အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ

အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ - Property News in Myanmar from iMyanmarHouse.com
14 Nov 2024 11:55 am တွင် တင်ခဲ့သည်
508 ကြိမ် ကြည့်ရှု့ပြီး

အမေရိက အိမ်ခြံမြေဈေးကွက်နှင့်စပ်လျဉ်းပြီး မဲဆွယ်ယှဉ်ပြိုင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်မှာ ဒုတိယအကြိမ်အဖြစ် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်သည်။

ဒေါ်နယ်ထရမ့်သည် ဒီမိုကရက်ပါတီမှ ခါမလာ ဟဲရစ်အပေါ် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ကာ ၄၇ ဆက်မြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်တော့မည် ဖြစ်ပြီး အထက်လွှတ်တော်တွင်လည်း အမတ်နေရာအများစုကို သိမ်းပိုက်နိုင်ခဲ့သည်။

လွှတ်တော်များတွင် အမတ်နေရာအများစု ရရှိထားခြင်းမှာ ထရမ့်အတွက် သူ၏ agenda များကို လွတ်လပ်စွာ အကောင်အထည်ဖော်ခွင့် ရရှိစေမည်လည်းဖြစ်ရာ အိမ်ရာများကို ပိုမိုဈေးနှုန်းသက်သာစွာ ရရှိနိုင်ရေးကိစ္စလည်း အပါအဝင် ဖြစ်သည်။

ထရမ့်က ဖလော်ရီဒါပြည်နယ်၊ West Palm Beach တွင် ရွေးကောက်ပွဲအနိုင်ရမှု အောင်ပွဲခံခဲ့ရာ၌ အမေရိကတွင် ယခင်က မတွေ့ကြုံခဲ့ဖူးသော နိုင်ငံရေးအောင်ပွဲကြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများနှင့် ပြည်သူတို့၏ အနာဂတ်အတွက် တိုက်ပွဲဝင်ပေးသွားမည်ဟု ကတိပြုကြောင်း ထရမ့်က ပြောကြားခဲ့သည်။

မိမိအနေဖြင့် တောင့်တင်းခိုင်မာ၊ ဘေးကင်းလုံခြုံကာ ကြီးပွားချမ်းသာသည့် အမေရိကန်ပြည်ထောင်စုအဖြစ် ဆောင်ကြဉ်းမပေးနိုင်မချင်း ရပ်တန့်သွားမည်မဟုတ်ကြောင်း၊ ထိုသို့သော အခြေအနေမျိုးကို မဲဆန္ဒရှင်ပြည်သူများ၊ ပြည်သူတို့၏ ရင်သွေးများ ရရှိခံစားရန် ထိုက်တန်ကြောင်းလည်း ထရမ့်က ပြောသည်။

(ရွေးကောက်ပွဲ အနိုင်ရသွားသော ဒေါ်နယ်ထရမ့်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်က ဖလော်ရီဒါပြည်နယ်၊ West Palm Beach တွင် တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-Jim Watson/ AFP Via Getty Images)

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လူနေအိမ်အကျပ်အတည်းမှာ အဓိက ဆွေးနွေးစရာ အကြောင်းရပ်တစ်ခု ဖြစ်ခဲ့သည်။

အမေရိကန်ပြည်တဝန်း အိမ်ငှားနေထိုင်သူတို့၏ ထက်ဝက်ခန့်မှာ အိမ်လခ မနိုင်ဝန် ပိနေကြသည်။

အိမ်ဈေးများ အလွန်မြင့်တက်မှုကြောင့် အများစုမှာ အိမ်ပိုင်ဆိုင်ရေးကို လက်လှမ်းမမီကြတော့ချေ။

ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလအတွင်း ထရမ့်က ပြောခဲ့သည်မှာ သမ္မတဘိုင်ဒန်လက်ထက်တွင် အမေရိကသို့ တရားမဝင် ဝင်ရောက်နေထိုင်သူ များပြားခြင်းကြောင်း အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း ပြောသည်။

မိမိရွေးကောက်ခံရပါက အိမ်ခြံမြေအတိုးနှုန်းနည်းပါးအောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထရမ့်က ပြောခဲ့သည်။

သို့သော် အမေရိကတွင် သမ္မတတို့သည် အိမ်ခြံမြေချေးငွေအတိုးနှုန်းများကို ထိန်းချုပ်သည့် အလေ့အထ မရှိချေ။

အမေရိကန်ပြည်ထောင်စု၏ အိမ်ခြံမြေဈေးကွက်အပေါ် ကြီးမားသည့် သက်ရောက်မှုများ ရှိလာနိုင်သော ထရမ့်၏ မူဝါဒများကို အောက်တွင် ဖော်ပြထားပါသည်။

((ရွှေ့ပြောင်းအခြေချသူများကို တိုင်းပြည်တွင်းမှ အလုံးအရင်းနှင်ထုတ်မည့် မူဝါဒ))

အမေရိကတွင် တန်ဖိုးနည်းအိမ်ခြံမြေ အကျပ်အတည်းရှိနေခြင်းမှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကြောင့် ဖြစ်ကြောင်း ထရမ့်က မကြာခဏ ပြောခဲ့သည်။

ရှားပါးနေသော အိမ်ခြံမြေများတွင် အမေရိကန်ပြည်သူတို့မှာ ရွှေ့ပြောင်းနေထိုင်သူများနှင့် အပြိုင်အဆိုင် လုနေရကြောင်း ထရမ့်က ပြောသည်။

