လေ့လာစရာ အိမ်ခြံမြေဥပဒေတစ်ခွင်

လေ့လာစရာ အိမ်ခြံမြေဥပဒေတစ်ခွင် - Property Knowledge in Myanmar from iMyanmarHouse.com
3 Nov 2024 11:20 am တွင် တင်ခဲ့သည်
344 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

မေတ္တာဖြင့်ပေးကမ်းတဲ့ပစ္စည်း (အိမ်နှင့်ခြံ) ကို လက်ဝယ်ရရှိမထားရင် တရားဝင်မှု ရှိ/မရှိ ဆိုတဲ့မေးခွန်းအပါအဝင် ဗဟုသုတဖြစ်ဖွယ် အိမ်ခြံမြေ

အမေးအဖြေသုံးခုကို ဒီတစ်ပတ်ပိတ်ရက်မှာ ဖြေကြားပေးထားပါတယ်။

 

မေးခွန်း (၁) - မြေနှင့် အဆောက်အဦကို နှစ်ရှည်ငှားရမ်းခြင်းအား တရားဝင်ခိုင်မာမှုရှိစေရန် ဘာတွေလုပ်ဆောင်သင့်ပါသလဲ။

အိမ်ခြံမြေများအား နှစ်ရှည်ငှားရမ်းခြင်းပြုလိုပါက တရားဝင်မှုဖြစ်ရင် မှတ်ပုံတင်စာချုပ်စာတမ်းချုပ်ဆိုရန် လိုအပ်ပါသည်။ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေပုဒ်မ-၁၆(ဃ) အရ (၁)နှစ်ထက် ကျော်လွန်၍ ငှားရမ်းမှုများ၊ တစ်နှစ် ထက်ပို၍ ငှားရမ်းခြင်းများ၊ နှစ်အလိုက်သတ်မှတ်၍ ငှားရမ်းခြင်းစာချုပ်များအား မဖြစ်မနေ မှတ်ပုံတင်ရန် လိုအပ်ကြောင်း ဖော်ပြထားပြီး ဖြစ်ပါသည်။

စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ-၁၇(ဂ)အရ (၁)နှစ်ထိသာ ငှားရမ်းခြင်းစာချုပ်များမှာ မှတ်ပုံတင်လိုက တင်နိုင်သောစာချုပ်အမျိုးအစားထဲတွင် ပါဝင်ပါသည်။ ထို့ပြင် နှစ်ရှည်အများဆုံး ငှားရမ်းကြသည့် စက်ရုံ၊ အလုပ်ရုံ၊ ကွန်ဒိုများတွင် မှတ်ပုံတင်စာချုပ်ဖြင့် ငှားရမ်းခြင်း စာချုပ်ချုပ်ဆိုရန် လိုအပ်ပါသည်။

ငှားရမ်းခြင်း မှတ်ပုံတင်စာချုပ်တွင် တံဆိပ်ခေါင်းခွန်ပြည့်မှီစွာ ထမ်းဆောင်ရန် လိုအပ်ပြီး မြေကွက်၏ အမျိုးအစား၊ပုံသာန်၊ အရွယ်အစား၊ တည်နေရာ၊ အကျယ်အဝန်းအားလဲ ရှင်းလင်း တိကျစွာ ဖော်ပြရပါမည်။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများတွင် သက်ဆိုင်ရာ မြေယာစီမံခန့်ခွဲမှုဌာနမှ သက်သေခံမြေပုံ၊ မြေရာဇဝင် ပါရှိရပါမည်။

စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ - ၂၁ အရ လက်မှတ်ရေးထိုးမှုပြုပြီး ရက်ပေါင်း(၁၂၀)အတွင်း မှတ်ပုံတင် ရန်အတွက် တင်ပြရပါမည်။

