Warren Buffett အသက် ၉၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်၊ သူ၏ အသက်ရှည်ခြင်း လျှို့ဝှက်ချက်မှာ ကျန်းမာရေးနှင့် ညီညွှတ်သော စားသောက်မှုပုံစံဖြစ်မည်ဟု အများက ခန့်မှန်းသော်လည်း သူ၏ စားသောက်ပုံမှာ အများထင်မြင်ထားသည်နှင့် များစွာခြားနား

Warren Buffett အသက် ၉၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်၊ သူ၏ အသက်ရှည်ခြင်း လျှို့ဝှက်ချက်မှာ ကျန်းမာရေးနှင့် ညီညွှတ်သော စားသောက်မှုပုံစံဖြစ်မည်ဟု အများက ခန့်မှန်းသော်လည်း သူ၏ စားသောက်ပုံမှာ အများထင်မြင်ထားသည်နှင့် များစွာခြားနား - Property Knowledge in Myanmar from iMyanmarHouse.com
6 Sep 2024 12:03 pm တွင် တင်ခဲ့သည်
835 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

Warren Buffett (မွေး-၁၉၃၀ )သည် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး ကမ္ဘာပေါ်တွင် သတ္တမမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ကာ ပြီးခဲ့သော သြဂုတ်လ ၃၀ ရက်နေ့က အသက် ၉၄ နှစ် ပြည့်သွားခဲ့သည်။

သမိုင်းတလျှောက် အအောင်မြင်ဆုံး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

Warren Buffett သည် စတော့ရှယ်ယာ ပထမဆုံး ဝယ်ယူမှုကို အသက် ၁၁ နှစ်အရွယ်တွင် စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Bloomberg ဘီလျံနာ ညွှန်းကိန်းအရ Warren Buffett ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၄၈ ဘီလီယံကျော် ရှိကြောင်း ဖော်ပြသည်။

Warren Buffett ဥက္ကဌအဖြစ် ဆောင်ရွက်သော Berkshire Hathaway သည် ပြီးခဲ့သော ရက်ပိုင်းက ကန်ဒေါ်လာ ၁ ထရီလီယံ တန်ကြေးရှိသော ကုမ္ပဏီ ဖြစ်လာခဲ့ရာ နည်းပညာနယ်မှ မဟုတ်ဘဲ ၁ ထရီလီယံ တန်ကြေးရှိသည့် ပထမဆုံး အမေရိကန်ကုမ္ပဏီ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

၁၉၇၀ ပြည့်နှစ်မှ စတင်ကာ ဤမျှ ကြီးမားသော ကုမ္ပဏီကြီးတစ်ခုကို ဦးဆောင်မှု ပေးနေသူတစ်ဦးအနေဖြင့် အသက်ရှည် ကျန်းမာစေရန် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှု ပုံစံ ရှိလိမ့်မည်ဟု လူအများ ယူဆကြမည်သာ ဖြစ်သည်။

သို့သော် အံ့အားသင့်ဖွယ်ကောင်းသည်မှာ ၎င်း၏ စားသောက်မှု ပုံစံမှာ လူအများ မှတ်ထင်ထားသကဲ့သို့ မဟုတ်ဘဲ များစွာ ခြားနားနေသည်။

“ကျွန်တော် ၆ နှစ်သားလေးတစ်ယောက်လို စားသောက်ပါတယ်” ဟု Warren Buffett က Fortune သတင်းဌာနသို့ ၂၀၁၅ ခုနှစ်အတွင်းက ပြောခဲ့ဖူးသည်။

Utz အာလူးချောင်းများကို ကြိုက်နှစ်သက်ပြီး နေ့စဉ် ကိုကာကိုလာ ၁၂ အောင်စ သောက်သုံးကြောင်း Warren Buffett က ပြောသည်။

“ကျွန်တော် တစ်ရက်ကို ကယ်လိုရီ ၂၇၀၀ လောက် စားသောက်တယ်ဆိုရင် ၄ ပုံ ၁ ပုံလောက်က ကိုကာကိုလာပါ။ ဒီတိုင်း နေ့တိုင်းစားသောက်ပါတယ်”

