Jeff Bezos က Amazon အတွက် ဝန်ထမ်းခေါ်ယူရာတွင် ၎င်းမေးသော မေးခွန်း ၂ ခု ဖြေဆိုနိုင်သူအား ချက်ချင်းအလုပ်ခန့်ထားခဲ့

Jeff Bezos က Amazon အတွက် ဝန်ထမ်းခေါ်ယူရာတွင် ၎င်းမေးသော မေးခွန်း ၂ ခု ဖြေဆိုနိုင်သူအား ချက်ချင်းအလုပ်ခန့်ထားခဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
30 Aug 2024 3:44 pm တွင် တင်ခဲ့သည်
781 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

Amazon တွင် အလုပ်လျှောက်ထားရေးမှာ မလွယ်လှ။

သို့သော် အလုပ်လျှောက်ထားမှု အောင်မြင်ခဲ့ပါက သင့်အတွက် ဟန်ကျပြီ ဖြစ်သည်။

Amazon ၏ ဝန်ထမ်းတစ်ဦးက ဂျက်ဘေးဇော့စ် (Jeff Bezos) နှင့် အင်တာဗျူး ဖြေခဲ့ရသည့် အတွေ့အကြုံကို ထုတ်ဖော်ပြောပြလာသည်။

အန်း ဟိုင်းယဲ့ (Ann Hiatt) သည် အောင်မြင်သော လုပ်ငန်းခွင်ဘဝကို မလျှောက်လှမ်းမီက အများစုနည်းတူ အခွင့်အလမ်းကောင်းတစ်ခုခုရရန် မျှော်လင့်အိပ်မက်ခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ဝါရှင်တန် တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီးနောက် အန်းဟိုင်းယဲ့သည် သူမ၏ အတန်းဖော်များမှာ အလုပ်အကိုင်လျှောက်ထားရာတွင် ကံမကောင်းကြသည်ကို တွေ့ခဲ့ရပြီးနောက် ယခင်က စိတ်မကူးခဲ့ဖူးသည့် နည်းပညာနယ်ပယ်တွင် ဝင်ရောက်လျှောက်ထားကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

အန်း ဟိုင်းယဲ့သည် လက်ထောက်အဖြစ် လုပ်ကိုင်ဖူးသည့် အတွေ့အကြုံမရှိသော်လည်း အလုပ်လျှောက်မရ ခဲ့လျှင်လည်း ဆုံးရှုံးစရာမရှိဟုတွေးကာ ဂျက်ဘေးဇော့စ်၏ အငယ်တန်း လက်ထောက် အဖြစ် Amazon တွင် လျှောက်ထားခဲ့သည်။

အန်းဟိုင်းယဲ့တွင် လုပ်ငန်းအတွေ့အကြုံမရှိသော်လည်း ကုမ္ပဏီက ဆက်သွယ်လာခဲ့ကာ အင်တာဗျူးလုပ်ရန် အခွင့်အရေးပေးခဲ့သည်။

စီနီယာ လက်ထောက်များနှင့် ဆက်တိုက်အင်တာဗျူးများ လုပ်ဆောင်ခဲ့ရရာ များစွာခေါင်းခြောက်ဖွယ်ရာ ရင်ဆိုင်ခဲ့ရသည်။

သို့သော် အန်းဟိုင်းယဲ့သည် အင်တာဗျူးများစွာကို ဖြတ်ကျော်ခဲ့ပြီး နောက်ဆုံးအဆင့် အင်တာဗျူး တွေ့ဆုံခွင့် ရရှိလာသည်။

ထိုအဆင့်မှာ ဂျက်ဘေးဇော့စ်နှင့် တွေ့ဆုံရမည်ဖြစ်ကြောင်း သူမအား ကြိုတင်မပြောပြခဲ့ချေ။

ကုမ္ပဏီပိုင်ရှင် သူဌေးနှင့် တွေ့ဆုံအင်တာဗျူးသည့်အဆင့်သို့ ရောက်ပါက အသေးစိတ် စိစစ်မေးမြန်းလိမ့်မည်ဟု သင်မျှော်မှန်းထားဖွယ်ရှိသည်။

သို့သော် ဂျက်ဘေးဇော့စ်က မေးခွန်း ၂ ခုတည်းသာ မေးမြန်းခဲ့၏။

“ဂျက်ဘေးဇော့စ်က သူ..မေးခွန်း ၂ ခုတည်းပဲ မေးမယ်လို့ ကျွန်မကို ပြောပြီး အင်တာဗျူးကို စတင်ခဲ့ပါတယ်။ ပထမမေးခွန်းက တကယ့်ကို ဦးနှောက်ခြောက်စေမယ့် ခက်ခဲတဲ့ မေးခွန်းပါ” ဟု အန်းဟိုင်းယဲ့က CNBC သတင်းဌာနအတွက် ရေးသားပေးပို့ခဲ့သော ဆောင်းပါးတွင် ဖော်ပြသည်။

