည်။ ဓာတ်ပုံ-LY Property Cheshire)

ဝယ်ယူသွားသူ၏ အမည်ကိုမူ ထုတ်ဖော်သိရှိရခြင်းမရှိချေ။

“ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ဒီလုံးချင်းအိမ်ဟာ ချက်ရှိုင်းယားရဲ့ လူကြိုက်အများဆုံးလမ်းတစ်ခုမှာ တည်ရှိပါတယ်” ဟု ဖာဂူဆန်ဘက်မှ အကျိုးဆောင်ပေးခဲ့သော အိမ်ခြံမြေအကျိုးဆောင်တို့က ပြောသည်။

“သီးသန့် ဂိတ်ဝန်းခတ်အကွက်တစ်ခုမှာ တည်ရှိပါတယ်။ ဝင်စလိုမြို့လယ်နဲ့ ဘူတာရုံကို လမ်းလျှောက်သွားရုံနဲ့ ရောက်နိုင်ပါတယ်။”

ဖာဂူဆန်နှင့် ဇနီးဖြစ်သူ လေဒီ ကေသီတို့သည် ယခုအိမ်သို့ ၂၀၁၀ ပြည့်နှစ်တွင် ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်သည်။

ယခုအိမ်မှဆိုလျှင် မန်ချက်စတာ ယူနိုက်တက်အသင်း၏ ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ အချိန်တိုအတွင်း သွားနိုင်သည်။

ဖာဂူဆန်တို့ ဇနီးမောင်နှံသည် ဝင်စလိုမြို့နေအိမ်တွင် ဆယ်စုနှစ် တစ်ခုကျော် အတူတကွ နေထိုင်ခဲ့ကြသည်။

သို့သော် ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ကေသီ ကွယ်လွန်သွားချိန်တွင် ဖာဂူဆန်က နှစ်ဦးအတူနေခဲ့သောအိမ်ကို အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရောင်းထုတ်ပြီးနောက်ပိုင်း ဖာဂူဆန်သည် သားဖြစ်သူ Darren ၊ မြေးများနှင့် နီးနီးနားနား နေထိုင်နိုင်ရန်အတွက် Goostrey ကျေးရွာရှိ ပေါင် ၁ ဒသမ ၂ သန်းတန် နေအိမ်သို့ ပြောင်းရွှေ့ခဲ့သည်။

ဖာဂူဆန်၏ သားဖြစ်သူ Darren သည် လက်ရှိအားဖြင့် League One ကလပ်ဖြစ်သော Peterborough United တွင် မန်နေဂျာဖြစ်နေသည်။

(ဆာ အဲလက်စ်သည် ဇနီးဖြစ်သူ ကေသီကွယ်လွန်ချိန်တွင် နှစ်ဦးအတူနေခဲ့သောအိမ်ကို ရောင်းချခဲ့သည်။ ဓာတ်ပုံ-Reuters)

(ဖာဂူဆန်၏ ဂိမ်းကစားခန်း။ ဓာတ်ပုံ- LY Property Cheshire)

(ဖာဂူဆန်၏ master bedroom ။ ဓာတ်ပုံ-LY Property Cheshire)

(စကော့တလန် အကွက်အဆင် ကော်ဇောခင်း လှေကား။ ဓာတ်ပုံ- LY Property Cheshire)

(ခမ်းနားထည်ဝါသော ရေချိုးခန်း။ ဓာတ်ပုံ- LY Property Cheshire)

(မန်ချက်စတာ ယူနိုက်တက်ကို တစ်ခေတ်ထွန်းစေခဲ့သော မန်နေဂျာကြီး ဖာဂူဆန်၏ နေအိမ်။ ဓာတ်ပုံ-News Group Newspaper Ltd)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sir Alex Ferguson sells £3.2m luxury home as ex-Man Utd boss moves to nearby village (mirror)

Photo Credit- LY Property Cheshire, Andy Kelvin, Reuters, News Group Newspaper Ltd

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service