(၂၀၁၀ ပြည့်နှစ်၊ မေလ ၁ ရက်က Berkshire Hathaway ၏ နှစ်ပတ်လည် အစည်းအဝေးတွင် Warren Buffett က Cherry Coca-Cola သောက်နေသည်ကို တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-Daniel Acker Via Getty Images)

 

၂၀၁၇ ခုနှစ်အတွင်း HBO တွင် Becoming Warren Buffett အမည်ရှိ Documentary တစ်ခုကို ထုတ်လွှင့်ခဲ့ရာ Warren Buffett က ၎င်းသည် မက်ဒေါ်နယ်ဆိုင်တွင် နေ့စဉ်ဝင်ရောက်ကာ ၃ ဒသမ ၁၇ ဒေါ်လာတန် မနက်စာ စားလေ့ရှိကြောင်း၊ မနက်စာတွင် အသားမုန့် ၂ ခု၊ ဝက်အူချောင်း တစ်ခု၊ ကြက်ဥနှင့် ချိစ်တို့ ပါဝင်လေ့ရှိပြီး ကိုကာကိုလာနှင့် တွဲဖက်စားသောက်ကြောင်း ပြောခဲ့ဖူးသည်။

နေ့လယ်စာအတွက်ဆိုလျှင် Warren Buffett က Dairy Queen တွင် မကြာခဏသွားရောက် စားသောက်လေ့ရှိပြီး ငရုတ်သီးနှင့် ချိစ်တို့ပါသော hot-dog ၊ ချယ်ရီရည်ပါသော သီးစုံရေခဲမုန့်တို့ စားလေ့ရှိသည်။

Warren Buffett သည် ဆားအလွန်သုံးစွဲသူတစ်ဦးဟုလည်း လူသိများသည်။

 

(Charles Munger, Warren Buffett နှင့် Bill Gates တို့ကို တရုတ်ပြည်တွင် Dairy Queen ဆိုင်ခွဲသစ် ဖွင့်လှစ်သည့် အခမ်းအနား၌ အတူတွေ့ရပုံ။ ဓာတ်ပုံ-Visual China Group Via Getty Images)

 

ဘီလ်ဂိတ်သည် Warren Buffett ၏ ကလေးသဖွယ် စားသောက်ပုံများကို အနီးကပ်တွေ့ခဲ့ဖူးသည်။

၂၀၁၇ ခုနှစ်အတွင်း Reddit ၏ Ask Me Anything ပို့စ်တွင် ဘီလ်ဂိတ်က ပြောပြခဲ့သည်မှာ Warren Buffett သည် မိမိ၏အိမ်တွင် နေထိုင်ရင်း မနက်စာအတွက် Oreos ကွတ်ကီးများစားကြောင်း ပြောပြသည်။

“သူအများဆုံး စားတာက ဟမ်ဘာဂါ၊ ရေခဲမုန့်နဲ့ Coke ပါ” ဟု ဘီလ်ဂိတ်က ပြောသည်။

“သူစားသောက်ပုံက လူငယ်တွေအတွက်တော့ စံနမူနာကောင်း မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူ့အတွက်တော့ အတော်အလုပ်ဖြစ်တဲ့ အစားအသောက်တွေပါ” ဟု ဘီလ်ဂိတ်က ဖြည့်စွက်ပြောကြားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Warren Buffett turns 94 today. His secret to longevity? Coca-Cola, candy, and a life of joy (fortune)

Photo Credit- Daniel Acker Via Getty Images, Visual China Group

 

[Zawgyi]

Warren Buffett အသက္ ၉၄ ႏွစ္ျပည့္ခဲ့ျပီ ျဖစ္၊ သူ၏ အသက္ရွည္ျခင္း လွ်ိဳ႕ဝွက္ခ်က္မွာ က်န္းမာေရးႏွင့္ ညီညႊတ္ေသာ စားေသာက္မႈပံုစံျဖစ္မည္ဟု အမ်ားက ခန္႔မွန္းေသာ္လည္း သူ၏ စားေသာက္ပံုမွာ အမ်ားထင္ျမင္ထားသည္ႏွင့္ မ်ားစြာျခားနား