အမေရိကန်သမိုင်းတွင် အကြီးမားဆုံး ပြည်နှင်ဒဏ်ပေးမည့် စစ်ဆင်ရေးကို အကောင်အထည်ဖော်သွားမည်ဟု ထရမ့်က ကတိပေးထားသည်။

ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် demand လျှော့ချပေးနိုင်ကာ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းစေနိုင်ကြောင်း ထရမ့်က ပြောသည်။

သို့သော် အထောက်အထားများစွာအရ ရွှေ့ပြောင်းနေထိုင်သူများ မြင့်တက်မလာမီ ကိုဗစ်အလွန်ကာလ ကတည်းက အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ပြသနေသည်။

(တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကိစ္စ ကိုင်တွယ်ခြင်းအားဖြင့် အိမ်ခြံမြေများ ဈေးသက်သာလာနိုင်မည်ဟု ထရမ့်က ယူဆသည်။ ဓာတ်ပုံ-Christopher Sadowski)

((စည်းမျဉ်းများ ဖြေလျော့ပေးခြင်းနှင့် အစိုးရမြေများကို ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ချထားပေးခြင်း))

ထရမ့်က အိမ်ဆောက်လုပ်မှုများတွင် ကုန်ကျစရိတ်များ မလိုအပ်ဘဲ မြင့်တက်စေသည့် အကြောင်းတစ်ရပ်ဖြစ်သော လုပ်ထုံးလုပ်နည်းများကို လျှော့ချပေးမည်ဟု ပြောကြားထားသည်။

“အိမ်သစ်တစ်လုံး ဆောက်လုပ်မှု ကုန်ကျစရိတ်ကို ထက်ဝက်လောက် လျှော့ချပေးနိုင်ဖို့ ရည်မှန်းချက်အတွက် ကျွန်တော်တို့ဟာ လုပ်ထုံးလုပ်နည်းတွေကို ဖျက်သိမ်းပေးလိမ့်မှာ ဖြစ်ပါတယ်။ ဒါတွေက အိမ်ဈေးနှုန်းကို မြင့်တက်စေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါကို လုပ်နိုင်တယ်လို့ ထင်ပါတယ်။ ဒီလုပ်ထုံးလုပ်နည်းတွေဟာ အိမ်သစ်တစ်လုံးတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းလောက် ကျသင့်နေပါတယ်” ဟု ထရမ့်က ပြီးခဲ့သော စက်တင်ဘာလအတွင်း နယူးယောက်မြို့ရှိ Economic Club တွင် ပြောကြားခဲ့သည်။

သို့သော် ထရမ့်ပြောသော ပမာဏမှာ အလွန်အကျွံတွက်ချက်ပြောကြားထားသော ပမာဏဖြစ်နေသည်။

အမျိုးသား ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (NAHB) ၏ ခန့်မှန်းချက်အရ ပါမစ်ကြေးနှင့် ဆိုဒ်လုပ်ငန်းခွင် စစ်ဆေးရေးဆိုင်ရာ ကိစ္စရပ်များအတွက် ကုန်ကျစရိတ်မှာ အိမ်သစ်တစ်လုံးကုန်ကျစရိတ်၏ ၇ ဒသမ ၄ ရာခိုင်နှုန်းရှိသည်ဟု ပြောကြားထားသည်။

((အတိုးနှုန်းလျှော့ချရန် ဗဟိုဘဏ်ကို ဖိအားပေးခြင်း))

နောက်ဆုံးအချက်အနေဖြင့် ထရမ့်က အိမ်ခြံမြေချေးငွေ အတိုးနှုန်းများ လျှော့ချရေး လုပ်ဆောင်မည်ဟု ပြောထားသည်။

သမ္မတတွင် ထိုသို့လုပ်ဆောင်နိုင်မည့် ရှင်းလင်းသော ယန္တရားမျိုး မရှိချေ။ “အိမ်ခြံမြေချေးငွေအတိုးနှုန်း လျှော့ချရေးဟာ အရေးကြီးတဲ့အချက်တစ်ခုပါ။ ကျွန်တော်တို့အနေနဲ့ ဒါကို လျှော့ချဖို့ လုပ်ဆောင်ပါမယ်။ ၃ ရာခိုင်နှုန်း၊ ဒါမှမဟုတ် အဲဒါထက် နည်းတဲ့ပမာဏဆိုရင် အိမ်ဝယ်မယ့်သူတွေ အနေနဲ့ တစ်နှစ်ကို ဒေါ်လာ ထောင်နဲ့ချီ သက်သာသွားမှာ ဖြစ်ပါတယ်” ဟု ထရမ့်က ပြောသည်။

LendingTree မှ အကြီးတန်း စီးပွားရေးပညာရှင် Jacob Channel ကမူ “သမ္မတတစ်ဦးဟာ အိမ်ခြံမြေအတိုးနှုန်းကို သတ်မှတ်လို့ မရပါဘူး။ ထရမ့်အနေနဲ့ ဆန္ဒရှိတယ်ဆိုရင်တောင်မှ အတိုးနှုန်းတွေကို လျှော့ချဖို့ ထင်တိုင်းကြဲဆုံးဖြတ်လို့ မရပါဘူး” ဟု ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: What Donald Trump’s return to the White House will mean for the housing market (realtor) Photo Credit- Jim Watson/ AFP Via Getty Images, Christopher Sadowski

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service