အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယူခွင့် ကံထူး

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယူခွင့် ကံထူး - Property Knowledge in Myanmar from iMyanmarHouse.com
4 Dec 2024 11:06 am တွင် တင်ခဲ့သည်
842 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ အမျိုးသားတစ်ဦးသည် ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းနေခဲ့ရာ ပြီးခဲ့သော နိုဝင်ဘာလကုန်က ထီဆုကြီး ကံထူးသွားသည်။

ကင်တပ်ကီပြည်နယ်၊ Lexington မြို့နေ ဘီလီ ဂလင်း (Billy Glenn) အမည်ရှိ အမျိုးသားက ကင်တပ်ကီပြည်နယ် ထီရုံးအရာရှိတို့ကို ပြောသည်မှာ မိမိသည် Lucky For Life ထီတွင် နံပါတ်တွဲ တစ်မျိုးတည်းကို ၉ နှစ်၊ ၇ လကြာ ကံစမ်းခဲ့ကြောင်း ပြောသည်။

အဆိုပါနံပါတ်များမှာ မိမိအကြိုက်ဆုံး မေဂျာလိဂ်ဘေ့စ်ဘောကစားသမားများ၏ ကျောနံပါတ်များနှင့် နှစ်ပတ်လည် အထိမ်းအမှတ်ရက်စွဲများဖြစ်ကြောင်း ဘီလီက ပြောသည်။

ဘီလီက ကံထူးသော ထီလက်မှတ်ကို Lexington မြို့ရှိ Southland BP ဓာတ်ဆီဆိုင်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော နိုဝင်ဘာ ၁၉ ရက်ထီဖွင့်ပွဲတွင် ဘီလီကံစမ်းနေသော ဂဏန်းထွက်လာသည်။

Lucky For Life ၏ ဒုတိယဆုဖြစ်သော တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ တစ်သက်တာ ထုတ်ယူခွင့်ဆု ကံထူးခဲ့သည်။

ပထမဆုမှာ တစ်ရက်လျှင် ဒေါ်လာ ၁၀၀၀ တစ်သက်တာ ထုတ်ယူခွင့် ဖြစ်သည်။

“ကျွန်တော်ဟာ အခု Lucky For Life ထီဆု ကံထူးတဲ့နေ့ကနေ ပြန်ကြည့်မယ်ဆိုရင် ဒီထီကို ကံစမ်းခဲ့တာ ၉ နှစ်၊ ၇ လနဲ့ ၂၉ ရက်ရှိပါပြီ” ဟု ဘီလီက ပြောသည်။

စတင်ကံစမ်းခဲ့သည်မှာ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ဖြစ်သည်ဟု ဆိုသည်။

“ဒီအိပ်မက်ကို ကျွန်တော်စောင့်ဆိုင်းနေခဲ့တာပါ” ဟု ဘီလီက ထီရုံးအရာရှိများကို ပြောသည်။

“ဒါက မင်္ဂလာတစ်ပါးပါပဲ။ ပြီးခဲ့တဲ့ ၆ လလုံး ကျွန်တော်စိတ်ဖိစီးနေခဲ့ရတယ်”

ကံထူးလာသောငွေများဖြင့် အကြွေးများဆပ်ကာ အိမ်တွင် လုပ်ဆောင်ဖွယ်ရာရှိသည်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထီလက်မှတ်ရောင်းချပေးသော Southland BP ဓာတ်ဆီဆိုင်မှာ ဆုရလက်မှတ်ကို ရောင်းချပေးသောကြောင့် ဆုငွေ ဒေါ်လာ ၅၀၀၀ ရရှိမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kentucky man's lottery numbers hit big after 9 years (yahoo)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service