မီဒီယာလုပ်ငန်းရှင် သူဌေးကြီး ရူးပတ်မားဒေါ့ မိသားစုက ဘာကြောင့် ဗြိတိန်အိမ်ခြံမြေ ဝက်ဘ်ဆိုက် Rightmove ကို ဝယ်ဖို့ကြိုးစားနေတာလဲ
မီဒီယာလုပ်ငန်းရှင် သူဌေးကြီး ရူးပတ်မားဒေါ့ မိသားစုက ဘာကြောင့် ဗြိတိန်အိမ်ခြံမြေ ဝက်ဘ်ဆိုက် Rightmove ကို ဝယ်ဖို့ကြိုးစားနေတာလဲ - Property News in Myanmar from iMyanmarHouse.com
9 Sep 2024 11:52 am တွင် တင်ခဲ့သည်
425 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
((ရူးပတ်မားဒေါ့ ဘယ်သူလဲ))
ရူးပတ်မားဒေါ့ (မွေး ၁၉၃၁) သည် သြစတေးလျဖွား၊ အမေရိကန်လူမျိုး စီးပွားရေးလုပ်ငန်းရှင်၊ မီဒီယာ လုပ်ငန်းရှင် သူဌေးကြီး ဖြစ်သည်။
News Corp ဟု ရေးသားလေ့ရှိသော News Corporation ကို ပိုင်ဆိုင်ထားပြီး News Corp ၏ လက်အောက် တွင် သတင်းမီဒီယာများစွာရှိရာ ဗြိတိန်တွင် The Sun နှင့် The Times ၊ သြစတေးလျတွင် Daily Telegraph, Herald Sun နှင့် The Australian ၊ အမေရိကန်တွင် Wall Street Journal နှင့် New York Post ၊ အိမ်ခြံမြေ ဝက်ဘ်ဆိုက်ဖြစ်သော Realtor.com အစရှိသည်တို့အပြင် အခြား သတင်းဌာနများစွာကို ပိုင်ဆိုင်ထားသည်။
ရုပ်သံဌာနများအနေဖြင့် Sky News Australia နှင့် Fox News တို့ ပိုင်ဆိုင်ထားပြီး 21st Century Fox ရုပ်ရှင် ထုတ်လုပ်ရေးကိုလည်း ၂၀၁၉ ခုနှစ်အထိ ပိုင်ဆိုင်ခဲ့သည်။
ရူးပတ်မားဒေါ့သည် အမေရိကန်တွင် ၃၁ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သည်။
((Rightmove အိမ်ခြံမြေဝက်ဘ်ဆိုက်ကို ဘာကြောင့်ဝယ်ချင်နေတာလဲ)) ရူးပတ်မားဒေါ့၏ သားကြီး လက်ခ်လန် မားဒေါ့ (Lachlan Murdoch) သည် လက်ရှိအားဖြင့် News Corp ၏ ဥက္ကဌတာဝန်ယူထားသည်။
အိမ်ခြံမြေလောကသို့ဝင်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ လက်ခ်လန် မားဒေါ့အဖို့ မိသားစု မီဒီယာအင်ပါယာကြီး အတွက် အကျိုးအမြတ်အရှိဆုံးနှင့် အပါးနပ်ဆုုံး ဆုံးဖြတ်ချက်ဟု သုံးသပ်ရသည်။
၂၁ ရာစုသို့ ကူးပြောင်းပြီး မကြာမီတွင် လက်ခ်လန် မားဒေါ့၏ News Corp က သြစတေးလျ အိမ်ခြံမြေ ဝက်ဘ်ဆိုက်ဖြစ်သော realestate.com.au ၏ ပိုင်ရှင်ဖြစ်သည့် REA Group မှ ရှယ်ယာ ၄၄ ရာခိုင်နှုန်း ဝယ်ယူခဲ့သည်။
ယခုအခါ ဗြိတိန်၏ ထိပ်တန်းအိမ်ခြံမြေဝက်ဘ်ဆိုက်ဖြစ်သော Rightmove ကို ဝယ်ယူရေး အထမြောက်အောင်မြင်ပါက ရူးပတ်မားဒေါ့က News Corp ကို သားကြီးအား အပြည့်အဝ ထိန်းချုပ်ခွင့် လွှဲပြောင်းပေးရန် စီစဉ်ထားသည်။
ခန့်မှန်းချက်များအရ Rightmove ကို ငွေသားနှင့် ရှယ်ယာ ပေါင် ၅ ဘီလီယံဖြင့် ဝယ်ယူရန် ဖြစ်သည်ဟု ဆိုသည်။
Rightmove သည် ဗြိတိန်အိမ်ခြံမြေဈေးကွက်တွင် ဈေးကွက်ဝေစု ၈၀ ရာခိုင်နှုန်းကျော် ရရှိထားသော ဝက်ဘ်ဆိုက် ဖြစ်သည်။
