ဘောလိဝုဒ် Power Couple ဖြစ်သော အဂျေးဒေ့ဗ်ဂန်နှင့် ကာဂျိုးတို့စုံတွဲက ဂိုအာမြို့ရှိ နေအိမ်ကို အပန်းဖြေအိမ်အဖြစ် မွမ်းမံကာ တစ်ညလျှင် ရူပီး ၁ သိန်းကျော်ဖြင့် အငှားချရန် စီစဉ်လာ

ဘောလိဝုဒ် Power Couple ဖြစ်သော အဂျေးဒေ့ဗ်ဂန်နှင့် ကာဂျိုးတို့စုံတွဲက ဂိုအာမြို့ရှိ နေအိမ်ကို အပန်းဖြေအိမ်အဖြစ် မွမ်းမံကာ တစ်ညလျှင် ရူပီး ၁ သိန်းကျော်ဖြင့် အငှားချရန် စီစဉ်လာ - Property News in Myanmar from iMyanmarHouse.com
21 Oct 2024 11:55 am တွင် တင်ခဲ့သည်
383 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗီရှယ် ဗီရူးဒေ့ဗ်ဂန် (မွေး ၁၉၆၉) သည် ဘောလိဝုဒ်ရုပ်ရှင်မင်းသား၊ ရုပ်ရှင်ဒါရိုက်တာ ၊ ထုတ်လုပ်သူဖြစ်ပြီး အနုပညာအမည် အဂျေးဒေ့ဗ်ဂန်ဟုသာ လူသိများသည်။

ဟင်ဒီရုပ်ရှင်၏ အထင်ကရအဖြစ်ဆုံး မင်းသားများတွင် ပါဝင်ပြီး ရုပ်ရှင်ကားပေါင်း ၁၀၀ ကျော်တွင် ပါဝင်ခဲ့သည်။

အဂျေးဒေ့ဗ်ဂန်သည် Jigar (၁၉၉၂) ရုပ်ရှင်ဇာတ်ကားရိုက်ကူးစဉ် မင်းသမီးဖြစ်သူ ကရစ်ရှ်မာ ကပူးနှင့် စတင် ချစ်ကြိုက်ခဲ့သော်လည်း ၁၉၉၅ ခုနှစ်တွင် လမ်းခွဲခဲ့ကြသည်။

ယင်းနောက် ၁၉၉၅ ခုနှစ်တွင် Gundaraj ရုပ်ရှင်ကားကို ရိုက်ကူးစဉ် မင်းသမီး ကာဂျိုးနှင့် ချစ်ကြိုက်ခဲ့ သော်လည်း မီဒီယာတို့က စရိုက်မတူသူများဖြစ်သောကြောင့် မလိုက်ဖက်ကြောင်း ရေးသားခဲ့ကြ၏။

၁၉၉၉ ခုနှစ်တွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ပြီး သားသမီး ၂ ဦးထွန်းကားသည်။

အဂျေး ဒေ့ဗ်ဂန်သည် ဘောလိဝုဒ်ရာဇဝင်တွင် ပထမဆုံး ဂျက်လေယာဉ်ပိုင်သည့် မင်းသားဖြစ်ပြီး ရုပ်ရှင်ရိုက်ကွင်းများသို့ သူ၏ ကိုယ်ပိုင်လေယာဉ်ဖြင့် သွားလေ့ရှိသည်။

အသက် ၅၅ နှစ်ရှိပြီဖြစ်သော အဂျေးပါဝင်ရိုက်ကူးထားသော ရဲဇာတ်လမ်း Singham Again ကို ဒေဝါလီနေ့တွင် ပြသရန် စီစဉ်ထားသည်။

((အဂျေးဒေ့ဗ်ဂန်၏ အငှားချထားမည့် အပန်းဖြေစံအိမ်))

အနုပညာနယ်မှ အလုပ်များဖြင့် မအားလပ်သည့်ကြားမှ အဂျေးနှင့် ကာဂျိုးတို့ စုံတွဲသည် ဂိုအာပြည်နယ်ရှိ ၎င်းတို့၏နေအိမ်ကို အပန်းဖြေအိမ်အဖြစ် ပြောင်းလဲကာ တည်းခိုခန်းလုပ်ငန်းနယ်သို့ ဝင်ရန် စီစဉ်နေသည်။

အဆိုပါအိမ်ကို ယခုအခါ Tata Group ၏ လုပ်ငန်းခွဲဖြစ်သော Taj Group က စီမံခန့်ခွဲပေးနေသည်။

ဘောလိဝုဒ်၏ အချမ်းသာဆုံး စုံတွဲများတွင် ပါဝင်သော အဂျေးနှင့် ကာဂျိုးသည် မွမ်ဘိုင်းမြို့တွင်လည်း လူနေနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေများစွာ မကြာသေးမီက ဝယ်ယူထားကာ အိမ်ခြံမြေ ပိုင်ဆိုင်မှုကို ချဲ့ထွင်နေသည်။

