ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘီလီယံချမ်းသာသော ဘီလျံနာကြီးဖြစ်လာ

ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘီလီယံချမ်းသာသော ဘီလျံနာကြီးဖြစ်လာ - Property Knowledge in Myanmar from iMyanmarHouse.com
5 Nov 2024 12:04 pm တွင် တင်ခဲ့သည်
667 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဟီတစ်ရှ် ချမဲလား ဒိုရှီ (Hitesh Chimanlal Doshi) သည် ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝလမ်းကြောင်းကို စတင်ခဲ့သည်။

ယင်းနောက် နှစ်ပေါင်း ၄၀ နီးပါးကြာသောအခါ ဒိုရှီသည် အိန္ဒိယ၏ အကြီးမားဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကုမ္ပဏီကြီးများတွင် အပါအဝင်ဖြစ်သော Waaree Group ကို ဦးဆောင်လျက် ရှိနေသည်။

ဒိုရှီသည် အိန္ဒိယနိုင်ငံ၊ မဟာရပ်ရှ်တရာပြည်နယ်အလယ်ပိုင်း Tunki မြို့လေးရှိ ကျေးရွာတစ်ခုတွင် မွေးဖွားသည်။

ဒိုရှီသည် သူ၏ ရွာလေးမှ ၃၇၃ မိုင်ဝေးကွာသော မွမ်ဘိုင်းတက္ကသိုလ်ရှိ Shri Chinai ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးကောလိပ်တွင် ၁၉၈၅ ခုနှစ်၌ ကျောင်းတက်ခဲ့သည်။

ကျောင်းစရိတ်ရရန်အတွက် ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ချေးယူကာ ကုန်မာနှင့် လျှပ်စစ်ပစ္စည်းဆိုင်ငယ်လေး ဖွင့်လှစ်ခဲ့ကြောင်း ဒိုရှီက Economic Times သတင်းဌာနသို့ ၂၀၁၄ ခုနှစ်အတွင်းက ပြောခဲ့ဖူးသည်။

ဘွဲ့ရပြီးနောက်ပိုင်း ဒိုရှီသည် ဘဏ်မှ ရူပီး ၁၅၀,၀၀၀ ငွေချေးကာ ပရက်ရှာ ဂိတ်များ၊ ဆီဆိုင်သုံးပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံး Valve များ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့သည်။

ထောင်စုနှစ် အပြောင်းအလဲတွင် ဒိုရှီက ရေပန့်များ၊ အပူပေးစက်များ၊ cooker များနှင့် မီးအိမ်များ၏ ဈေးကွက် အလားအလာကို တွက်ဆမိခဲ့သည်။

သူ၏ အကြီးမားဆုံး ဖောက်သည်မှာ အမေရိကန်နှင့် ဥရောပတို့မှ ဖြစ်သည်။

ဒိုရှီသည် ၂၀၀၇ ခုနှစ်အတွင်း ဂျာမနီရှိ ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ရာတွင် ဆိုလာစွမ်းအင်ကဏ္ဍ၏ အလားအလာကို တွေ့မြင်ခဲ့သည်။

ယင်းနောက်ပိုင်း သူ၏ thermal equipment လုပ်ငန်းကို ရောင်းချကာ ဆိုလာပြားများ ထုတ်လုပ်သည့် လုပ်ငန်းဘက်တွင် အာရုံစိုက်ခဲ့သည်။

သူ၏ ဇာတိရွာလေးရှိ Wari ဘုရားကျောင်းကို ဂုဏ်ပြုသောအားဖြင့် ကုမ္ပဏီ၏ အမည်ကို Waaree Energies ဟု ဒိုရှီက အမည်ပေးခဲ့သည်။

Waaree ၏ ဆိုလာပြား ထုတ်လုပ်သည့် ကုမ္ပဏီခွဲဖြစ်သော Waaree Energies ၏ ရှယ်ယာများကို ပြီးခဲ့သော တနင်္လာနေ့က မွမ်ဘိုင်းစတော့ရှယ်ယာဈေးကွက်တွင် ရောင်းချခဲ့ရာ ဒိုရှီတို့မိသားစုမှာ ဘီလျံနာသူဌေး ဖြစ်လာခဲ့ကြသည်။

မွမ်ဘိုင်းရှယ်ယာဈေးကွက်တွင် ရောင်းချခဲ့ပြီးနောက် Waaree Energies ၏ ရှယ်ယာဈေးမှာ ၅၆ ရာခိုင်နှုန်းအထိ ထိုးတက်ခဲ့ရာ ဒိုရှီတို့ မိသားစုကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံခန့် ရှိလာခဲ့ကြောင်း Bloomberg ဘီလျံနာညွှန်းကိန်းက ဖော်ပြသည်။

ထိုပမာဏမှာ ဒိုရှီ၏ ယခင်ကြွယ်ဝမှုထက် ၂ ဆခန့် မြင့်တက်လာခြင်းလည်း ဖြစ်သည်။

အသက် ၅၇ နှစ်အရွယ်ရှိ ဒိုရှီသည် Waaree Energies တွင် ဥက္ကဌ၊ မန်နေးဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူထားပြီး သူ၏ ညီနှစ်ဦးနှင့် တူဖြစ်သူတို့မှာ ဒါရိုက်တာဘုတ်အဖွဲ့တွင် ပါဝင်ကြသည်။