(အန်း ဟိုင်းယဲ့၏ နောက်ဆုံးအင်တာဗျူးတွင် ဂျက်ဘေးဇော့စ်က မေးခွန်း ၂ ခုတည်းသာ မေးခဲ့သည်။ ဓာတ်ပုံ-Karwai Tang/ WireImage)

ပထမ မေးခွန်းမှာ ….ဆီယက်တဲလ်မြို့တွင် မှန်သားပြင်ပေါင်း မည်မျှရှိသည်ကို ခန့်မှန်းခိုင်းခြင်း ဖြစ်၏။

ဘယ်လို !

ထိုမေးခွန်းကို ကြားလိုက်ရချိန်တွင် ပထမ၌ မျက်လုံးပြူးသွားခဲ့ရကြောင်း အန်းဟိုင်းယဲ့က ဝန်ခံသည်။

သို့သော် အန်းဟိုင်းယဲ့က တွက်ချက်မှုများ လုပ်ကြည့်ခဲ့သည်။

မည်သို့ အဖြေထုတ်ခဲ့ပုံနှင့် ပတ်သက်ပြီး အန်းဟိုင်းယဲ့က သူ၏ ဆောင်းပါးတွင် ရေးသားဖော်ပြသည်မှာ “အရင်ဆုံး ဆီယက်တဲမြို့ရဲ့ လူဦးရေကနေ စတွက်ကြည့်ရမယ်လို့ သုံးသပ်ခဲ့တယ်။ ဆီယက်တဲမှာ လူ ၁ သန်းလောက်ရှိမယ်လို့ ကျွန်မ မှန်အောင် ခန့်မှန်းနိုင်ခဲ့ပါတယ်။” ဟု ဖော်ပြသည်။

“အဲဒီလူတွေမှာ အိမ်တစ်လုံး၊ သယ်ယူပို့ဆောင်ရေးအတွက် တစ်ခုခု၊ ရုံးခန်း (ဒါမှမဟုတ်) ကျောင်းရှိမယ်။ အဲဒါတွေအားလုံးမှာ ပြတင်းပေါက်တွေ ရှိပါတယ်။ အဲဒီအချက်တွေပေါ် အခြေခံပြီး ပျှမ်းမျှရှိနိုင်မယ့် ပမာဏကို ကျွန်မ ခန့်မှန်း တွက်ချက် ဖြေကြားခဲ့ပါတယ်”

၁၀ မိနစ်ခန့် တွက်ချက်ပြီးနောက် အန်းဟိုင်းယဲ့က ဂျက်ဘေးဇော့စ်အား ဖြေကြားခဲ့သည်။

“အဲဒါ မှန်လောက်ပါတယ်” ဟု ဂျက်ဘေးဇော့စ်က ပြောကာ သူမ၏ အဖြေကို သဘောကျနေသည်မှာ ထင်ရှားခဲ့သည်။

ယင်းနောက် ဂျက်ဘေးဇော့စ်က ဒုတိယမေးခွန်းကို မေး၏။

ဒုတိယမေးခွန်းမှာ သူမ၏ အလုပ်အကိုင် ရည်မှန်းချက်ကို မေးခြင်းဖြစ်သည်။

 

(အန်းဟိုင်းယဲ့သည် Amazon တွင် Executive Business Partner ဖြစ်လာခဲ့သည်။ ဓာတ်ပုံ- Instagram/ @annhiatt)

 

“ကျွန်မ ဖြေခဲ့တာက ….Amazon ဟာ ရည်မှန်းချက်ရှိပြီး စိတ်အားထက်သန်သူတွေ အပြည့်ရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ ကျွန်မက သူတို့လို ဖြစ်ချင်ကြောင်း၊ သူတို့သိတာတွေကို လေ့လာလိုကြောင်း ဖြေခဲ့ပါတယ်။ ကျွန်မ ကိုယ့်ကိုယ်ကို တိုးတက်ချင်တဲ့ ကိစ္စတွေမှာ သူတို့တွေဟာ တော်ကြကြောင်းလည်း ပြောခဲ့ပါတယ်။” ဟု အန်းဟိုင်းယဲ့က ပြန်ပြောင်းပြောပြသည်။