မြန်မာနိုင်ငံရင်းနှီးမြုပ်မှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် စက်ရုံ၊ အလုပ်ရုံ၊ မြေငှားရမ်းခြင်းများမှာ ကနဦးနှစ် - (၅၀)ထိ ငှားရမ်းနိုင်ကာ သက်တမ်းတိုး တစ်ကြိမ် (၁၀)နှစ် သက်တမ်းတိုးနိုင်ပါသည်။ ငှားရမ်းခြင်းစာချုပ်အား ကိုယ်စားလှယ်လွှဲစာဖြင့် မှတ်ပုံတင်ခြင်းပြုနိုင်ပြီး လွှဲအပ်သူ သက်ရှိထင်ရှားရှိကြောင်း ကျမ်းကျိန်လွှာ တင်ပြပေးရပါမည်။ ကုမ္ပဏီများမှ မှတ်ပုံတင်ဆောင်ရွက်လိုပါကလဲ အစည်းအဝေးမှတ်တမ်း လိုအပ်ပါသည်။ စာချုပ်မှာ အခြားဘာသာ စကားတခုခုဖြင့် စာချုပ်ချုပ်ဆိုထားပါလဲ မြန်မာဘာသာစကားဖြင့် နိုတြီပဗ္ပလစ်မှ သာသာပြန်ဆိုချက်ပါ မှတ်ပုံတင် အရာရှိထံ ပူးတွဲတင်ပြ ပေးရန် လိုပါသည်။ ပုဒ်မ- (၇)၊ (၈)ပါ မှတ်ပုံတင်အရာရှိသည် စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေပုဒ်မ-၃၂ နှင့် ညီညွတ်သော စာချုပ်စာတမ်းဖြစ်ပါက လက်ခံကာ မှတ်ပုံတင်ရှိခွင့်ပြုမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

မေးခွန်း (၂) - မေတ္တာဖြင့် ပေးကမ်းတဲ့ပစ္စည်း (အိမ်နှင့်ခြံ) ကို လက်ဝယ်ရရှိမထားရင် တရားမဝင်ဘူးဆိုတာ ဟုတ်ပါသလား။

မေတ္တာဖြင့် ပေးကမ်းခြင်းဆိုသည်မှာ ပစ္စည်းပိုင်ရှင် တစ်စုံတစ်ဦးမှ မိမိပိုင်ပစ္စည်းအား အခြားသူတစ်ဦး တစ်ယောက်ထံ အဖိုးစားနားမပါဘဲ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပါသည်။ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မိခင်/ ဖခင်၊အဘိုးအဘွားများမှ ၎င်းတို့ သက်ရှိထင်ရှားရှိနေစဉ် သားသမီး / မြေးမြစ်များအား ပေးကမ်းခြင်းပြုနိုင်ပြီး မှတ်ပုံစာချုပ် စာတမ်းဖြင့် ပေးကမ်းရန်တော့ လိုပါသည်။

ထို့သို့ လွှဲပြောင်းပေးခြင်းပြုသည့်အခါ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ၊ ပဋိဉာဉ်ဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်မှု ပြုရန်တော့ လိုပါသည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်း အိမ်ခြံမြေအား လွှဲပြောင်းပေးအပ်မည်ဆိုပါက ရန်ကုန်မြို့တော်၊ မြေစီမံခန့်ခွဲမှု ဌာနတွင် မေတ္တာဖြင့်အပိုင်ပေးကမ်းခြင်း မြေပုံ/မြေရာဇဝင် ကူးယူရန်လိုပါသည်။

ပေးကမ်းမှုအတည်ဖြစ်စေရန်အတွက် ပေးကမ်းသူတို့ အချင်းချင်းတော်စပ်မှု ကျိမ်းကျိန်လွှာ၊ မိသားစုများမှ သဘောတူညီကြောင်း အထောက်အထားကျမ်းကျိန်လွှာ၊ ပေးအပ်သူမှ အမှန်တကယ် ပေးကမ်းပစ္စည်းအပေါ်တွင် စီမံခန့်ခွဲခွင့်ရှိကြောင်း ကျမ်းကျိန်လွှာ၊ ပေးကမ်းခြင်းစာချုပ်၊ မြေပုံ/မြေရာဇဝင်၊ အိမ်ခြံမြေ ဓာတ်ပုံများ၊ မြေပိုင်ဆိုင်မှု အတွက် မြေငှားဂရန်(သို့) မြေပိုင်မြေ မှတ်ပုံတင်စာချုပ်စာတမ်း၊ ပေးကမ်းသူနှင့် လက်ခံသူ မှတ်ပုံတင်၊ အိမ်ထောင်စု၊ ခံဝန်ချက်များ ၊သက်သေ(၂)ဦးတို့ တင်ပြပေးရပါမည်။