၎င်းတို့မိသားစုသည် Engineering ကုမ္ပဏီခွဲဖြစ်သော Waaree Renewable Technologies Ltd နှင့် စွမ်းအင်သိုလှောင်မှုကုမ္ပဏီ Waaree Technologies Ltd တို့တွင်လည်း အကြီးမားဆုံး ရှယ်ယာရှင် ဖြစ်သည်။

Waaree Energies သည် အိန္ဒိယတွင် အကြီးမားဆုံး ဆိုလာထုတ်လုပ်သူဖြစ်ပြီး မဂ္ဂါဝပ် ၁၂၀၀၀ ထုတ်လုပ်န်ိုင်စွမ်း ရှိသည်။

အဓိက ဝင်ငွေမှာ အမေရိကန်ပြည်သို့ တင်ပို့ ရောင်းချရမှုမှ ရရှိသည်။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အမေရိကန်ပြည်ထောင်စုသည် တရုတ်ပြည်မှ ဆိုလာများကို အကောက်ခွန် များ မြှင့်တင်လာခဲ့ပြီးနောက်ပိုင်း Waaree ၏ ဆိုလာပြားများ ရောင်းအားအလွန်မြင့်တက်လာခဲ့သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Indian tycoon who started his company using a $60 loan is now worth $5 billion (economictimes)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ရေငတ် တစ္ဆေကို ရေသန့်ဘူးတွေ ဆက်ကပ်ရတဲ့ ဟိမဝန္တာ တောင်တန်းကြီးပေါ်က ထူးဆန်းသော နတ်ကွန်း
ရေငတ် တစ္ဆေကို ရေသန့်ဘူးတွေ ဆက်ကပ်ရတဲ့ ဟိမဝန္တာ တောင်တန်းကြီးပေါ်က ထူးဆန်းသော နတ်ကွန်း
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီးနေ...
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီးနေ...
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျော် ခရီးထွက်ခဲ့မှု ဟိုးလေးတကြော်ဖြစ်နေ...
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျော် ခရီးထွက်ခဲ့မှု ဟိုးလေးတကြော်ဖြစ်နေ...
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန် အိမ်တစ်လုံး ဝယ်ယူခဲ့ပြီး ကလေးငယ်က ပိုင်ဆိုင်မှု လွှဲပြောင်းမပေးသောကြောင့် တရားစွဲ...

ထူးထူးခြားခြား ကမ္ဘာတလွှား ၊ ပါကစ္စတန်တွင် ဗြိတိသျှအရာရှိတစ်ဦး၏ အမိန့်ဖြင့် နှစ်ပေါင်း ၁၂၀ ကျော် ဖမ်းဆီးအရေးယူခံထားရသော ညောင်ပင်ကြီးအကြောင်း...
ထူးထူးခြားခြား ကမ္ဘာတလွှား ၊ ပါကစ္စတန်တွင် ဗြိတိသျှအရာရှိတစ်ဦး၏ အမိန့်ဖြင့် နှစ်ပေါင်း ၁၂၀ ကျော် ဖမ်းဆီးအရေးယူခံထားရသော ညောင်ပင်ကြီးအကြောင်း...
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်...
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်...
တူနီးရှားနိုင်ငံက ရှေးဟောင်းမြေအောက်ကမ္ဘာမှာ ယနေ့တိုင် နေထိုင်နေဆဲလူသားများ
တူနီးရှားနိုင်ငံက ရှေးဟောင်းမြေအောက်ကမ္ဘာမှာ ယနေ့တိုင် နေထိုင်နေဆဲလူသားများ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလျား ၁၁၁ ပေရှိ သန္တာကောင်အသိုက်အုံဖြစ်ပြီး အသက် ၃၀၀ ကျော်ရှိပြီဖြစ်...
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလျား ၁၁၁ ပေရှိ သန္တာကောင်အသိုက်အုံဖြစ်ပြီး အသက် ၃၀၀ ကျော်ရှိပြီဖြစ်...
ဘဝ၏ အဓိပ္ပာယ်ကို သိလိုသောကြောင့် စပိန်မှ ပါကစ္စတန်နိုင်ငံအထိ ၃ နှစ်ကျော် အချိန်ယူကာ ဖိနပ်မပါ ခြေဗလာဖြင့် ခြေလျင်ခရီးသွားနေသော စပိန်နိုင်ငံသား...
ဘဝ၏ အဓိပ္ပာယ်ကို သိလိုသောကြောင့် စပိန်မှ ပါကစ္စတန်နိုင်ငံအထိ ၃ နှစ်ကျော် အချိန်ယူကာ ဖိနပ်မပါ ခြေဗလာဖြင့် ခြေလျင်ခရီးသွားနေသော စပိန်နိုင်ငံသား...
ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?
ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ န
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ န
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
Neighbourhood
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service