ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယောက်ရှိ ရွှေချထားသော Penthouse ခန်းကို ရောင်းထုတ်လာပြန်၊ ငွေသားချည်းသက်သက်ဖြင့် ရောင်းချခြင်းဖြစ်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယောက်ရှိ ရွှေချထားသော Penthouse ခန်းကို ရောင်းထုတ်လာပြန်၊ ငွေသားချည်းသက်သက်ဖြင့် ရောင်းချခြင်းဖြစ် - Property News in Myanmar from iMyanmarHouse.com
27 Nov 2024 11:21 am တွင် တင်ခဲ့သည်
526 ကြိမ် ကြည့်ရှု့ပြီး

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ မိတ်ဆွေ ဘီလျံနာသူဌေးကြီး ဗယ်လရီ ကိုဂန် (Valery Kogan) သည် နယူးယောက်မြို့၊ Central Park West လမ်း၊ အမှတ် ၁၅ တွင် တည်ရှိသော အဆောက်အအုံကြီးရှိ ရွှေချထားသော Penthouse ခန်းကို ရောင်းချရန် သဘောတူစာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း StreetEasy က ဖော်ပြသည်။

ဗယ်လရီနှင့် ဇနီးဖြစ်သူ အော်လ်ဂါတို့သည် မော်စကိုမြို့ရှိ Domodedovo လေဆိပ်ကို ပူးတွဲပိုင်ဆိုင်ကြသူများလည်း ဖြစ်သည်။

နယူးယောက်ပို့စ်သတင်းဌာနမှ Gimme Shelter ထံ သတင်းရင်းမြစ်တို့၏ ပြောကြားချက်များအရ ငွေသားချည်းသက်သက်ဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ penthouse ခန်းသည် ပြီးခဲ့သောနှစ်ကတည်းက အရောင်းဈေးကွက်ဝင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ကန်ဒေါ်လာ ၆၅ သန်း ဈေးခေါ်ခဲ့သည်။

နောက်ဆုံးခေါ်ဈေးမှာ ကန်ဒေါ်လာ ၃၉ သန်း ဖြစ်သည်။

သတင်းများအရ ဝယ်ယူသွားသူမှာ နယူးယောက်မြို့ခံ သက်ကြီးပိုင်းတစ်ဦးဖြစ်သည်ဟု ဆိုသည်။

ဗယ်လရီ ကိုဂန်တို့ ဇနီးမောင်နှံသည် ရုရှားက ယူကရိန်းကို ၂၀၂၂ ခုနှစ်တွင် ကျူးကျော်တိုက်ခိုက်မှု စတင်ခဲ့ပြီးနောက်ပိုင်းကတည်းက အမေရိကန်ရှိ အိမ်ခြံမြေများကို ရောင်းထုတ်လျက်ရှိရာ ယခု penthouse ခန်း ရောင်းချမှုမှာ နောက်ဆုံးရောင်းချမှုလည်း ဖြစ်သည်။

(ဗယ်လရီ ကိုဂန်)

(penthouse ခန်း၏ အကျယ်အဝန်းမှာ စတုရန်းပေ ၅၃၉၈ ရှိသည်။ ဓာတ်ပုံ- Edward Menashy of Evan Joseph Photography for Douglas Elliman)

 

(ကျောက်မျက်ရတနာများ၏ အရောင်အသွေးကဲ့သို့ မွမ်းမံထားသည်။ ဓာတ်ပုံ- Edward Menashy of Evan Joseph Photography for Douglas Elliman)

ကိုဂန်တို့စုံတွဲသည် အမေရိကန်ပြည်၊ ကွန်နက်တီကပ်ပြည်နယ်၊ ဂရင်းဝစ်ချ်မြို့ရှိ ၇ ဧကကျယ်သော ခြံဝန်းကို ကန်ဒေါ်လာ ၁၀ ဒသမ ၄ သန်းဖြင့် ရောင်းထုတ်ထားသည်။

အဆိုပါခြံကို မူလက ကန်ဒေါ်လာ ၁၄ ဒသမ ၅ သန်းဈေးခေါ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့ရှိ penthouse ခန်းတစ်ခုကိုလည်း ကန်ဒေါ်လာ ၃၃ သန်းဖြင့် မကြာသေးမီက ရောင်းထုတ်ထားသေးသည်။

ပြီးခဲ့သောနှစ်အတွင်းကလည်း ကိုဂန်တို့ ဇနီးမောင်နှံသည် နယူးယောက်မြို့၊ ပန်းခြံရိပ်သာလမ်း၊ အမှတ် ၅၁၅ ရှိ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၄ ဒသမ ၅ သန်းဖြင့် ရောင်းထုတ်ခဲ့သည်။

ထိုအခန်းကို ၂၀၂၀ ပြည့်နှစ်အတွင်း စတင်အရောင်းဈေးကွက်တင်ခဲ့ပြီး ထိုစဉ်က ကန်ဒေါ်လာ ၂၅ သန်းအထိ ဈေးခေါ်ခဲ့သည်။

(နံရံနှင့် မျက်နှာကြက်တွင် မွမ်းမံထားသည်များကို အသေအချာ လေ့လာကြည့်ပါ။ ဓာတ်ပုံ- Edward Menashy of Evan Joseph Photography for Douglas Elliman)

ကိုဂန်တို့ဇနီးမောင်နှံသည် နယူးယောက်မြို့၊ Plaza Hotel ရှိ လူနေခန်းကိုလည်း ကန်ဒေါ်လာ ၂၅ သန်းဈေးခေါ်ကာ ရောင်းထုတ်ရန် စီစဉ်ထားရာ ယနေ့တိုင်အရောင်းဈေးကွက်တွင် ရှိနေဆဲ ဖြစ်သည်။

ကိုဗစ်မတိုင်မီက အဆိုပါအခန်းကို ဒေါ်လာ သန်း ၅၀ အထိ ဈေးခေါ်ခဲ့သည်။

ကိုဂန်တို့ ဇနီးမောင်နှံသည် ငွေသုံးကြမ်းမှုဖြင့်လည်း နာမည်ကြီးသည်။ ၂၀၁၃ ခုနှစ်အတွင်းက မြေးမလေး မင်္ဂလာဆောင်တွင် ဖျော်ဖြေပေးရန်အတွက် မရိုင်ယာ ကယ်ရေးနှင့် အယ်လ်တန်ဂျွန်တို့ကို ဒေါ်လာ သန်းပေါင်းများစွာပေးကာ ငှားရမ်းခဲ့သည်။

(Penthouse ခန်း၏ အတွင်းပိုင်းမြင်ကွင်းတစ်ခု။ ဓာတ်ပုံ- Edward Menashy of Evan Joseph Photography for Douglas Elliman)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Russian oligarch poised to sell gilded NYC penthouse in an all-cash deal — amid a massive global property sell-off (nypost) Photo Credit- Edward Menashy of Evan Joseph Photography for Douglas Elliman

Photo Credit - Some Valery Kogan images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
Aung Theikdi Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service