ပစ္စည်းလွှဲပြောင်းခြင်းများမှာ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ- ၁၂၃ အရ မှတ်ပုံတင်စာချုပ်စာတမ်း ချုပ်ဆိုပြီး လွှဲပြောင်းပေးအပ်ရန်လိုပါသည်။ မှတ်ပုံတင်စာချုပ်မချုပ်ဆိုမီ ရာဖြတ်အခွန်တန်ဖိုးအပေါ်တွင် တံဆိပ်ခေါင်းခွန် ထမ်း ဆောင်ရပါမည်။ မေတ္တာဖြင့် ပေးကမ်းမှုများတွင် ပေးအပ်သူ သက်ရှိထင်ရှားရှိနေစဉ်၊ လက်ခံသူနှင့် မှတ်ပုံတင်စာချုပ် ချုပ်ဆိုကာ ပစ္စည်းလွှဲပြောင်းခြင်းပြုမှသာ ပေးကမ်းခြင်းအတည်ဖြစ်မည်ဖြစ်ပါသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်းအား လက်ရောက်ရရှိထားခြင်းမရှိ၊ မှတ်ပုံတင်စာချုပ်လဲ ချုပ်ဆိုထားခြင်းမရှိပါက ပေးကမ်းသူ မရှိသည့်နောက်ပိုင်းတွင် တောင်းဆိုပိုင်ခွင့်လဲမပြုနိုင်ပါ။ ထို့ပြင် အမွေပစ္စည်းအားလုံးအား ပေးကမ်းမှု ပြုလျှင်လဲ ပေးကမ်းခြင်း အထမြောက်မည် မဟုတ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - အမည်ပေါက်ပိုင်ရှင် နိုင်ငံခြားရောက်နေချိန် မြေဂရန် သက်တမ်းကျော်နေပါက ကိုယ်စားလှယ်မှတဆင့် မြေဂရန် သက်တမ်းတိုးပေးနိုင်ပါသလား။

မြေငှားဂရန်ရှိသော မြေကွက်ပေါ်တွင် နေထိုင်သူများသည် မြေငှားဂရန်ပါ စည်းကမ်းချက်များအား လိုက်နာရန် လိုအပ်ပြီး မြေငှားဂရန်များအား သက်ဆိုင်ရာ မြေယာစီမံခန့်ခွဲမှုဌာနမှ (၁၀)ဂရန် မှ နှစ်(၃၀) (၃)ကြိမ် သက်တမ်း တိုးခွင့်ရှိသော နှစ်(၉၀)ဂရန်ထိ ချထားပေးခြင်းများရှိပါသည်။ ဂရန်မြေတွင် နေထိုင်သူများမှ ခွင့်ပြုသတ်မှတ်ကာလအထိ စည်းကမ်းချက်များအား လိုက်နာကာ နေထိုင်ရမည် ဖြစ်ကာ သက်တမ်းမကျော်လွန်ခင် (၃)လအလိုတွင် ကြိုတင်၍ မြေငှားဂရန် သက်တမ်းတိုးရန်လိုပါသည်။ ဂရန်မြေမှာ အစိုးမှ ခွင့်ပြုချက်ချထားပေးသော မြေအမျိုးအစားဖြစ်သည့်အတွက် သက်တမ်းကုန်လျှင် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအမျိုးအစားအဖြစ် ပြန်လည်ရောက်ရှိသွားနိုင်ပါသည်။

