အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ - Property Knowledge in Myanmar from iMyanmarHouse.com
8 Sep 2024 4:13 pm တွင် တင်ခဲ့သည်
321 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အပတ်စဉ်တင်ဆက်ပေးနေတဲ့ အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ စိတ်ဝင်စားဖွယ်ရာ အမေးအဖြေများကို ဒီတစ်ပတ်အတွက် တင်ဆက်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

မေးခွန်း (၁) -လိုင်စင်မြေအား မြေငှါးဂရန် လျှောက်ထားလို့ရပါသလား။ ဘာတွေ စီစစ်ပါသလဲရှင်။

လိုင်စင်မြေဆိုသည်မှာ ခေတ္တယာယီ အသုံးပြုရန် အစိုးရမှ ချထားသတ်မှတ်ပေးသော မြေကို ဆိုလိုပါသည်။ လိုင်စင်မြေမှာ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအမျိုးအစားပင် ဖြစ်ပါသည်။ လွှဲပြောင်း ရောင်းချပိုင်ခွင့်မရှိပါ အမည်ပေါက်ချထားပေးသူသာ သုံးစွဲပိုင်ခွင့်ရှိပါသည်။ လိုင်စင်မြေမှာ (၃)နှစ်ချ ထားပေးခြင်းရှိပြီး သက်တမ်း တိုးပိုင်ခွင့်လဲ ရှိပါသည်။သတ်မှတ်ချထားပေးသော လိုင်စင်လုပ်ငန်းအမျိုးအစား ပေါ်မူတည်၍ အဆောက်အအုံ ဆောက်လုပ်ခွင့် ရှိပါသည်။

စည်ပင်သာယာရေးကော်မတီ လုပ်ထုံးလုပ်နည်းဥပဒေ- ၁ (ဇ) အရ လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ်- ၃၀ ၊ ၃၄ တို့အရ ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များ နှင့်အညီ ယာယီအသုံးပြု ခွင့်ပေးထားသော မြေကိုဆိုလိုကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။ အခွန်တော် အရာရှိက အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ-၁၆(ခ) အရ လိုင်စင်မြေအဖြစ် ခေတ္တယာယီ အသုံးပြုရန် ထုတ်ပေးနိုင်ပါသည်။

စည်ပင်သာယာရေးကော်မတီ လုပ်ထုံးလုပ်နည်း ပုဒ်မ - ၆ (ဂ)အရ အောက်ဖော်ပြပါ အချက်အလက်များနှင့် ပြည့်စုံလျှင် လိုင်စင်မြေအား နှစ်ရှည်၊ နှစ်တို မြေငှားစာချုပ်ဂရန် လျှောက်ထားခြင်း ပြုနိုင်ပါသည်။

-အသက်(၁၈)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

-စိတ်ပေါ့သွပ်သူမဖြစ်ရပါ။

-ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ပြီး မြေခွန်ထမ်းဆောင်နိုင်သူလဲ ဖြစ်ရပါမည်။

လိုင်စင်မြေအား မြေငှားစာချုပ် လျှောက်ထားရယူလိုသူသည် မြေပိုင်ဆိုင်မှုစာချုပ်စာတမ်း အထောက်အထားမူရင်းများ၊ တရားရုံးအမိန့်ရှိလျှင်လဲ ပူးတွဲဖော်ပြရမည်။ လျှောက်ထားသူ၏ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် (သို့) မြေငှားခနောက်ဆုံး ပေးဆောင်ပြီးကြောင်း ပြေ စာတို့လိုအပ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၂) -စာချုပ်စာတမ်းများ မှတ်ပုံတင်ရန်နောက်ကျပါက မည်သို့ ဆောင်ရွက်နိုင်သနည်း။

မှတ်ပုံတင်စာချုပ်စာတမ်းဥပဒေ-၇၀ အရ မှတ်ပုံတင်ပြီးဖြစ်သည်ဟု သတ်မှတ်နိုင်သော စာချုပ်စာတမ်း များရှိသလို ပုဒ်မ-၁၆အရ မဖြစ်မနေ မှတ်ပုံတင်ရန် လိုအပ်သော စာချုပ်စာတမ်းများ ဟူ၍လဲရှိပါသည်။

အစိုးရသက်ဆိုင်ရာဌာနမှ ချထားပေးသော မြေပုံများ၊ မြေခွန်နှုန်းထားအတွက် သတ်မှတ်စာရွက်စာတမ်း သက်သေခံအထောက်အထားများ၊ မှန်ကန်ကြောင်း သက်ဆိုင်ရာဌာနမှ လက်မှတ်ရေးထိုး ထုတ်ပေးထားသော သက်သေခံ စာချုပ်စာတမ်းများ၊ တရားဝင် လွှဲပြောင်းပေးအပ် ခွင့်ပြုထားသော စာချုပ်စာတမ်း များမှာ မှတ်ပုံတင်ပြီးဖြစ်သည့် စာချုပ်စာတမ်းအဖြစ် သတ်မှတ်နိုင်ပါသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်း အပိုင်ပေး စာချုပ်စာတမ်းများ၊ ငွေကျပ်တစ်သိန်းနှင့် အထက်မရွှေ့မ ပြောင်းနိုင်သောပစ္စည်းများကို ရောင်းချခြင်း၊ ကြေညာခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ်ခြင်း စာချုပ်စာတမ်းများနှင့် အဆိုပါ မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့် သက်ဆိုင်သည့် တရားရုံး စီရင်ချက်၊ဒီကရီ၊အမိန့်များကို မဖြစ်မနေ မှတ်ပုံတင်ရန် လိုအပ်ပါသည်။

