ဗဟုသုတ | Posted by ရွှေစင်ဝင်း
အိန္ဒိယနိုင်ငံဖွား အမျိုးသားတစ်ဦးသည် အမေရိကန်ပြည်၊ နယူးယောက်ပြည်နယ်ရှိ University of Buffalo မှ ဇီဝဆေးပညာ engineering ဖြင့် ကျောင်းပြီးခဲ့ပြီးနောက် Elon Musk ၏ Tesla ကားကုမ္ပဏီတွင် အကြိမ်ပေါင်း ၃၀၀ ကျော် လျှောက်လွှာပေးပို့ အလုပ်လျှောက်ထားခဲ့ရာ နောက်ဆုံးတွင် အလုပ်ရရှိသွားခဲ့သည်။
ဒရုဗ် လိုယာ (Dhruv Loya) ဟု အမည်ရသော အမျိုးသားသည် လျှောက်လွှာများအပြင် email ပေါင်း အစောင် ၅၀၀ ကျော် ပို့ခဲ့ကာ အင်တာဗျူး ၁၀ ကြိမ် ဝင်ခဲ့ရပြီးနောက် Tesla တွင် အလုပ်လုပ်လိုသော အိပ်မက် အကောင်အထည် ပေါ်သွားခဲ့သည်။
(ဒရုဗ် လိုယာ၏ အင်စတာဂရမ်အကောင့် bio တွင် ဖော်ပြချက်အရ သူသည် အိန္ဒိယနိုင်ငံ၊ ပြွန်းမြို့တွင် မွေးဖွားသူဖြစ်ပြီး ယခုအခါ နယူးယောက်မြို့တွင် အခြေချနေထိုင်လျက်ရှိကာ အမေရိကန်အိပ်မက်များအား ဖမ်းဆုပ်နိုင်ရန် ကြိုးစားနေကြောင်း သိရသည်။ ဓာတ်ပုံ-Linkedln)
လိုယာက သူ၏ အလုပ်ရရှိမှုကို Linkedln တွင် မျှဝေရင်း အလုပ်လျှောက်ထားမှု ခရီးကြမ်း၏ နောက်ဆုံးတွင် ရရှိခဲ့သော အောင်မြင်မှုအပေါ် ပျော်ရွှင်ဝမ်းမြောက်စွာ အောင်ပွဲခံခဲ့သည်။
“ကျွန်တော် နောက်ဆုံးမှာ အလုပ်ရခဲ့ပါပြီ” ဟု လိုယာက Linkedln တွင် ပြောကြားခဲ့ပြီး သူ၏ resume ကိုလည်း ပြင်ဆင်ရေးသားခဲ့ရာ သူ၏ လုပ်ငန်းအတွေ့အကြုံစာရင်းတွင် Tesla ၏ Powerwall Technical Support Specialist ရာထူးကို ထပ်မံဖြည့်သွင်းခဲ့သည်။
လိုယာသည် ကျောင်းစာတွင် ထူးချွန်သော်လည်း ကျောင်းပြီးချိန်၌ ၅ လခန့်အထိ အလုပ်လက်မဲ့ဖြစ်နေခဲ့သည်။
အမေရိကတွင် နေထိုင်ရသည့် ဘဝမှာ မီးစာကုန်သော အခြေအနေသို့ ဆိုက်ရောက်ခဲ့ကြောင်း လိုယာက ပြောပြသည်။
အငှားအိမ်ကနေ ဖယ်ပေးရမယ့်အခြေအနေ၊ ကျန်းမာရေးအာမခံကြေး မသွင်းနိုင်တော့တဲ့ အခြေအနေကို ဆိုက်ပြီး မကြာခင် အမေရိကန်ကနေ ကျောခိုင်းထွက်ခွာရတော့မည့် အခြေအအနေရှိနေခဲ့ကြောင်း လိုယာက လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
Tesla တွင် အလုပ်မရမီကာလများအတွင်း လိုယာသည် သူငယ်ချင်းများ၏ တိုက်ခန်းများနှင့် လေထိုးမွေ့ယာများတွင် အိပ်စက်ခဲ့ရသည်။
ပြီးခဲ့သော လအနည်းငယ်အတွင်း လက်ကျန်ငွေမည်မျှရှိသည်ကိုသာ အချိန်တိုင်း ရေတွက်နေခဲ့ရ၏။
“ဒီလိုအခြေအနေမျိုး ရင်ဆိုင်နေရသူတိုင်းကို ကျွန်တော်အကြံပေးချင်တာက အလုပ်လျှောက်တဲ့ကိစ္စကို မနက် ၉ -ညနေ ၅ ရုံးအလုပ်လုပ်နေသလိုမျိုး သဘောထားပြီး လုပ်ကိုင်ပါ။ ညနေပိုင်းအချိန်တွေနဲ့ ရုံးပိတ်ရက်တွေမှာ အနားယူပြီး ဝါသနာပါရာကို လုပ်ဆောင်ပါ။ ဒီကိစ္စက ဘယ်လောက်စိတ်ဓာတ်ကျဖို့ကောင်းတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်” ဟု လိုယာက ပြောသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: After 300+ applications, Indian-origin engineer lands dream job at Tesla; his advice, ‘treat applying to jobs as…’ (hindustantimes)