အဆိုပါဂရန်မြေအတွက် သတ်မှတ်ထားသည့် မြေခွန်အားလဲ ထမ်းဆောင်ရန်လိုအပ်ပြီး မြေခွန်ပေးဆောင်ခြင်း မရှိပါက အစိုးရမှ ဂရန်မြေကွက်အား ပြန်လည်သိမ်းယူခြင်းလဲပြုနိုင်ပါသည်။ ထို့ပြင် မြေငှားဂရန်အား အမည်ပေါက်(သို့) မှတ်ပုံတင်စာချုပ်စာတမ်းအဆင့်ဆင့်ဖြင့် လွှဲပြောင်းဆက်ခံသူ (သို့) တရားရုံးမှ ထုတ်ပေးသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းရောင်းကြောင်း လက်မှတ်စာရရှိသူများသည် မြေငှားစာချုပ် (ဂရန်) သက်တမ်းတိုး လျှောက်ထားနိုင်သည့် အခွင့်အရေးရှိပြီး အမည်ပေါက်မဟုတ်ပါက တရားရုံးစီရင်ချက်ဒီဂရီ မဖြစ် မနေ လိုအပ်ပါသည်။ မြေကွက် အရောင်းအဝယ်ပြုခြင်းကိစ္စရပ်များမှာ ကိုယ်စားလှယ်လွှဲစာဖြင့် ယခုနောက်ပိုင်းဆောင်ရွက်၍ မရနိုင် တော့ပါ။ အမည်ပေါက်ကိုယ်တိုင်မှာ မိမိအမည်ပေါက် မြေငှားဂရန်မြေအား အမှန်တကယ် လက်ရောက်ပိုင်ဆိုင် အကျိုးခံစားခွင့်ရှိဖို့လိုအပ်ပါသည်။ ဌာနမှ မြေအားလက်ဝယ်ထားရှိခြင်း၊ စွန့်လွှတ်ထားခြင်းများရှိမရှိ၊ မြေငှားဂရန် စည်းကမ်းချက်နှင့်အညီ လိုက်နာသုံးစွဲခြင်း၊ မြေခွန်ထမ်းဆောင်နေခြင်းရှိမရှိ သေချာစွာ စုံစမ်းစစ်ဆေးပြီးမှ မြေငှားဂရန် အား လက်မှတ်ရေးထိုးစေကာ ချထားပေးမည်ဖြစ်သောကြောင့် သက်တမ်းမကုန်ခင် အမည်ပေါက်ကိုယ်တိုင်မှ သက်တမ်းတိုး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

ေလ့လာစရာ အိမ္ျခံေျမဥပေဒတစ္ခြင္

ေမတၱာျဖင့္ေပးကမ္းတဲ့ပစၥည္း (အိမ္ႏွင့္ျခံ) ကို လက္ဝယ္ရ႐ွိမထားရင္ တရားဝင္မႈ ႐ွိ/မ႐ွိ ဆိုတဲ့ေမးခြန္းအပါအဝင္ ဗဟုသုတျဖစ္ဖြယ္ အိမ္ျခံေျမ

အေမးအေျဖသုံးခုကို ဒီတစ္ပတ္ပိတ္ရက္မွာ ေျဖၾကားေပးထားပါတယ္။

ေမးခြန္း (၁) - ေျမႏွင့္ အေဆာက္အဦကို ႏွစ္႐ွည္ငွားရမ္းျခင္းအား တရားဝင္ခိုင္မာမႈ႐ွိေစရန္ ဘာေတြလုပ္ေဆာင္သင့္ပါသလဲ။

အိမ္ျခံေျမမ်ားအား ႏွစ္႐ွည္ငွားရမ္းျခင္းျပဳလိုပါက တရားဝင္မႈျဖစ္ရင္ မွတ္ပုံတင္စာခ်ဳပ္စာတမ္းခ်ဳပ္ဆိုရန္ လိုအပ္ပါသည္။ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ဥပေဒပုဒ္မ-၁၆(ဃ) အရ (၁)ႏွစ္ထက္ ေက်ာ္လြန္၍ ငွားရမ္းမႈမ်ား၊ တစ္ႏွစ္ ထက္ပို၍ ငွားရမ္းျခင္းမ်ား၊ ႏွစ္အလိုက္သတ္မွတ္၍ ငွားရမ္းျခင္းစာခ်ဳပ္မ်ားအား မျဖစ္မေန မွတ္ပုံတင္ရန္ လိုအပ္ေၾကာင္း ေဖာ္ျပထားၿပီး ျဖစ္ပါသည္။

စာခ်ဳပ္စာတမ္းမွတ္ပုံတင္ဥပေဒပုဒ္မ-၁၇(ဂ)အရ (၁)ႏွစ္ထိသာ ငွားရမ္းျခင္းစာခ်ဳပ္မ်ားမွာ မွတ္ပုံတင္လိုက တင္ႏိုင္ေသာစာခ်ဳပ္အမ်ိဳးအစားထဲတြင္ ပါဝင္ပါသည္။ ထို႔ျပင္ ႏွစ္႐ွည္အမ်ားဆုံး ငွားရမ္းၾကသည့္ စက္႐ုံ၊ အလုပ္႐ုံ၊ ကြန္ဒိုမ်ားတြင္ မွတ္ပုံတင္စာခ်ဳပ္ျဖင့္ ငွားရမ္းျခင္း စာခ်ဳပ္ခ်ဳပ္ဆိုရန္ လိုအပ္ပါသည္။

