ဗဟုသုတ | Posted by ရွှေစင်ဝင်း
အာရှနိုင်ငံတစ်ဝန်းနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ယခုနှစ်များအတွင်း အရူးအမူး စွဲစွဲလမ်းလမ်းစားသုံးကြတဲ့ ဟင်းပွဲတစ်မျိုးကတော့ Hot Pot ပါပဲ။ Hot Pot ဟာ အာရှနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ နာမည်ကြီးလာတာ မကြာသေးပေမယ့် တရုတ်နိုင်ငံရဲ့ အစားအစာတစ်မျိုးအနေနဲ့ တည်ရှိနေခဲ့တာ နှစ်ထောင်ချီကြာလာခဲ့ပါပြီ။
Hot Pot ကို တရုတ်လို Huo Guo လို့ခေါ်ပါတယ်။ တောင်ပိုင်းစတိုင်နဲ့ မြောက်ပိုင်းစတိုင် နှစ်မျိုးကွဲပြားပြီး စားသုံးကြပါတယ်။ Hot Pot ဟာ ဆောင်းရာသီအစားအစာမျိုးဖြစ်ပြီး ပါဝင်ပစ္စည်းကိုလည်း ကိုယ်ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်တာမို့ ကျန်းမာရေးနဲ့ ညီညွှတ်စေပါတယ်။
အခုရက်ပိုင်း အင်တာနက်ပေါ်မှာ ဟိုးလေးတစ်ကျော်ဖြစ်နေတာကတော့ လူတစ်ရာကျော်စာ တစ်ပြိုင်နက်စားလို့ဆန့်တဲ့ Hot pot အိုးကြီးဖြစ်ပါတယ်။ Hot Pot အိုးကြီး Video ဟာ စီချွန်းစီရင်စု Meishan မြို့ကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
Hot Pot အိုးကြီးရဲ့အကျယ်က အချင်း ၁၃ ဒသမ ၈ မီတာအထိရှိပြီး ၃ မီတာအထိ မြင့်ပါတယ်။ တစ်ကြိမ်ထဲမှာ လူပေါင်း ၁၃၈ ယောက်အထိ စားသောက်နိုင်ပြီး Hot Pot အိုးကြီး ပူနေအောင် အမြဲအပူပေးထားပုံကိုလည်း တွေ့မြင်နိုင်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Photo Credit: South China Morning Post