ထို့အပြင် ပိုင်ဆိုင်ခွင့် စာချုပ်အပ်နှံ၍ ပေါင်နှံငွေချေးခြင်းမှ တစ်ပါး အခြားအသိသက်သေများ ရှေ့ပြုလုပ်သည့် ပေါင်နှံခြင်းများအား မဖြစ်မနေ မှတ်ပုံတင်ပေးရပါမည်။ တစ်နှစ်ပြီး တစ်နှစ်ငှားရမ်းခြင်းစာချုပ်များနှင့် တစ်နှစ်ထက်ပိုသော နှစ်အလိုက်သတ်မှတ်စာချုပ်များ၊ ကုမ္ပဏီများ၏ အကျိုးစီးပွားအတွက် ပေါင်နှံခြင်း၊ လွှဲအပ်ခြင်းပြုသည့်စာချုပ်စာတမ်းများ၊ ကိတ္ထိမသားသမီး မွေးသားစာချုပ်၊ နိုင်ငံတော်မှ သတ်မှတ်စာချုပ်စာတမ်းများအား မဖြစ်မနေ မှတ်ပုံတင်ရန် လိုအပ်ပါသည်။

အထက်ဖော်ပြပါ မဖြစ်မနေ မှတ်ပုံတင်ရမည့်စာချုပ်စာတမ်းများအား စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ( ၁၂၀)အတွင်း မှတ်ပုံတင်ရန် သတ်မှတ်ထားပါသည်။ ရက်ပေါင်းကျော်လွန်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ရန် လျှောက်ထားလာပါက မှတ်ပုံတင်အရာရှိသည် ခွင့်ပြုချက်ရရှိရန် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင် စုနယ်မြေ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိထံ တင် ပြပေးမည်ဖြစ်ကာ ရက်ပေါင်း (၁၂၀)ထက် မပိုလျှင် သတ်မှတ်ဒဏ်ကြေးဆောင်၍ မှတ်ပုံတင်ခြင်းပြုနိုင်ပါသည်။

တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိသည် စာချုပ်စာတမ်းတစ်စောင်အား စစ်ဆေးရန် လိုအပ်သည့်အခါ စုံစစ်စစ်ဆေးရေးမှူးအား တာဝန်ပေးအပ်ကာ စစ်ဆေးမှုပြု၍ မှတ်ပုံတင်မှုပြုရန် ညွှန်ကြားခွင့်လဲရှိကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - မြေကွက်ခွဲစိတ်ခြင်းများ ဆောင်ရွက်ခြင်းအတွက် လိုအပ်သည့်အချက်အလက်များအား ပြောပြပေးစေလိုပါတယ်။

မြေကွက်မှာ ခွဲစိတ်မှုပြုရန်အတွက် အနည်းဆုံး မြေကွက် မျက်နှာစာ ၂၀ပေရှိရန် နှင့် စုစုပေါင်း မြေကွက် အကျယ်အဝန်း စတုရန်းပေ -၁၂၀၀ စတုရန်ပေးရှိရမည်ဖြစ်ပါသည်။ ခွဲစိတ်သည့်မြေကွက်အာ သွားလာရန် လမ်း ရှိရန် လိုအပ်ပြီး လမ်းမရှိပါက ကိုယ်ပိုင်လမ်းအဖြစ် အနည်းဆုံး (၁၀)ပေ ချန်ပေရပါမည်။ ခွဲစိတ်မြေပုံလျှောက်ထားခြင်းပြုရာတွင် လိုအပ်သည့် စာရွက်စာတမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

-မြေငှားဂရန်၊ မှတ်ပုံတင် ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ၊ တရားရုံးမှာ အမိန့်တစ်ရပ်ရပ် ချမှတ် ပေးထားခြင်းရှိလျှင် ၊လျှောက်ထားသူ၏ မှတ်ပုံတင် မူရင်းမိတ္တူ ၊ နောက်ဆုံးပေးဆောင်ထားသော မြေခွန် ပြေစာမရှိလျှင် မြေငှားခ ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် မူရင်းမိတ္တူ တင်ပြ လျှောက်ထားရန် လိုအပ်ပါသည်။ -မြေတိုင်းတာခြင်း မြေပုံမိတ္တူ (သက်သေခံမြေပုံ) တို့အပြင် လိုင်စင်ရ အင်ဂျင်နီယာမှ ရေးဆွဲပေးထားသည့် အသေးစိတ် တွက်ချက်မှု၊ မြေကွက်ခွဲစိတ်အတည်ပြု ပုံစံ-၃ စုံ အား မြေကွက်ခွဲစိတ် လျှောက်ထားသူမှ လက်မှတ် ရေးထိုးပြီး တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။