ငွားရမ္းျခင္း မွတ္ပုံတင္စာခ်ဳပ္တြင္ တံဆိပ္ေခါင္းခြန္ျပည့္မွီစြာ ထမ္းေဆာင္ရန္ လိုအပ္ၿပီး ေျမကြက္၏ အမ်ိဳးအစား၊ပုံသာန္၊ အ႐ြယ္အစား၊ တည္ေနရာ၊ အက်ယ္အဝန္းအားလဲ ႐ွင္းလင္း တိက်စြာ ေဖာ္ျပရပါမည္။ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားတြင္ သက္ဆိုင္ရာ ေျမယာစီမံခန္႔ခြဲမႈဌာနမွ သက္ေသခံေျမပုံ၊ ေျမရာဇဝင္ ပါ႐ွိရပါမည္။

စာခ်ဳပ္စာတမ္းမွတ္ပုံတင္ဥပေဒ - ၂၁ အရ လက္မွတ္ေရးထိုးမႈျပဳၿပီး ရက္ေပါင္း(၁၂၀)အတြင္း မွတ္ပုံတင္ ရန္အတြက္ တင္ျပရပါမည္။

ျမန္မာႏိုင္ငံရင္းႏွီးျမဳပ္မႈ ေကာ္မ႐ွင္၏ ခြင့္ျပဳမိန္႔ျဖင့္ စက္႐ုံ၊ အလုပ္႐ုံ၊ ေျမငွားရမ္းျခင္းမ်ားမွာ ကနဦးႏွစ္ - (၅၀)ထိ ငွားရမ္းႏိုင္ကာ သက္တမ္းတိုး တစ္ႀကိမ္ (၁၀)ႏွစ္ သက္တမ္းတိုးႏိုင္ပါသည္။ ငွားရမ္းျခင္းစာခ်ဳပ္အား ကိုယ္စားလွယ္လႊဲစာျဖင့္ မွတ္ပုံတင္ျခင္းျပဳႏိုင္ၿပီး လႊဲအပ္သူ သက္႐ွိထင္႐ွား႐ွိေၾကာင္း က်မ္းက်ိန္လႊာ တင္ျပေပးရပါမည္။ ကုမၸဏီမ်ားမွ မွတ္ပုံတင္ေဆာင္႐ြက္လိုပါကလဲ အစည္းအေဝးမွတ္တမ္း လိုအပ္ပါသည္။ စာခ်ဳပ္မွာ အျခားဘာသာ စကားတခုခုျဖင့္ စာခ်ဳပ္ခ်ဳပ္ဆိုထားပါလဲ ျမန္မာဘာသာစကားျဖင့္ ႏိုႀတီပဗၸလစ္မွ သာသာျပန္ဆိုခ်က္ပါ မွတ္ပုံတင္ အရာ႐ွိထံ ပူးတြဲတင္ျပ ေပးရန္ လိုပါသည္။ ပုဒ္မ- (၇)၊ (၈)ပါ မွတ္ပုံတင္အရာ႐ွိသည္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ဥပေဒပုဒ္မ-၃၂ ႏွင့္ ညီၫြတ္ေသာ စာခ်ဳပ္စာတမ္းျဖစ္ပါက လက္ခံကာ မွတ္ပုံတင္႐ွိခြင့္ျပဳမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

ေမးခြန္း (၂) - ေမတၱာျဖင့္ ေပးကမ္းတဲ့ပစၥည္း (အိမ္ႏွင့္ျခံ) ကို လက္ဝယ္ရ႐ွိမထားရင္ တရားမဝင္ဘူးဆိုတာ ဟုတ္ပါသလား။

ေမတၱာျဖင့္ ေပးကမ္းျခင္းဆိုသည္မွာ ပစၥည္းပိုင္႐ွင္ တစ္စုံတစ္ဦးမွ မိမိပိုင္ပစၥည္းအား အျခားသူတစ္ဦး တစ္ေယာက္ထံ အဖိုးစားနားမပါဘဲ လႊဲေျပာင္းေပးအပ္ျခင္းျဖစ္ပါသည္။ ျမန္မာဓေလ့ထုံးတမ္းဥပေဒအရ မိခင္/ ဖခင္၊အဘိုးအဘြားမ်ားမွ ၎တို႔ သက္႐ွိထင္႐ွား႐ွိေနစဥ္ သားသမီး / ေျမးျမစ္မ်ားအား ေပးကမ္းျခင္းျပဳႏိုင္ၿပီး မွတ္ပုံစာခ်ဳပ္ စာတမ္းျဖင့္ ေပးကမ္းရန္ေတာ့ လိုပါသည္။