(ဗြီတိန်အိမ်ခြံမြေဝက်ဘ်ဆိုက်နယ်ပယ်တွင် Rightmove သည် ဈေးကွက်ဝေစု ၈၀ ရာခိုင်နှုန်းကျော် ရရှိထားသည်။ ဓာတ်ပုံ-Medicimage Education/ Alamy)
Rightmove ကို ဝယ်ယူနိုင်ခဲ့မည်ဆိုပါက News Corp အနေဖြင့် ဗြိတိန်တွင် အောင်မြင်သော အိမ်ခြံမြေလုပ်ငန်းတစ်ခု လုပ်ဆောင်လိုနေခဲ့သည့်အိပ်မက် အထမြောက်လာမည် ဖြစ်သည်။
News Corp သည် သြစတေးလျနှင့် အမေရိကတို့ရှိ အိမ်ခြံမြေဝက်ဘ်ဆိုက်လောကသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည့် သာဓကများ ရှိထားပြီး မဟုတ်ပါလော။
သတင်းမီဒီယာလောကမှာ ရပ်တည်နိုင်ရန် တစထက်တစ ခက်ခဲလာလျက်ရှိရာ News Corp အနေဖြင့် ၎င်း၏ မီဒီယာလုပ်ငန်းများကို ကျားကန်ထားနိုင်ရေးအတွက် ပုံမှန်ဝင်ငွေရှာပေးမည့် ခိုင်းနွားတစ်ကောင် ထပ်မံဖြည့်တင်းလိုသည့်သဘော ဖြစ်သည်။
(ဆက်စပ်သတင်း)
တိုင်းမ်မဂ္ဂဇင်း၊ ဝေါစထရိဂျာနယ် အစရှိသော ကမ္ဘာကျော် သတင်းမီဒီယာများစွာ ပိုင်ဆိုင်ထားသူ အသက် ၉၃ နှစ်အရွယ် ရူးပတ်မားဒေါ့က ပဉ္စမမြောက် အိမ်ထောင်အဖြစ် အသက် ၆၇ နှစ်အရွယ် ဇီဝဗေဒပညာရှင် အမျိုးသမီးနှင့် လက်ထပ်မင်္ဂလာပွဲကျင်းပခဲ့သော ဒေါ်လာ သန်း ၁၅၀ တန် စံအိမ်
https://www.imyanmarhouse.com/news/read/1113625
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Why are the Murdochs trying to buy UK property site Rightmove? (theguardian) Photo Credit- Medicimage Education/ Alamy
[Zawgyi]
အိမ်ခြံမြေလောကသို့ဝင်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ လက်ခ်လန် မားဒေါ့အဖို့ မိသားစု မီဒီယာအင်ပါယာကြီး အတွက် အကျိုးအမြတ်အရှိဆုံးနှင့် အပါးနပ်ဆုံး ဆုံးဖြတ်ချက်ဟု သုံးသပ်ရသည်။
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
စင်္ကာပူရှိ အိမ်ခြံမြေကုမ္ပဏီပိုင်ရှင် ဇနီးမောင်နှံက စင်္ကာပူမှ လူကုံထံရပ်ကွက်ရှိ စံအိမ်ကြီးကို စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၃၀၈ သန်း (ကန်ဒေါ်လာ ၂၃၆ သန်း) ဖြင့် အရောင်းဈေးကွက်တင်လာ...
စင်္ကာပူရှိ အိမ်ခြံမြေကုမ္ပဏီပိုင်ရှင် ဇနီးမောင်နှံက စင်္ကာပူမှ လူကုံထံရပ်ကွက်ရှိ စံအိမ်ကြီးကို စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၃၀၈ သန်း (ကန်ဒေါ်လာ ၂၃၆ သန်း) ဖြင့် အရောင်းဈေးကွက်တင်လာ...
ကမ္ဘာ့အံ့ဖွယ်အကောင်းဆုံး အငှားအိမ်များအကြောင်း Netflix က ထုတ်လွှင့်ခဲ့မှုတွင် ထည့်သွင်းဖော်ပြခံခဲ့ ရသော အမေရိကန်ပြည်၊ ကော်လိုရာဒိုပြည်နယ်မှ အလွန်သာယာလှပသော နေအိမ်တစ်လုံး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေး...
သရဲအလွန်ခြောက်သောကြောင့် ၁၉၈၈ ခုနှစ်တွင် ဝယ်ယူပြီး ၁၉၉၁ တွင်ပြန်လည်ရောင်းချခဲ့သော Friends series ရဲ့ ပင်တိုင်သရုပ်ဆောင် Courteney Cox ၏ စံအိမ်...