ယခုအခါ ဂိုအာပြည်နယ်၊ Mapusa မြို့ရှိ Luxury စံအိမ်ကို အပန်းဖြေအိမ်အဖြစ် ပြောင်းလဲကာ တည်းခိုခန်း လုပ်ငန်းနယ်သို့ ဝင်ရောက်လာသည်။

(ဓာတ်ပုံ-ama Stays & Trails)

(ဓာတ်ပုံ-ama Stays & Trails)

ငှားရမ်းမည့် အပန်းဖြေအိမ်ကို Villa Eterna ဟု အမည်ပေးထားပြီး အိပ်ခန်း ၅ ခန်း၊ King-size အိပ်ယာ ၅ ခု၊ ကျယ်ပြောသော outdoor ရေကူးကန်၊ gazebo ပါသော ပန်းဥယျာဉ်၊ သက်တောင့်သက်သာရှိသော သစ်ပရိဘောဂများ၊ သဘာဝအလင်း ကောင်းစွာရစေသည့် ကြီးမားသော ပြတင်းပေါက်များ၊ ရေတံခွန်နှင့် ပန်းချီကားများ ပါဝင်သည်။

(ဓာတ်ပုံ-ama Stays & Trails)

(ဓာတ်ပုံ-ama Stays & Trails)

(ဓာတ်ပုံ-ama Stays & Trails)

(ဓာတ်ပုံ-ama Stays & Trails)

(ဓာတ်ပုံ-ama Stays & Trails)

(ဓာတ်ပုံ-ama Stays & Trails)

(ဓာတ်ပုံ-ama Stays & Trails)

(ဓာတ်ပုံ-ama Stays & Trails)

(ဓာတ်ပုံ-ama Stays & Trails)

အငှားဈေးကွက်တင်ပေးသည့် ama Stays& Trails တွင် ဖော်ပြချက်အရ Villa Eterna တွင် တစ်ည တည်းခိုခမှာ ရူပီး ၁ ဒသမ ၁ သိန်းမှ ၁ ဒသမ ၃ သိန်းကြားဖြစ်ပြီး အခွန်နှင့် အခြားစရိတ်များ မပါဝင်ကြောင်း ဖော်ပြသည်။

(ဓာတ်ပုံ-ama Stays & Trails)

(ဓာတ်ပုံ-ama Stays & Trails)

(ဓာတ်ပုံ-ama Stays & Trails)

(ဓာတ်ပုံ-ama Stays & Trails)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ajay Devgn and Kajol's luxurious villa in Goa is now available for rent at an unbelievable price. Take a tour of the lavish property (gqindia) Photo Credit-ama Stays & Trails

[Zawgyi]

ေဘာလိဝုဒ္ Power Couple ျဖစ္ေသာ အေဂ်းေဒ့ဗ္ဂန္ႏွင့္ ကာဂ်ဳိးတို႔စံုတြဲက ဂိုအာျမိဳ႕ရွိ ေနအိမ္ကို အပန္းေျဖအိမ္အျဖစ္ မြမ္းမံကာ တစ္ညလွ်င္ ရူပီး ၁ သိန္းေက်ာ္ျဖင့္ အငွားခ်ရန္ စီစဥ္လာ

ဗီရွယ္ ဗီရူးေဒ့ဗ္ဂန္ (ေမြး ၁၉၆၉) သည္ ေဘာလိဝုဒ္ရုပ္ရွင္မင္းသား၊ ရုပ္ရွင္ဒါရိုက္တာ ၊ ထုတ္လုပ္သူျဖစ္ျပီး အႏုပညာအမည္ အေဂ်းေဒ့ဗ္ဂန္ဟုသာ လူသိမ်ားသည္။

ဟင္ဒီရုပ္ရွင္၏ အထင္ကရအျဖစ္ဆံုး မင္းသားမ်ားတြင္ ပါဝင္ျပီး ရုပ္ရွင္ကားေပါင္း ၁၀၀ ေက်ာ္တြင္ ပါဝင္ခဲ့သည္။

အေဂ်းေဒ့ဗ္ဂန္သည္ Jigar (၁၉၉၂) ရုပ္ရွင္ဇာတ္ကားရိုက္ကူးစဥ္ မင္းသမီးျဖစ္သူ ကရစ္ရွ္မာ ကပူးႏွင့္ စတင္ ခ်စ္ၾကိဳက္ခဲ့ေသာ္လည္း ၁၉၉၅ ခုႏွစ္တြင္ လမ္းခြဲခဲ့ၾကသည္။

ယင္းေနာက္ ၁၉၉၅ ခုႏွစ္တြင္ Gundaraj ရုပ္ရွင္ကားကို ရိုက္ကူးစဥ္ မင္းသမီး ကာဂ်ဳိးႏွင့္ ခ်စ္ၾကိဳက္ခဲ့ ေသာ္လည္း မီဒီယာတို႔က စရိုက္မတူသူမ်ားျဖစ္ေသာေၾကာင့္ မလိုက္ဖက္ေၾကာင္း ေရးသားခဲ့ၾက၏။