ထို႔သို႔ လႊဲေျပာင္းေပးျခင္းျပဳသည့္အခါ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒ၊ ပဋိဉာဥ္ဥပေဒႏွင့္အညီ လႊဲေျပာင္းေပးအပ္မႈ ျပဳရန္ေတာ့ လိုပါသည္။ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္း အိမ္ျခံေျမအား လႊဲေျပာင္းေပးအပ္မည္ဆိုပါက ရန္ကုန္ၿမိဳ႕ေတာ္၊ ေျမစီမံခန္႔ခြဲမႈ ဌာနတြင္ ေမတၱာျဖင့္အပိုင္ေပးကမ္းျခင္း ေျမပုံ/ေျမရာဇဝင္ ကူးယူရန္လိုပါသည္။

ေပးကမ္းမႈအတည္ျဖစ္ေစရန္အတြက္ ေပးကမ္းသူတို႔ အခ်င္းခ်င္းေတာ္စပ္မႈ က်ိမ္းက်ိန္လႊာ၊ မိသားစုမ်ားမွ သေဘာတူညီေၾကာင္း အေထာက္အထားက်မ္းက်ိန္လႊာ၊ ေပးအပ္သူမွ အမွန္တကယ္ ေပးကမ္းပစၥည္းအေပၚတြင္ စီမံခန္႔ခြဲခြင့္႐ွိေၾကာင္း က်မ္းက်ိန္လႊာ၊ ေပးကမ္းျခင္းစာခ်ဳပ္၊ ေျမပုံ/ေျမရာဇဝင္၊ အိမ္ျခံေျမ ဓာတ္ပုံမ်ား၊ ေျမပိုင္ဆိုင္မႈ အတြက္ ေျမငွားဂရန္(သို႔) ေျမပိုင္ေျမ မွတ္ပုံတင္စာခ်ဳပ္စာတမ္း၊ ေပးကမ္းသူႏွင့္ လက္ခံသူ မွတ္ပုံတင္၊ အိမ္ေထာင္စု၊ ခံဝန္ခ်က္မ်ား ၊သက္ေသ(၂)ဦးတို႔ တင္ျပေပးရပါမည္။

ပစၥည္းလႊဲေျပာင္းျခင္းမ်ားမွာ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒပုဒ္မ- ၁၂၃ အရ မွတ္ပုံတင္စာခ်ဳပ္စာတမ္း ခ်ဳပ္ဆိုၿပီး လႊဲေျပာင္းေပးအပ္ရန္လိုပါသည္။ မွတ္ပုံတင္စာခ်ဳပ္မခ်ဳပ္ဆိုမီ ရာျဖတ္အခြန္တန္ဖိုးအေပၚတြင္ တံဆိပ္ေခါင္းခြန္ ထမ္း ေဆာင္ရပါမည္။ ေမတၱာျဖင့္ ေပးကမ္းမႈမ်ားတြင္ ေပးအပ္သူ သက္႐ွိထင္႐ွား႐ွိေနစဥ္၊ လက္ခံသူႏွင့္ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆိုကာ ပစၥည္းလႊဲေျပာင္းျခင္းျပဳမွသာ ေပးကမ္းျခင္းအတည္ျဖစ္မည္ျဖစ္ပါသည္။

မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းအား လက္ေရာက္ရ႐ွိထားျခင္းမ႐ွိ၊ မွတ္ပုံတင္စာခ်ဳပ္လဲ ခ်ဳပ္ဆိုထားျခင္းမ႐ွိပါက ေပးကမ္းသူ မ႐ွိသည့္ေနာက္ပိုင္းတြင္ ေတာင္းဆိုပိုင္ခြင့္လဲမျပဳႏိုင္ပါ။ ထို႔ျပင္ အေမြပစၥည္းအားလုံးအား ေပးကမ္းမႈ ျပဳလွ်င္လဲ ေပးကမ္းျခင္း အထေျမာက္မည္ မဟုတ္ေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါသည္။

ေမးခြန္း (၃) - အမည္ေပါက္ပိုင္႐ွင္ ႏိုင္ငံျခားေရာက္ေနခ်ိန္ ေျမဂရန္ သက္တမ္းေက်ာ္ေနပါက ကိုယ္စားလွယ္မွတဆင့္ ေျမဂရန္ သက္တမ္းတိုးေပးႏိုင္ပါသလား။