မြေကွက်ခွဲစိတ်နိုင်သော မြေအမျိုးအစားများမှာ ဂရန်မြေ၊ မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေ၊ B လ/န ၃(ခ) မြေ၊ B လ/န ၃၉ မြေ၊ ၃(က) ဝန်ခံချက် လက်မှတ်ရရှိပြီးမြေ၊ ၃(ခ) ရရှိပြီး (အိမ်ယာမြေ) တို့ဖြစ်ပါသည်။

မြေကွက်အား တစ်စိတ်ဒေသ ဝယ်ယူသူများမှလဲ မှတ်ပုံတင်စာချုပ်ဖြင့် တဖက်သတ်အတည်ပြု မြေကွက်ခွဲစိတ် ခြင်း ပြုနိုင်ပါသည်။ ဦးပိုင်မတူညီပါကလဲ မြေကွက်အစိတ်အပိုင်းများကို အတည်ပြုတိုင်းခွဲ ပေါင်းစည်းခွဲစိတ်ခြင်းလဲ ပြုနိုင်ပါသည်။

မြေသိမ်းမှတ်ချက်ရှိမရှိ၊ မြေတန်ဘိုးဖြတ် မှတ်ချက်၊ တရားရုံးတားဝရမ်း၊ ဘဏ်ကန့်ကွက်ချက် နှင့် အခြားကန့်ကွက်ချက်များ၊ ဂရန်စည်းကမ်းပျက် ရှိမရှိ စစ်ဆေးမှုပြုပြီး အရှုပ်အရှင်း တစ်စုံတစ်ရာ မရှိမှသာ မြေကွက်ခွဲစိတ် အတည်ပြုပုံစံ(၁)စုံနှင့် မြေကွက်ခွဲစိတ်တိုင်းတာသည့် မြေပုံကိုဌာနမှ ထုတ်ပေးမည်ဖြစ်ပါသည်။ ဌာနမှ ကွင်းဆင်းစစ် ဆေးသည့် အခါတွင်လဲ မြေကွက်ခွဲစိတ်မျဉ်းမှာ အဆောက်အဦးများနှင့် လွတ်ကင်းရမည်ဖြစ်ကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡ https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ျခံေျမအသိႂကြယ္ေစဖို႔ရာ ဥပေဒအေမးအေျဖက႑

အပတ္စဥ္တင္ဆက္ေပးေနတဲ့ အိမ္ျခံေျမဥပေဒအေမးအေျဖက႑ေလးတစ္ဖန္ျပန္လည္ေရာက္႐ွိလို႔လာပါၿပီ။ စိတ္ဝင္စားဖြယ္ရာ အေမးအေျဖမ်ားကို ဒီတစ္ပတ္အတြက္ တင္ဆက္ေဖာ္ျပေပးသြားမွာပဲ ျဖစ္ပါတယ္။

ေမးခြန္း (၁) -လိုင္စင္ေျမအား ေျမငွါးဂရန္ ေလွ်ာက္ထားလို႔ရပါသလား။ ဘာေတြ စီစစ္ပါသလဲ႐ွင္။

လိုင္စင္ေျမဆိုသည္မွာ ေခတၱယာယီ အသုံးျပဳရန္ အစိုးရမွ ခ်ထားသတ္မွတ္ေပးေသာ ေျမကို ဆိုလိုပါသည္။ လိုင္စင္ေျမမွာ အစိုးရစီမံခန္႔ခြဲပိုင္ခြင့္႐ွိေသာ ေျမအမ်ိဳးအစားပင္ ျဖစ္ပါသည္။ လႊဲေျပာင္း ေရာင္းခ်ပိုင္ခြင့္မ႐ွိပါ အမည္ေပါက္ခ်ထားေပးသူသာ သုံးစြဲပိုင္ခြင့္႐ွိပါသည္။ လိုင္စင္ေျမမွာ (၃)ႏွစ္ခ် ထားေပးျခင္း႐ွိၿပီး သက္တမ္း တိုးပိုင္ခြင့္လဲ ႐ွိပါသည္။သတ္မွတ္ခ်ထားေပးေသာ လိုင္စင္လုပ္ငန္းအမ်ိဳးအစား ေပၚမူတည္၍ အေဆာက္အအုံ ေဆာက္လုပ္ခြင့္ ႐ွိပါသည္။

စည္ပင္သာယာေရးေကာ္မတီ လုပ္ထုံးလုပ္နည္းဥပေဒ- ၁ (ဇ) အရ လိုင္စင္ေျမဆိုသည္မွာ ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ား အပိုဒ္- ၃၀ ၊ ၃၄ တို႔အရ ေကာ္မတီက သတ္မွတ္သည့္ စည္းကမ္းခ်က္မ်ား ႏွင့္အညီ ယာယီအသုံးျပဳ ခြင့္ေပးထားေသာ ေျမကိုဆိုလိုေၾကာင္း ေဖာ္ျပထားၿပီးျဖစ္ပါသည္။ အခြန္ေတာ္ အရာ႐ွိက ေအာက္ျမန္မာျပည္ၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ား အက္ဥပေဒပုဒ္မ-၁၆(ခ) အရ လိုင္စင္ေျမအျဖစ္ ေခတၱယာယီ အသုံးျပဳရန္ ထုတ္ေပးႏိုင္ပါသည္။

