မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်းကို ကန်ဒေါ်လာ ၅ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်ထား

မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်းကို ကန်ဒေါ်လာ ၅ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်ထား - Property News in Myanmar from iMyanmarHouse.com
27 Nov 2024 10:41 am တွင် တင်ခဲ့သည်
695 ကြိမ် ကြည့်ရှု့ပြီး

မြန်မာပရိသတ်များအကြား ဗိုလ်ကြီးဟု နာမည်ကြီးခဲ့သော Crash Landing On You (2019) ဇာတ်ကားတွင် မြောက်ကိုရီးယားဗိုလ်ကြီး Lee Jung Hyuk နှင့် တောင်ကိုရီးယားမှ သူဌေးသမီး Yoon Se-Ri အဖြစ် သရုပ်ဆောင်ခဲ့ကြသော Hyun Bin နှင့် Son ye jin တို့ ဇနီးမောင်နှံ၏ ဇာတ်ကားမှာ မြန်မာပရိသတ်များ အကြား အကြီးအကျယ်ရေပန်းစားခဲ့သည်။

ယခုအခါ Hyun Bin နှင့် Son Ye-jin တို့စုံတွဲသည် ၂၀၂၀ ပြည့်နှစ်အတွင်းက ဝယ်ယူထားခဲ့သော Penthouse ခန်းကို အရောင်းဈေးကွက်တင်လာသည်။

Penthouse ခန်း တည်နေရာမှာ တောင်ကိုရီးယားနိုင်ငံ၊ Gyeonggi ပြည်နယ်၊ Guri မြို့၊ Achiul အရပ်တွင်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ဝမ်ငွေ ၄ ဒသမ ၈ ဘီလီယံ (ကန်ဒေါ်လာ ၃ ဒသမ ၅ သန်း ဝန်းကျင်) ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Hyun Bin နှင့် Son Ye-jin တို့ စုံတွဲသည် အဆိုပါ penthouse ခန်းတွင် ပျားရည်ဆမ်းကာလ ဖြတ်သန်းခဲ့ပြီး ၂ နှစ်ခန့် နေထိုင်ခဲ့သည်ဟု သိရသည်။

အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်းအပြင် rooftop garden လည်းပါဝင်ကာ အကျယ်အဝန်း ၃၃၀ စတုရန်းမီတာ ရှိသည်။

ဝယ်ယူပြီး ၄ နှစ်အကြာ ယခုအခါတွင် Hyun Bin က ဝမ်ငွေ ၇ ဘီလီယံ (ကန်ဒေါ်လာ ၅ ဒသမ ၁ သန်းဝန်းကျင်) ဈေးခေါ်ကာ အရောင်းဈေးကွက်တင်ထားသည်။

ခေါ်ဈေးအတိုင်းသာ ရောင်းထွက်မည်ဆိုပါက Hyun Bin အနေဖြင့် ဝမ်ငွေ ၂ ဒသမ ၂ ဘီလီယံခန့် မြတ်စွန်းမည် ဖြစ်သည်။

Hyun Bin နှင့် Son Ye-jin တို့စုံတွဲသည် ၂၀၂၂ ခုနှစ်၊ မတ်လတွင် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး ထိုနှစ် နိုဝင်ဘာလတွင် ပထမဆုံး ရင်သွေး သားကလေး မွေးဖွားခဲ့သည်။

လက်ထပ်ပြီးနောက်ပိုင်း ယခု Penthouse ခန်းတွင် နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

Penthouse ခန်း တည်ရှိရာ ဒေသသည် အနုပညာရှင်များစွာ အခြေချနေထိုင်သော နေရာအဖြစ် လူသိများသည်။

ထိုဒေသတွင် အဆိုတော်များဖြစ်သော Park Jin Young, Jo Sung Mo ၊ ရုပ်ရှင်မင်းသမီးများဖြစ်သော Park Hae Mi, Oh Yeon Seo နှင့် Han So Hee တို့ နေထိုင်ကြသည်။

ထို့အပြင် Son Ye-jin ကလည်း ဆိုးလ်မြို့တော်၊ ဂမ်နမ်ခရိုင်ရှိ luxury စံအိမ်ကြီးကို ရောင်းထုတ်ထားသေးသည်။

အဆိုပါစံအိမ်ကို Son Ye-jin က ၂၀၀၈ ခုနှစ်အတွင်း ဝမ်ငွေ ၃ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း ဝမ်ငွေ ၄ ဒသမ ၈ ဘီလီယံဖြင့် ပြန်လည်ရောင်းထုတ်ခဲ့သည်။

Hankyung သတင်းဌာန၏ ဖော်ပြချက်အရ Hyun Bin နှင့် Son Ye-jin တို့စုံတွဲသည် တန်ဖိုးကြီး အိမ်ခြံမြေ များစွာပိုင်ဆိုင်ထားရာ ဆိုးလ်မြို့တော်ရှိ ဝမ်ငွေ ၁၆ ဘီလီယံတန် အဆောက်အအုံကြီးတစ်လုံးနှင့် အခြား ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံတစ်လုံးတို့လည်း ပါဝင်ကြောင်း ဖော်ပြသည်။

(ဆက်စပ်သတင်း)

မြောက်ကိုရီးယားဗိုလ်ကြီးဇာတ်ကားတွင် တွဲဖက်ညီခဲ့သော Hyun Bin နှင့် Son ye jin တို့ စံအိမ်

https://www.imyanmarhouse.com/news/read/1015770

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hyun Bin & Son Ye Jin put up their penthouse for sale at ~ $5.1 million USD (allkpop)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service