ေျမငွားဂရန္႐ွိေသာ ေျမကြက္ေပၚတြင္ ေနထိုင္သူမ်ားသည္ ေျမငွားဂရန္ပါ စည္းကမ္းခ်က္မ်ားအား လိုက္နာရန္ လိုအပ္ၿပီး ေျမငွားဂရန္မ်ားအား သက္ဆိုင္ရာ ေျမယာစီမံခန္႔ခြဲမႈဌာနမွ (၁၀)ဂရန္ မွ ႏွစ္(၃၀) (၃)ႀကိမ္ သက္တမ္း တိုးခြင့္႐ွိေသာ ႏွစ္(၉၀)ဂရန္ထိ ခ်ထားေပးျခင္းမ်ား႐ွိပါသည္။ ဂရန္ေျမတြင္ ေနထိုင္သူမ်ားမွ ခြင့္ျပဳသတ္မွတ္ကာလအထိ စည္းကမ္းခ်က္မ်ားအား လိုက္နာကာ ေနထိုင္ရမည္ ျဖစ္ကာ သက္တမ္းမေက်ာ္လြန္ခင္ (၃)လအလိုတြင္ ႀကိဳတင္၍ ေျမငွားဂရန္ သက္တမ္းတိုးရန္လိုပါသည္။ ဂရန္ေျမမွာ အစိုးမွ ခြင့္ျပဳခ်က္ခ်ထားေပးေသာ ေျမအမ်ိဳးအစားျဖစ္သည့္အတြက္ သက္တမ္းကုန္လွ်င္ အစိုးရစီမံခန္႔ခြဲပိုင္ခြင့္႐ွိေသာ ေျမအမ်ိဳးအစားအျဖစ္ ျပန္လည္ေရာက္႐ွိသြားႏိုင္ပါသည္။ အဆိုပါဂရန္ေျမအတြက္ သတ္မွတ္ထားသည့္ ေျမခြန္အားလဲ ထမ္းေဆာင္ရန္လိုအပ္ၿပီး ေျမခြန္ေပးေဆာင္ျခင္း မ႐ွိပါက အစိုးရမွ ဂရန္ေျမကြက္အား ျပန္လည္သိမ္းယူျခင္းလဲျပဳႏိုင္ပါသည္။ ထို႔ျပင္ ေျမငွားဂရန္အား အမည္ေပါက္(သို႔) မွတ္ပုံတင္စာခ်ဳပ္စာတမ္းအဆင့္ဆင့္ျဖင့္ လႊဲေျပာင္းဆက္ခံသူ (သို႔) တရား႐ုံးမွ ထုတ္ေပးေသာ မေ႐ႊ႕မေျပာင္းႏိုင္သည့္ ပစၥည္းေရာင္းေၾကာင္း လက္မွတ္စာရ႐ွိသူမ်ားသည္ ေျမငွားစာခ်ဳပ္ (ဂရန္) သက္တမ္းတိုး ေလွ်ာက္ထားႏိုင္သည့္ အခြင့္အေရး႐ွိၿပီး အမည္ေပါက္မဟုတ္ပါက တရား႐ုံးစီရင္ခ်က္ဒီဂရီ မျဖစ္ မေန လိုအပ္ပါသည္။ ေျမကြက္ အေရာင္းအဝယ္ျပဳျခင္းကိစၥရပ္မ်ားမွာ ကိုယ္စားလွယ္လႊဲစာျဖင့္ ယခုေနာက္ပိုင္းေဆာင္႐ြက္၍ မရႏိုင္ ေတာ့ပါ။ အမည္ေပါက္ကိုယ္တိုင္မွာ မိမိအမည္ေပါက္ ေျမငွားဂရန္ေျမအား အမွန္တကယ္ လက္ေရာက္ပိုင္ဆိုင္ အက်ိဳးခံစားခြင့္႐ွိဖို႔လိုအပ္ပါသည္။ ဌာနမွ ေျမအားလက္ဝယ္ထား႐ွိျခင္း၊ စြန္႔လႊတ္ထားျခင္းမ်ား႐ွိမ႐ွိ၊ ေျမငွားဂရန္ စည္းကမ္းခ်က္ႏွင့္အညီ လိုက္နာသုံးစြဲျခင္း၊ ေျမခြန္ထမ္းေဆာင္ေနျခင္း႐ွိမ႐ွိ ေသခ်ာစြာ စုံစမ္းစစ္ေဆးၿပီးမွ ေျမငွားဂရန္ အား လက္မွတ္ေရးထိုးေစကာ ခ်ထားေပးမည္ျဖစ္ေသာေၾကာင့္ သက္တမ္းမကုန္ခင္ အမည္ေပါက္ကိုယ္တိုင္မွ သက္တမ္းတိုး ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ညတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တူနီးရှားနိုင်ငံက ရှေးဟောင်းမြေအောက်ကမ္ဘာမှာ ယနေ့တိုင် နေထိုင်နေဆဲလူသားများ
တူနီးရှားနိုင်ငံက ရှေးဟောင်းမြေအောက်ကမ္ဘာမှာ ယနေ့တိုင် နေထိုင်နေဆဲလူသားများ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလျား ၁၁၁ ပေရှိ သန္တာကောင်အသိုက်အုံဖြစ်ပြီး အသက် ၃၀၀ ကျော်ရှိပြီဖြစ်...