စည္ပင္သာယာေရးေကာ္မတီ လုပ္ထုံးလုပ္နည္း ပုဒ္မ - ၆ (ဂ)အရ ေအာက္ေဖာ္ျပပါ အခ်က္အလက္မ်ားႏွင့္ ျပည့္စုံလွ်င္ လိုင္စင္ေျမအား ႏွစ္႐ွည္၊ ႏွစ္တို ေျမငွားစာခ်ဳပ္ဂရန္ ေလွ်ာက္ထားျခင္း ျပဳႏိုင္ပါသည္။

-အသက္(၁၈)ႏွစ္ျပည့္ၿပီးသူ ျဖစ္ရမည္။

-စိတ္ေပါ့သြပ္သူမျဖစ္ရပါ။

-ျပည္ေထာင္စုျမန္မာႏိုင္ငံသားျဖစ္ၿပီး ေျမခြန္ထမ္းေဆာင္ႏိုင္သူလဲ ျဖစ္ရပါမည္။

လိုင္စင္ေျမအား ေျမငွားစာခ်ဳပ္ ေလွ်ာက္ထားရယူလိုသူသည္ ေျမပိုင္ဆိုင္မႈစာခ်ဳပ္စာတမ္း အေထာက္အထားမူရင္းမ်ား၊ တရား႐ုံးအမိန္႔႐ွိလွ်င္လဲ ပူးတြဲေဖာ္ျပရမည္။ ေလွ်ာက္ထားသူ၏ ႏိုင္ငံသားစီစစ္ေရးကတ္ျပား၊ ေျမငွားခေႂကြးက်န္ ကင္း႐ွင္းေၾကာင္း ေထာက္ခံခ်က္ (သို႔) ေျမငွားခေနာက္ဆုံး ေပးေဆာင္ၿပီးေၾကာင္း ေျပ စာတို႔လိုအပ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၂) -စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္ရန္ေနာက္က်ပါက မည္သို႔ ေဆာင္႐ြက္ႏိုင္သနည္း။

မွတ္ပုံတင္စာခ်ဳပ္စာတမ္းဥပေဒ-၇၀ အရ မွတ္ပုံတင္ၿပီးျဖစ္သည္ဟု သတ္မွတ္ႏိုင္ေသာ စာခ်ဳပ္စာတမ္း မ်ား႐ွိသလို ပုဒ္မ-၁၆အရ မျဖစ္မေန မွတ္ပုံတင္ရန္ လိုအပ္ေသာ စာခ်ဳပ္စာတမ္းမ်ား ဟူ၍လဲ႐ွိပါသည္။

အစိုးရသက္ဆိုင္ရာဌာနမွ ခ်ထားေပးေသာ ေျမပုံမ်ား၊ ေျမခြန္ႏႈန္းထားအတြက္ သတ္မွတ္စာ႐ြက္စာတမ္း သက္ေသခံအေထာက္အထားမ်ား၊ မွန္ကန္ေၾကာင္း သက္ဆိုင္ရာဌာနမွ လက္မွတ္ေရးထိုး ထုတ္ေပးထားေသာ သက္ေသခံ စာခ်ဳပ္စာတမ္းမ်ား၊ တရားဝင္ လႊဲေျပာင္းေပးအပ္ ခြင့္ျပဳထားေသာ စာခ်ဳပ္စာတမ္း မ်ားမွာ မွတ္ပုံတင္ၿပီးျဖစ္သည့္ စာခ်ဳပ္စာတမ္းအျဖစ္ သတ္မွတ္ႏိုင္ပါသည္။

မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္း အပိုင္ေပး စာခ်ဳပ္စာတမ္းမ်ား၊ ေငြက်ပ္တစ္သိန္းႏွင့္ အထက္မေ႐ႊ႕မ ေျပာင္းႏိုင္ေသာပစၥည္းမ်ားကို ေရာင္းခ်ျခင္း၊ ေၾကညာျခင္း၊ ကန္႔သတ္ျခင္း၊ စြန္႔လႊတ္ျခင္း စာခ်ဳပ္စာတမ္းမ်ားႏွင့္ အဆိုပါ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းႏွင့္ သက္ဆိုင္သည့္ တရား႐ုံး စီရင္ခ်က္၊ဒီကရီ၊အမိန္႔မ်ားကို မျဖစ္မေန မွတ္ပုံတင္ရန္ လိုအပ္ပါသည္။