၁၉၉၉ ခုႏွစ္တြင္ ၎တို႔ႏွစ္ဦး လက္ထပ္ခဲ့ျပီး သားသမီး ၂ ဦးထြန္းကားသည္။

အေဂ်း ေဒ့ဗ္ဂန္သည္ ေဘာလိဝုဒ္ရာဇဝင္တြင္ ပထမဆံုး ဂ်က္ေလယာဥ္ပိုင္သည့္ မင္းသားျဖစ္ျပီး ရုပ္ရွင္ရိုက္ကြင္းမ်ားသို႔ သူ၏ ကိုယ္ပိုင္ေလယာဥ္ျဖင့္ သြားေလ့ရွိသည္။

အသက္ ၅၅ ႏွစ္ရွိျပီျဖစ္ေသာ အေဂ်းပါဝင္ရိုက္ကူးထားေသာ ရဲဇာတ္လမ္း Singham Again ကို ေဒဝါလီေန႔တြင္ ျပသရန္ စီစဥ္ထားသည္။

((အေဂ်းေဒ့ဗ္ဂန္၏ အငွားခ်ထားမည့္ အပန္းေျဖစံအိမ္))

အႏုပညာနယ္မွ အလုပ္မ်ားျဖင့္ မအားလပ္သည့္ၾကားမွ အေဂ်းႏွင့္ ကာဂ်ဳိးတို႔ စံုတြဲသည္ ဂိုအာျပည္နယ္ရွိ ၎တို႔၏ေနအိမ္ကို အပန္းေျဖအိမ္အျဖစ္ ေျပာင္းလဲကာ တည္းခိုခန္းလုပ္ငန္းနယ္သို႔ ဝင္ရန္ စီစဥ္ေနသည္။

အဆိုပါအိမ္ကို ယခုအခါ Tata Group ၏ လုပ္ငန္းခြဲျဖစ္ေသာ Taj Group က စီမံခန္႔ခြဲေပးေနသည္။

ေဘာလိဝုဒ္၏ အခ်မ္းသာဆံုး စံုတြဲမ်ားတြင္ ပါဝင္ေသာ အေဂ်းႏွင့္ ကာဂ်ဳိးသည္ မြမ္ဘိုင္းျမိဳ႕တြင္လည္း လူေနႏွင့္ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ အိမ္ျခံေျမမ်ားစြာ မၾကာေသးမီက ဝယ္ယူထားကာ အိမ္ျခံေျမ ပိုင္ဆိုင္မႈကို ခ်ဲ႕ထြင္ေနသည္။

ယခုအခါ ဂိုအာျပည္နယ္၊ Mapusa ျမိဳ႕ရွိ Luxury စံအိမ္ကို အပန္းေျဖအိမ္အျဖစ္ ေျပာင္းလဲကာ တည္းခိုခန္း လုပ္ငန္းနယ္သို႔ ဝင္ေရာက္လာသည္။

(ဓာတ္ပံု-ama Stays & Trails)

(ဓာတ္ပံု-ama Stays & Trails)

ငွားရမ္းမည့္ အပန္းေျဖအိမ္ကို Villa Eterna ဟု အမည္ေပးထားျပီး အိပ္ခန္း ၅ ခန္း၊ King-size အိပ္ယာ ၅ ခု၊ က်ယ္ေျပာေသာ outdoor ေရကူးကန္၊ gazebo ပါေသာ ပန္းဥယ်ာဥ္၊ သက္ေတာင့္သက္သာရွိေသာ သစ္ပရိေဘာဂမ်ား၊ သဘာဝအလင္း ေကာင္းစြာရေစသည့္ ၾကီးမားေသာ ျပတင္းေပါက္မ်ား၊ ေရတံခြန္ႏွင့္ ပန္းခ်ီကားမ်ား ပါဝင္သည္။

(ဓာတ္ပံု-ama Stays & Trails)

(ဓာတ္ပံု-ama Stays & Trails)

(ဓာတ္ပံု-ama Stays & Trails)

(ဓာတ္ပံု-ama Stays & Trails)

(ဓာတ္ပံု-ama Stays & Trails)

(ဓာတ္ပံု-ama Stays & Trails)

(ဓာတ္ပံု-ama Stays & Trails)

(ဓာတ္ပံု-ama Stays & Trails)

(ဓာတ္ပံု-ama Stays & Trails)

အငွားေစ်းကြက္တင္ေပးသည့္ ama Stays& Trails တြင္ ေဖာ္ျပခ်က္အရ Villa Eterna တြင္ တစ္ည တည္းခိုခမွာ ရူပီး ၁ ဒသမ ၁ သိန္းမွ ၁ ဒသမ ၃ သိန္းၾကားျဖစ္ျပီး အခြန္ႏွင့္ အျခားစရိတ္မ်ား မပါဝင္ေၾကာင္း ေဖာ္ျပသည္။

(ဓာတ္ပံု-ama Stays & Trails)

(ဓာတ္ပံု-ama Stays & Trails)

(ဓာတ္ပံု-ama Stays & Trails)

(ဓာတ္ပံု-ama Stays & Trails)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ajay Devgn and Kajol's luxurious villa in Goa is now available for rent at an unbelievable price. Take a tour of the lavish property (gqindia) Photo Credit-ama Stays & Trails

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service