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလျား ၁၁၁ ပေရှိ သန္တာကောင်အသိုက်အုံဖြစ်ပြီး အသက် ၃၀၀ ကျော်ရှိပြီဖြစ်...
ဘဝ၏ အဓိပ္ပာယ်ကို သိလိုသောကြောင့် စပိန်မှ ပါကစ္စတန်နိုင်ငံအထိ ၃ နှစ်ကျော် အချိန်ယူကာ ဖိနပ်မပါ ခြေဗလာဖြင့် ခြေလျင်ခရီးသွားနေသော စပိန်နိုင်ငံသား...
ဘဝ၏ အဓိပ္ပာယ်ကို သိလိုသောကြောင့် စပိန်မှ ပါကစ္စတန်နိုင်ငံအထိ ၃ နှစ်ကျော် အချိန်ယူကာ ဖိနပ်မပါ ခြေဗလာဖြင့် ခြေလျင်ခရီးသွားနေသော စပိန်နိုင်ငံသား...
ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?
ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?
လေ့လာစရာ အိမ်ခြံမြေဝယ်ယူသည့်အခါ
လေ့လာစရာ အိမ်ခြံမြေဝယ်ယူသည့်အခါ
စာချုပ်စာတမ်း သက်သေခံအကြောင်း
စာချုပ်စာတမ်း သက်သေခံအကြောင်း
ကျမ်းကျိန်လွှာနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်များကို ဗဟုသုတအနေဖြင့်ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကျမ်းကျိန်လွှာနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်များကို ဗဟုသုတအနေဖြင့်ရေးသားဖော်ပြပေးလိုက်ပါသည်။...
သားယောင်္ကျားလေး မမွေးပေးနိုင်သောကြောင့် ခေါင်းဖြတ်ကွပ်မျက်ခြင်းခံရသူ King Henery VIII ၏ ဒုတိယမိဘုရား Anne Boley ဝိညာဉ် ယနေ့အထိ ခြောက်လှန့်နေသော Tower of London ရဲတိုက်...
သားယောင်္ကျားလေး မမွေးပေးနိုင်သောကြောင့် ခေါင်းဖြတ်ကွပ်မျက်ခြင်းခံရသူ King Henery VIII ၏ ဒုတိယမိဘုရား Anne Boley ဝိညာဉ် ယနေ့အထိ ခြောက်လှန့်နေသော Tower of London ရဲတိုက်...
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေကြ...
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေကြ...
ငှက်ပျောသီးကြောက်သော ဆွီဒင်အစိုးရအဖွဲ့မှ အမျိုးသမီးဝန်ကြီး၊ နေအိမ်ထဲသို့ မဝင်မီ အိမ်အလုပ်သမားများက နေအိမ်ထဲတွင် ငှက်ပျောသီး ကင်းရှင်းကြောင်း နေ့စဉ် စစ်ဆေးကြည့်ရှုပေးရ...
ငှက်ပျောသီးကြောက်သော ဆွီဒင်အစိုးရအဖွဲ့မှ အမျိုးသမီးဝန်ကြီး၊ နေအိမ်ထဲသို့ မဝင်မီ အိမ်အလုပ်သမားများက နေအိမ်ထဲတွင် ငှက်ပျောသီး ကင်းရှင်းကြောင်း နေ့စဉ် စစ်ဆေးကြည့်ရှုပေးရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
Neighbourhood
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service