ထို႔အျပင္ ပိုင္ဆိုင္ခြင့္ စာခ်ဳပ္အပ္ႏွံ၍ ေပါင္ႏွံေငြေခ်းျခင္းမွ တစ္ပါး အျခားအသိသက္ေသမ်ား ေ႐ွ႕ျပဳလုပ္သည့္ ေပါင္ႏွံျခင္းမ်ားအား မျဖစ္မေန မွတ္ပုံတင္ေပးရပါမည္။ တစ္ႏွစ္ၿပီး တစ္ႏွစ္ငွားရမ္းျခင္းစာခ်ဳပ္မ်ားႏွင့္ တစ္ႏွစ္ထက္ပိုေသာ ႏွစ္အလိုက္သတ္မွတ္စာခ်ဳပ္မ်ား၊ ကုမၸဏီမ်ား၏ အက်ိဳးစီးပြားအတြက္ ေပါင္ႏွံျခင္း၊ လႊဲအပ္ျခင္းျပဳသည့္စာခ်ဳပ္စာတမ္းမ်ား၊ ကိတၳိမသားသမီး ေမြးသားစာခ်ဳပ္၊ ႏိုင္ငံေတာ္မွ သတ္မွတ္စာခ်ဳပ္စာတမ္းမ်ားအား မျဖစ္မေန မွတ္ပုံတင္ရန္ လိုအပ္ပါသည္။

အထက္ေဖာ္ျပပါ မျဖစ္မေန မွတ္ပုံတင္ရမည့္စာခ်ဳပ္စာတမ္းမ်ားအား စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ရက္ေပါင္း ( ၁၂၀)အတြင္း မွတ္ပုံတင္ရန္ သတ္မွတ္ထားပါသည္။ ရက္ေပါင္းေက်ာ္လြန္၍ မွတ္ပုံတင္ျခင္းေဆာင္႐ြက္ရန္ ေလွ်ာက္ထားလာပါက မွတ္ပုံတင္အရာ႐ွိသည္ ခြင့္ျပဳခ်က္ရ႐ွိရန္ တိုင္းေဒသႀကီး၊ ျပည္နယ္၊ ျပည္ေထာင္ စုနယ္ေျမ စာခ်ဳပ္စာတမ္း မွတ္ပုံတင္အရာ႐ွိထံ တင္ ျပေပးမည္ျဖစ္ကာ ရက္ေပါင္း (၁၂၀)ထက္ မပိုလွ်င္ သတ္မွတ္ဒဏ္ေၾကးေဆာင္၍ မွတ္ပုံတင္ျခင္းျပဳႏိုင္ပါသည္။

တိုင္းေဒသႀကီး၊ ျပည္နယ္၊ ျပည္ေထာင္စုနယ္ေျမ စာခ်ဳပ္စာတမ္း မွတ္ပုံတင္အရာ႐ွိသည္ စာခ်ဳပ္စာတမ္းတစ္ေစာင္အား စစ္ေဆးရန္ လိုအပ္သည့္အခါ စုံစစ္စစ္ေဆးေရးမႉးအား တာဝန္ေပးအပ္ကာ စစ္ေဆးမႈျပဳ၍ မွတ္ပုံတင္မႈျပဳရန္ ၫႊန္ၾကားခြင့္လဲ႐ွိေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - ေျမကြက္ခြဲစိတ္ျခင္းမ်ား ေဆာင္႐ြက္ျခင္းအတြက္ လိုအပ္သည့္အခ်က္အလက္မ်ားအား ေျပာျပေပးေစလိုပါတယ္။

ေျမကြက္မွာ ခြဲစိတ္မႈျပဳရန္အတြက္ အနည္းဆုံး ေျမကြက္ မ်က္ႏွာစာ ၂၀ေပ႐ွိရန္ ႏွင့္ စုစုေပါင္း ေျမကြက္ အက်ယ္အဝန္း စတုရန္းေပ -၁၂၀၀ စတုရန္ေပး႐ွိရမည္ျဖစ္ပါသည္။ ခြဲစိတ္သည့္ေျမကြက္အာ သြားလာရန္ လမ္း ႐ွိရန္ လိုအပ္ၿပီး လမ္းမ႐ွိပါက ကိုယ္ပိုင္လမ္းအျဖစ္ အနည္းဆုံး (၁၀)ေပ ခ်န္ေပရပါမည္။ ခြဲစိတ္ေျမပုံေလွ်ာက္ထားျခင္းျပဳရာတြင္ လိုအပ္သည့္ စာ႐ြက္စာတမ္းမ်ားမွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္။