Warren Buffett (ေမြး-၁၉၃၀ )သည္ အေမရိကန္ စီးပြားေရးလုပ္ငန္းရွင္ျဖစ္ျပီး ကမၻာေပၚတြင္ သတၱမေျမာက္ အခ်မ္းသာဆံုး ပုဂၢိဳလ္ျဖစ္ကာ ျပီးခဲ့ေသာ ၾသဂုတ္လ ၃၀ ရက္ေန႔က အသက္ ၉၄ ႏွစ္ ျပည့္သြားခဲ့သည္။

သမိုင္းတေလွ်ာက္ အေအာင္ျမင္ဆံုး ရင္းႏွီးျမွဳပ္ႏွံမႈ လုပ္ငန္းရွင္္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္သည္။

Warren Buffett သည္ စေတာ့ရွယ္ယာ ပထမဆံုး ဝယ္ယူမႈကို အသက္ ၁၁ ႏွစ္အရြယ္တြင္ စတင္ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

Bloomberg ဘီလ်ံနာ ညႊန္းကိန္းအရ Warren Buffett ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၄၈ ဘီလီယံေက်ာ္ ရွိေၾကာင္း ေဖာ္ျပသည္။

Warren Buffett ဥကၠဌအျဖစ္ ေဆာင္ရြက္ေသာ Berkshire Hathaway သည္ ျပီးခဲ့ေသာ ရက္ပိုင္းက ကန္ေဒၚလာ ၁ ထရီလီယံ တန္ေၾကးရွိေသာ ကုမၸဏီ ျဖစ္လာခဲ့ရာ နည္းပညာနယ္မွ မဟုတ္ဘဲ ၁ ထရီလီယံ တန္ေၾကးရွိသည့္ ပထမဆံုး အေမရိကန္ကုမၸဏီ ျဖစ္လာခဲ့ျခင္း ျဖစ္သည္။

၁၉၇၀ ျပည့္ႏွစ္မွ စတင္ကာ ဤမွ် ၾကီးမားေသာ ကုမၸဏီၾကီးတစ္ခုကို ဦးေဆာင္မႈ ေပးေနသူတစ္ဦးအေနျဖင့္ အသက္ရွည္ က်န္းမာေစရန္ က်န္းမာေရးႏွင့္ ညီညြတ္ေသာ စားေသာက္မႈ ပံုစံ ရွိလိမ့္မည္ဟု လူအမ်ား ယူဆၾကမည္သာ ျဖစ္သည္။

သို႔ေသာ္ အံ့အားသင့္ဖြယ္ေကာင္းသည္မွာ ၎၏ စားေသာက္မႈ ပံုစံမွာ လူအမ်ား မွတ္ထင္ထားသကဲ့သုိ႔ မဟုတ္ဘဲ မ်ားစြာ ျခားနားေနသည္။

“ကၽြန္ေတာ္ ၆ ႏွစ္သားေလးတစ္ေယာက္လို စားေသာက္ပါတယ္” ဟု Warren Buffett က Fortune သတင္းဌာနသို႔ ၂၀၁၅ ခုႏွစ္အတြင္းက ေျပာခဲ့ဖူးသည္။

Utz အာလူးေခ်ာင္းမ်ားကို ၾကိဳက္ႏွစ္သက္ျပီး ေန႔စဥ္ ကိုကာကိုလာ ၁၂ ေအာင္စ ေသာက္သံုးေၾကာင္း Warren Buffett က ေျပာသည္။

“ကၽြန္ေတာ္ တစ္ရက္ကို ကယ္လိုရီ ၂၇၀၀ ေလာက္ စားေသာက္တယ္ဆိုရင္ ၄ ပံု ၁ ပံုေလာက္က ကိုကာကိုလာပါ။ ဒီတိုင္း ေန႔တုိင္းစားေသာက္ပါတယ္”