သရဲအလွန်ခြောက်သောကြောင့် ၁၉၈၈ ခုနှစ်တွင် ဝယ်ယူပြီး ၁၉၉၁ တွင်ပြန်လည်ရောင်းချခဲ့သော Friends series ရဲ့ ပင်တိုင်သရုပ်ဆောင် Courteney Cox ၏ စံအိမ်...
ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ ဇနီးမောင်နှံက မိုင်အမ်မီကမ်းခြေရှိ ဒေါ်လာ သန်း ၈၀ တန် စံအိမ်ကြီးကို မျက်စိကျနေ...
ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ ဇနီးမောင်နှံက မိုင်အမ်မီကမ်းခြေရှိ ဒေါ်လာ သန်း ၈၀ တန် စံအိမ်ကြီးကို မျက်စိကျနေ...
Star War နှင့် Armageddon ရုပ်ရှင်များ ရိုက်ကူးခဲ့သော ဒါရိုက်တာ J.J.Abrams က သူ၏ ကယ်လီဖိုးနီးယား စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်...
Star War နှင့် Armageddon ရုပ်ရှင်များ ရိုက်ကူးခဲ့သော ဒါရိုက်တာ J.J.Abrams က သူ၏ ကယ်လီဖိုးနီးယား စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်...
ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး KISS မှ ဘေ့စ်ဂစ်တာသမား Gene Simmons ၏ စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်နေ...
ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး KISS မှ ဘေ့စ်ဂစ်တာသမား Gene Simmons ၏ စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်နေ...
အိမ်တစ်လုံးတည်းသာ ပိုင်သော အမေရိကန်ပြည်၏ အသက်အရှည်ဆုံးသမ္မတ ဂျင်မီကာတာနှင့် သူ၏နေအိမ်
အိမ်တစ်လုံးတည်းသာ ပိုင်သော အမေရိကန်ပြည်၏ အသက်အရှည်ဆုံးသမ္မတ ဂျင်မီကာတာနှင့် သူ၏နေအိမ်
တရုတ်ပြည်တွင် အလုပ်အကိုင် ရှာဖွေရသည်မှာ ခက်ခဲလာသောကြောင့် တရုတ်လူငယ်များမှာ ကျေးလက်ဒေသများသို့ ပြောင်းရွှေ့အခြေချနေထိုင်မှု အလွန်များပြားလာ...
တရုတ်ပြည်တွင် အလုပ်အကိုင် ရှာဖွေရသည်မှာ ခက်ခဲလာသောကြောင့် တရုတ်လူငယ်များမှာ ကျေးလက်ဒေသများသို့ ပြောင်းရွှေ့အခြေချနေထိုင်မှု အလွန်များပြားလာ...
ကွန်ကရစ်မျက်နှာပြင် အက်ကွဲပါက အလိုအလျောက် ပြန်ဆက်သော ကွန်ကရစ်တစ်မျိုး အမေရိကန်ပြည်တွင် စတင် မိတ်ဆက်လာ...
ကွန်ကရစ်မျက်နှာပြင် အက်ကွဲပါက အလိုအလျောက် ပြန်ဆက်သော ကွန်ကရစ်တစ်မျိုး အမေရိကန်ပြည်တွင် စတင် မိတ်ဆက်လာ...
ကနေဒါ၏ အကြီးမားဆုံး စံအိမ်ကြီးမှာ စွန့်ပစ်ခံထားရသည်မှာ ၁၅ နှစ်ခန့်ရှိနေပြီး ကြေကွဲဖွယ်ရာ ယိုယွင်းပျက်စီးနေ...