-ေျမငွားဂရန္၊ မွတ္ပုံတင္ ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္းမ်ား၊ တရား႐ုံးမွာ အမိန္႔တစ္ရပ္ရပ္ ခ်မွတ္ ေပးထားျခင္း႐ွိလွ်င္ ၊ေလွ်ာက္ထားသူ၏ မွတ္ပုံတင္ မူရင္းမိတၱဴ ၊ ေနာက္ဆုံးေပးေဆာင္ထားေသာ ေျမခြန္ ေျပစာမ႐ွိလွ်င္ ေျမငွားခ ေႂကြးက်န္ ကင္း႐ွင္းေၾကာင္း ေထာက္ခံခ်က္ မူရင္းမိတၱဴ တင္ျပ ေလွ်ာက္ထားရန္ လိုအပ္ပါသည္။ -ေျမတိုင္းတာျခင္း ေျမပုံမိတၱဴ (သက္ေသခံေျမပုံ) တို႔အျပင္ လိုင္စင္ရ အင္ဂ်င္နီယာမွ ေရးဆြဲေပးထားသည့္ အေသးစိတ္ တြက္ခ်က္မႈ၊ ေျမကြက္ခြဲစိတ္အတည္ျပဳ ပုံစံ-၃ စုံ အား ေျမကြက္ခြဲစိတ္ ေလွ်ာက္ထားသူမွ လက္မွတ္ ေရးထိုးၿပီး တင္ျပေလွ်ာက္ထားရမည္ျဖစ္ပါသည္။

ေျမကြက္ခြဲစိတ္ႏိုင္ေသာ ေျမအမ်ိဳးအစားမ်ားမွာ ဂရန္ေျမ၊ ေျမပိုင္ေျမ၊ ဘိုးဘြားပိုင္ေျမ၊ B လ/န ၃(ခ) ေျမ၊ B လ/န ၃၉ ေျမ၊ ၃(က) ဝန္ခံခ်က္ လက္မွတ္ရ႐ွိၿပီးေျမ၊ ၃(ခ) ရ႐ွိၿပီး (အိမ္ယာေျမ) တို႔ျဖစ္ပါသည္။

ေျမကြက္အား တစ္စိတ္ေဒသ ဝယ္ယူသူမ်ားမွလဲ မွတ္ပုံတင္စာခ်ဳပ္ျဖင့္ တဖက္သတ္အတည္ျပဳ ေျမကြက္ခြဲစိတ္ ျခင္း ျပဳႏိုင္ပါသည္။ ဦးပိုင္မတူညီပါကလဲ ေျမကြက္အစိတ္အပိုင္းမ်ားကို အတည္ျပဳတိုင္းခြဲ ေပါင္းစည္းခြဲစိတ္ျခင္းလဲ ျပဳႏိုင္ပါသည္။

ေျမသိမ္းမွတ္ခ်က္႐ွိမ႐ွိ၊ ေျမတန္ဘိုးျဖတ္ မွတ္ခ်က္၊ တရား႐ုံးတားဝရမ္း၊ ဘဏ္ကန္႔ကြက္ခ်က္ ႏွင့္ အျခားကန္႔ကြက္ခ်က္မ်ား၊ ဂရန္စည္းကမ္းပ်က္ ႐ွိမ႐ွိ စစ္ေဆးမႈျပဳၿပီး အ႐ႈပ္အ႐ွင္း တစ္စုံတစ္ရာ မ႐ွိမွသာ ေျမကြက္ခြဲစိတ္ အတည္ျပဳပုံစံ(၁)စုံႏွင့္ ေျမကြက္ခြဲစိတ္တိုင္းတာသည့္ ေျမပုံကိုဌာနမွ ထုတ္ေပးမည္ျဖစ္ပါသည္။ ဌာနမွ ကြင္းဆင္းစစ္ ေဆးသည့္ အခါတြင္လဲ ေျမကြက္ခြဲစိတ္မ်ဥ္းမွာ အေဆာက္အဦးမ်ားႏွင့္ လြတ္ကင္းရမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသား ေပးလိုက္ပါသည္။

 

 