(၂၀၁၀ ျပည့္ႏွစ္၊ ေမလ ၁ ရက္က Berkshire Hathaway ၏ ႏွစ္ပတ္လည္ အစည္းအေဝးတြင္ Warren Buffett က Cherry Coca-Cola ေသာက္ေနသည္ကို ေတြ႔ခဲ့ရပံု။ ဓာတ္ပံု-Daniel Acker Via Getty Images)

၂၀၁၇ ခုႏွစ္အတြင္း HBO တြင္ Becoming Warren Buffett အမည္ရွိ Documentary တစ္ခုကို ထုတ္လႊင့္ခဲ့ရာ Warren Buffett က ၎သည္ မက္ေဒၚနယ္ဆိုင္တြင္ ေန႔စဥ္ဝင္ေရာက္ကာ ၃ ဒသမ ၁၇ ေဒၚလာတန္ မနက္စာ စားေလ့ရွိေၾကာင္း၊ မနက္စာတြင္ အသားမုန္႔ ၂ ခု၊ ဝက္အူေခ်ာင္း တစ္ခု၊ ၾကက္ဥႏွင့္ ခ်ိစ္တို႔ ပါဝင္ေလ့ရွိျပီး ကိုကာကိုလာႏွင့္ တြဲဖက္စားေသာက္ေၾကာင္း ေျပာခဲ့ဖူးသည္။

ေန႔လယ္စာအတြက္ဆိုလွ်င္ Warren Buffett က Dairy Queen တြင္ မၾကာခဏသြားေရာက္ စားေသာက္ေလ့ရွိျပီး ငရုတ္သီးႏွင့္ ခ်ိစ္တို႔ပါေသာ hot-dog ၊ ခ်ယ္ရီရည္ပါေသာ သီးစံုေရခဲမုန္႔တို႔ စားေလ့ရွိသည္။

Warren Buffett သည္ ဆားအလြန္သံုးစြဲသူတစ္ဦးဟုလည္း လူသိမ်ားသည္။

(Charles Munger, Warren Buffett ႏွင့္ Bill Gates တုိ႔ကို တရုတ္ျပည္တြင္ Dairy Queen ဆိုင္ခြဲသစ္ ဖြင့္လွစ္သည့္ အခမ္းအနား၌ အတူေတြ႔ရပံု။ ဓာတ္ပံု-Visual China Group Via Getty Images)

ဘီလ္ဂိတ္သည္ Warren Buffett ၏ ကေလးသဖြယ္ စားေသာက္ပံုမ်ားကို အနီးကပ္ေတြ႔ခဲ့ဖူးသည္။

၂၀၁၇ ခုႏွစ္အတြင္း Reddit ၏ Ask Me Anything ပို႔စ္တြင္ ဘီလ္ဂိတ္က ေျပာျပခဲ့သည္မွာ Warren Buffett သည္ မိမိ၏အိမ္တြင္ ေနထိုင္ရင္း မနက္စာအတြက္ Oreos ကြတ္ကီးမ်ားစားေၾကာင္း ေျပာျပသည္။

“သူအမ်ားဆံုး စားတာက ဟမ္ဘာဂါ၊ ေရခဲမုန္႔နဲ႔ Coke ပါ” ဟု ဘီလ္ဂိတ္က ေျပာသည္။

“သူစားေသာက္ပံုက လူငယ္ေတြအတြက္ေတာ့ စံနမူနာေကာင္း မျဖစ္ႏိုင္ဘူး။ ဒါေပမယ့္ သူ႔အတြက္ေတာ့ အေတာ္အလုပ္ျဖစ္တဲ့ အစားအေသာက္ေတြပါ” ဟု ဘီလ္ဂိတ္က ျဖည့္စြက္ေျပာၾကားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Warren Buffett turns 94 today. His secret to longevity? Coca-Cola, candy, and a life of joy (fortune)

Photo Credit- Daniel Acker Via Getty Images, Visual China Group

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service