ကနေဒါ၏ အကြီးမားဆုံး စံအိမ်ကြီးမှာ စွန့်ပစ်ခံထားရသည်မှာ ၁၅ နှစ်ခန့်ရှိနေပြီး ကြေကွဲဖွယ်ရာ ယိုယွင်းပျက်စီးနေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Vesuvius မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မြို့လုံးပြာများအပြည့် ဖုံးလွှမ်းသွားခဲ့တဲ့ပွန်ပေမြို့ရဲ့ လျှို့ဝှက်အခန်းအ
Vesuvius မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မြို့လုံးပြာများအပြည့် ဖုံးလွှမ်းသွားခဲ့တဲ့ပွန်ပေမြို့ရဲ့ လျှို့ဝှက်အခန်းအ
သားအတွက် Paramount ကုမ္ပဏီ ဝယ်ပေးရန် လိုအပ်သောငွေကို ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင် တစ်ရက်အတွင်း ရရှိ
သားအတွက် Paramount ကုမ္ပဏီ ဝယ်ပေးရန် လိုအပ်သောငွေကို ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင် တစ်ရက်အတွင်း ရရှိ
ဆောင်းဟေကို (သို့မဟုတ်) အွန်စော၏ စံအိမ် ဝယ်ယူခဲ့သောဈေးထက် ဝမ်ငွေ ၆ ဘီလီယံ ပိုမို တန်ဖိုး တက်လာ
ဆောင်းဟေကို (သို့မဟုတ်) အွန်စော၏ စံအိမ် ဝယ်ယူခဲ့သောဈေးထက် ဝမ်ငွေ ၆ ဘီလီယံ ပိုမို တန်ဖိုး တက်လာ
Snapchat ၏ စီအီးအို ဘီလျံနာသူဌေး အဲဗင်း စပီးဂယ်က ကယ်လီဖိုးနီးယားစံအိမ်ကို ဒေါ်လာ ၄ သန်း ဈေးလျှော့ပေးခဲ့ပြီးနောက် ရောင်းထ
Snapchat ၏ စီအီးအို ဘီလျံနာသူဌေး အဲဗင်း စပီးဂယ်က ကယ်လီဖိုးနီးယားစံအိမ်ကို ဒေါ်လာ ၄ သန်း ဈေးလျှော့ပေးခဲ့ပြီးနောက် ရောင်းထ
Elon Musk က အာကာသအတွင်း ဒုံးပျံလွှတ်တင်နိုင်ရေးအတွက် မိမိပိုင်ဆိုင်သမျှ အားလုံး ရောင်းချ သုံးစွဲရန်နှင့် မိသားစု နေစရာမရ
Elon Musk က အာကာသအတွင်း ဒုံးပျံလွှတ်တင်နိုင်ရေးအတွက် မိမိပိုင်ဆိုင်သမျှ အားလုံး ရောင်းချ သုံးစွဲရန်နှင့် မိသားစု နေစရာမရ
အသက် ၉၃ နှစ်အရွယ်တွင် ၅ ကြိမ်မြောက်လက်ထပ်ခဲ့သော ကမ္ဘာကျော်သူဌေးကြီး ရူးပတ်မားဒေါ့က ၎င်းအား လေးစားမှု ပြသသောအနေဖြင့် ဒေါ်
အသက် ၉၃ နှစ်အရွယ်တွင် ၅ ကြိမ်မြောက်လက်ထပ်ခဲ့သော ကမ္ဘာကျော်သူဌေးကြီး ရူးပတ်မားဒေါ့က ၎င်းအား လေးစားမှု ပြသသောအနေဖြင့် ဒေါ်
နေ့ချင်းညချင်း ဘီလျံနာဖြစ်လာသလို အိမ်ကိုပင်ရောင်းချကာ စီအီးအိုဘဝမှ နှုတ်ထွက်ပေးခဲ့ရသူ Peloton ကုမ္ပဏီပိုင်ရှင် အမေရိကန်
နေ့ချင်းညချင်း ဘီလျံနာဖြစ်လာသလို အိမ်ကိုပင်ရောင်းချကာ စီအီးအိုဘဝမှ နှုတ်ထွက်ပေးခဲ့ရသူ Peloton ကုမ္ပဏီပိုင်ရှင် အမေရိကန်
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ က
၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ က
ဒူဘိုင်းမှ သူဌေးတစ်ဦးက ဇနီးဖြစ်သူ ရေကူးဝတ်စုံ လွတ်လွတ်လပ်လပ်ဝတ်နိုင်ရန် အာရှရှိ ကျွန်းတစ်ကျွန်းကို ကန်ဒေါ်လာ သန်း ၅၀ ဖြင
ဒူဘိုင်းမှ သူဌေးတစ်ဦးက ဇနီးဖြစ်သူ ရေကူးဝတ်စုံ လွတ်လွတ်လပ်လပ်ဝတ်နိုင်ရန် အာရှရှိ ကျွန်းတစ်ကျွန်းကို ကန်ဒေါ်လာ သန်း ၅၀ ဖြင
ဘင်အက်ဖလက်နှင့် ကွာရှင်းပြတ်စဲရေးကိစ္စများ ဆောင်ရွက်နေသော ဂျနီဖာလိုပက်ဇ်က နှစ်ဦးအတူနေခဲ့သော မင်္ဂလာဦးစံအိမ်ကြီးကို အရောင
ဘင်အက်ဖလက်နှင့် ကွာရှင်းပြတ်စဲရေးကိစ္စများ ဆောင်ရွက်နေသော ဂျနီဖာလိုပက်ဇ်က နှစ်ဦးအတူနေခဲ့သော မင်္ဂလာဦးစံအိမ်ကြီးကို အရောင
Shwe Moe Kaung
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service