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡ https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာတောင်ပေါ်မြို့လေးရှိ သူတောင်းစားမိသားစုတွင် မွေးဖွားခဲ့ပြီး လမ်းဘေးအမှိုက်ပုံများမှ စားစရာ ရှာကြံစားသောက်ခဲ့ရသော မိန်းကလေးမှာ တိဗက်ဘုန်းတော်ကြီးတစ်ပါး၏ ပညာသင်ပေးမှုဖြင့် ဆရာဝန်ဖြစ်လာခဲ့ပုံ...
အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာတောင်ပေါ်မြို့လေးရှိ သူတောင်းစားမိသားစုတွင် မွေးဖွားခဲ့ပြီး လမ်းဘေးအမှိုက်ပုံများမှ စားစရာ ရှာကြံစားသောက်ခဲ့ရသော မိန်းကလေးမှာ တိဗက်ဘုန်းတော်ကြီးတစ်ပါး၏ ပညာသင်ပေးမှုဖြင့် ဆရာဝန်ဖြစ်လာခဲ့ပုံ...
မြေငှားဂရန်သက်တမ်းတိုး လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ...
မြေငှားဂရန်သက်တမ်းတိုး လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အိမ်ခြံမြေတိုက်ခန်းဝယ်ယူတဲ့အခါ သတိပြုစရာ
အိမ်ခြံမြေတိုက်ခန်းဝယ်ယူတဲ့အခါ သတိပြုစရာ
၁၅ ရာစုနှစ် သမိုင်းကြောင်းနောက်ခံနှင့် ကြွက်များကို ကိုးကွယ်ရာမြင့်မြတ်တဲ့သတ္တဝါအဖြစ် မှတ်ယူထားသော အိန္ဒိယနိုင်ငံမှ ကာနိမာတာ ကြွက်ဘုရားကျောင်း...
၁၅ ရာစုနှစ် သမိုင်းကြောင်းနောက်ခံနှင့် ကြွက်များကို ကိုးကွယ်ရာမြင့်မြတ်တဲ့သတ္တဝါအဖြစ် မှတ်ယူထားသော အိန္ဒိယနိုင်ငံမှ ကာနိမာတာ ကြွက်ဘုရားကျောင်း...
အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း
အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း
Steve Jobs က အခက်အခဲပြဿနာနှင့် ရင်ဆိုင်ရချိန်များတွင် အသုံးပြုခဲ့သော ၁၀ မိနစ် ဥပဒေသ၊ အာရုံကြောသိပ္ပံပညာအရ ၎င်း၏ နည်းလမ်း မှန်ကန်ကြောင်း တွေ့ရ...
Steve Jobs က အခက်အခဲပြဿနာနှင့် ရင်ဆိုင်ရချိန်များတွင် အသုံးပြုခဲ့သော ၁၀ မိနစ် ဥပဒေသ၊ အာရုံကြောသိပ္ပံပညာအရ ၎င်း၏ နည်းလမ်း မှန်ကန်ကြောင်း တွေ့ရ...
လယ်ယာမြေဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လယ်ယာမြေဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာကျော်သူဌေးကြီး Warren Buffett ၏ လက်ထောက် Charlie Munger က ၎င်း၏ မိသားစု ပိုင်ဆိုင်သမျှ ငွေ ဒေါ်လာ သန်း ၉၀ ကို တရုတ်လုပ်ငန်းရှင် တစ်ဦးထံ အပ်နှံကာ ရင်းနှီးမြှုပ်နှံခဲ့ရာ ကန်ဒေါ်လာ သန်း ၄၀၀ အထိ တိုးပွားလာခဲ့...
ကမ္ဘာကျော်သူဌေးကြီး Warren Buffett ၏ လက်ထောက် Charlie Munger က ၎င်း၏ မိသားစု ပိုင်ဆိုင်သမျှ ငွေ ဒေါ်လာ သန်း ၉၀ ကို တရုတ်လုပ်ငန်းရှင် တစ်ဦးထံ အပ်နှံကာ ရင်းနှီးမြှုပ်နှံခဲ့ရာ ကန်ဒေါ်လာ သန်း ၄၀၀ အထိ တိုးပွားလာခဲ့...
စင်္ကာပူတွင် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးက ကမ္ဘာကျော် Marina Bay Sands ဟိုတယ်နှင့် အပန်းဖြေစခန်း၌ အိမ်သာ ရှာမတွေ့သောကြောင့် အပန်းဖြေစခန်းဝင်ပေါက်တွင် မစင်စွန့်ရာ စင်္ကာပူဒေါ်လာ ၄၀၀ ဒဏ်ရိုက်ခံရ...
စင်္ကာပူတွင် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးက ကမ္ဘာကျော် Marina Bay Sands ဟိုတယ်နှင့် အပန်းဖြေစခန်း၌ အိမ်သာ ရှာမတွေ့သောကြောင့် အပန်းဖြေစခန်းဝင်ပေါက်တွင် မစင်စွန့်ရာ စင်္ကာပူဒေါ်လာ ၄၀၀ ဒဏ်ရိုက်ခံရ...
ကန်ဒါဆာမိ၏ ဒန့်သလွန်ခင်း (သို့မဟုတ်) အိန္ဒိယတွင် သိပ္ပံပညာရှင်တစ်ဦးက အလုပ်မှထွက်ကာ ဒန့်သလွန် အော်ဂဲနစ် စိုက်ပျိုးရေး လုပ်ကိုင်ရာ အောင်မြင်သည့်လုပ်ငန်းဖြစ်လာ...
ကန်ဒါဆာမိ၏ ဒန့်သလွန်ခင်း (သို့မဟုတ်) အိန္ဒိယတွင် သိပ္ပံပညာရှင်တစ်ဦးက အလုပ်မှထွက်ကာ ဒန့်သလွန် အော်ဂဲနစ် စိုက်ပျိုးရေး လုပ်ကိုင်ရာ အောင်မြင်သည့်လုပ်ငန်းဖြစ်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၉၃ နှစ်အရွယ်တွင် ၅ ကြိမ်မြောက်လက်ထပ်ခဲ့သော ကမ္ဘာကျော်သူဌေးကြီး ရူးပတ်မားဒေါ့က ၎င်းအား လေးစားမှု ပြသသောအနေဖြင့် ဒေါ်
အသက် ၉၃ နှစ်အရွယ်တွင် ၅ ကြိမ်မြောက်လက်ထပ်ခဲ့သော ကမ္ဘာကျော်သူဌေးကြီး ရူးပတ်မားဒေါ့က ၎င်းအား လေးစားမှု ပြသသောအနေဖြင့် ဒေါ်
Rich Dad Poor Dad စာအုပ်ဖြင့် ကမ္ဘာကျော်ခဲ့သူ Robert Kiyosaki က ချမ်းသာချင်လျှင် ၂၄ နာရီလုံး ငွေကို အလုပ်လုပ်ခိုင်းထားရန
Rich Dad Poor Dad စာအုပ်ဖြင့် ကမ္ဘာကျော်ခဲ့သူ Robert Kiyosaki က ချမ်းသာချင်လျှင် ၂၄ နာရီလုံး ငွေကို အလုပ်လုပ်ခိုင်းထားရန
Jeff Bezos က ကုမ္ပဏီ အစည်းအဝေးများတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအတွက် ထိုင်ခုံလွတ် တစ်လုံး ထားလေ့ရှိသည့် မဟာဗျူဟာကျင်
Jeff Bezos က ကုမ္ပဏီ အစည်းအဝေးများတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအတွက် ထိုင်ခုံလွတ် တစ်လုံး ထားလေ့ရှိသည့် မဟာဗျူဟာကျင်
နာမည်ကြီး ဘတ်စ်ကက်ဘော ကြယ်ပွင့် မိုက်ကယ်ဂျော်ဒန်က ချီကာဂိုစံအိမ်ကို အရောင်းဈေးကွက်တင်ထား သည်မှာ ၁၂ နှစ်ရှိပြီဖြစ်သည့်တို
နာမည်ကြီး ဘတ်စ်ကက်ဘော ကြယ်ပွင့် မိုက်ကယ်ဂျော်ဒန်က ချီကာဂိုစံအိမ်ကို အရောင်းဈေးကွက်တင်ထား သည်မှာ ၁၂ နှစ်ရှိပြီဖြစ်သည့်တို
ဂျက်လီ ပါဝင်သော Once Upon a time in China ရုပ်ရှင်ဇာတ်လမ်းတွဲတွင် နံပါတ် ၁၃ အဒေါ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိမျ
ဂျက်လီ ပါဝင်သော Once Upon a time in China ရုပ်ရှင်ဇာတ်လမ်းတွဲတွင် နံပါတ် ၁၃ အဒေါ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိမျ
ဂျပ်စတင်ဘီဘာနှင့် Dwayne Johnson တို့ အပန်းဖြေနေထိုင်ခဲ့သော ဟာဝိုင်အီမှ စံအိမ် ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင်
ဂျပ်စတင်ဘီဘာနှင့် Dwayne Johnson တို့ အပန်းဖြေနေထိုင်ခဲ့သော ဟာဝိုင်အီမှ စံအိမ် ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင်
သရဲအလွန်ခြောက်သောကြောင့် ၁၉၈၈ ခုနှစ်တွင် ဝယ်ယူပြီး ၁၉၉၁ တွင်ပြန်လည်ရောင်းချခဲ့သော Friends series ရဲ့ ပင်တိုင်သရုပ်ဆောင်
သရဲအလွန်ခြောက်သောကြောင့် ၁၉၈၈ ခုနှစ်တွင် ဝယ်ယူပြီး ၁၉၉၁ တွင်ပြန်လည်ရောင်းချခဲ့သော Friends series ရဲ့ ပင်တိုင်သရုပ်ဆောင်
Elon Musk က စိတ္တဇလူသတ်သမားတို့၏ ခြိမ်းခြောက်ခံရမှုကြောင့် သွားလေရာသို့ သက်တော်စောင့် ၂၀ ဦး ခေါ်သွား၊ သက်တော်စောင့်တို့က
Elon Musk က စိတ္တဇလူသတ်သမားတို့၏ ခြိမ်းခြောက်ခံရမှုကြောင့် သွားလေရာသို့ သက်တော်စောင့် ၂၀ ဦး ခေါ်သွား၊ သက်တော်စောင့်တို့က
အိမ်သာဆေးသမား ဘဝမှ ဗြိတိန်၏ ကန်ဒေါ်လာ ၄၃၂ သန်းတန်ကြေးရှိ ထိပ်တန်း Luxury ဖိနပ်၊ လက်ကိုင်အိတ်နှင့် accessories ကုမ္ပဏီကြီ
အိမ်သာဆေးသမား ဘဝမှ ဗြိတိန်၏ ကန်ဒေါ်လာ ၄၃၂ သန်းတန်ကြေးရှိ ထိပ်တန်း Luxury ဖိနပ်၊ လက်ကိုင်အိတ်နှင့် accessories ကုမ္ပဏီကြီ
အင်္ဂလန်တွင် ဂိုဒေါင်ခေါင်မိုးပေါ်၌ Unicorn မြင်းရုပ်ထားရှိမှုအပေါ် အိမ်နီးချင်းက မျက်စိ စပါးမွှေးစူးကာ စိတ်အနှောင့်အယှက
အင်္ဂလန်တွင် ဂိုဒေါင်ခေါင်မိုးပေါ်၌ Unicorn မြင်းရုပ်ထားရှိမှုအပေါ် အိမ်နီးချင်းက မျက်စိ စပါးမွှေးစူးကာ စိတ်အနှောင့်အယှက
imyanmarmarket
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service