“လက်ထောက်တစ်ယောက် ဘာတွေလုပ်ရတယ်ဆိုတာ ကျွန်မ မသိပေမယ့် Comfort zone ထဲကနေ ထွက်ဖို့ အရေးကြီးတယ်ဆိုတာ သိကြောင်းလည်း ပြောခဲ့ပါတယ်”

သူမ၏ ဖြေကြားမှုအပြီးတွင် ဂျက်ဘေးဇော့စ်က ချက်ချင်းအလုပ်ခန့်ခဲ့လေသည်။

အန်းဟိုင်းယဲ့သည် Amazon တွင် အငယ်တန်း လက်ထောက်တစ်ဦးအဖြစ် ဂျက်ဘေးဇော့စ်နှင့် အနီးကပ်လုပ်ကိုင်ရင်း နောင်အခါတွင် Executive Business Partner ဖြစ်လာခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jeff Bezos hired Amazon employee ‘on the spot’ after they successfully answered his two most important interview questions (unilad)

 

 

[Zawgyi]

Jeff Bezos က Amazon အတြက္ ဝန္ထမ္းေခၚယူရာတြင္ ၎ေမးေသာ ေမးခြန္း ၂ ခု ေျဖဆိုႏိုင္သူအား ခ်က္ခ်င္းအလုပ္ခန႔္ထားခဲ့

Amazon တြင္ အလုပ္ေလွ်ာက္ထားေရးမွာ မလြယ္လွ။

သို႔ေသာ္ အလုပ္ေလွ်ာက္ထားမႈ ေအာင္ျမင္ခဲ့ပါက သင့္အတြက္ ဟန္က်ျပီ ျဖစ္သည္။

Amazon ၏ ဝန္ထမ္းတစ္ဦးက ဂ်က္ေဘးေဇာ့စ္ (Jeff Bezos) ႏွင့္ အင္တာဗ်ဴး ေျဖခဲ့ရသည့္ အေတြ႔အၾကံဳကို ထုတ္ေဖာ္ေျပာျပလာသည္။

အန္း ဟိုင္းယဲ့ (Ann Hiatt) သည္ ေအာင္ျမင္ေသာ လုပ္ငန္းခြင္ဘဝကို မေလွ်ာက္လွမ္းမီက အမ်ားစုနည္းတူ အခြင့္အလမ္းေကာင္းတစ္ခုခုရရန္ ေမွ်ာ္လင့္အိပ္မက္ခဲ့သည္။

၂၀၀၂ ခုႏွစ္တြင္ ဝါရွင္တန္ တကၠသိုလ္မွ ဘြဲ႔ရခဲ့ျပီးေနာက္ အန္းဟိုင္းယဲ့သည္ သူမ၏ အတန္းေဖာ္မ်ားမွာ အလုပ္အကိုင္ေလွ်ာက္ထားရာတြင္ ကံမေကာင္းၾကသည္ကို ေတြ႔ခဲ့ရျပီးေနာက္ ယခင္က စိတ္မကူးခဲ့ဖူးသည့္ နည္းပညာနယ္ပယ္တြင္ ဝင္ေရာက္ေလွ်ာက္ထားၾကည့္ရန္ ဆံုးျဖတ္ခဲ့သည္။

အန္း ဟိုင္းယဲ့သည္ လက္ေထာက္အျဖစ္ လုပ္ကိုင္ဖူးသည့္ အေတြ႔အၾကံဳမရွိေသာ္လည္း အလုပ္ေလွ်ာက္မရ ခဲ့လွ်င္လည္း ဆံုးရံႈးစရာမရွိဟုေတြးကာ ဂ်က္ေဘးေဇာ့စ္၏ အငယ္တန္း လက္ေထာက္ အျဖစ္ Amazon တြင္ ေလွ်ာက္ထားခဲ့သည္။

အန္းဟိုင္းယဲ့တြင္ လုပ္ငန္းအေတြ႔အၾကံဳမရွိေသာ္လည္း ကုမၸဏီက ဆက္သြယ္လာခဲ့ကာ အင္တာဗ်ဴးလုပ္ရန္ အခြင့္အေရးေပးခဲ့သည္။

စီနီယာ လက္ေထာက္မ်ားႏွင့္ ဆက္တိုက္အင္တာဗ်ဴးမ်ား လုပ္ေဆာင္ခဲ့ရရာ မ်ားစြာေခါင္းေျခာက္ဖြယ္ရာ ရင္ဆိုင္ခဲ့ရသည္။

သို႔ေသာ္ အန္းဟိုင္းယဲ့သည္ အင္တာဗ်ဴးမ်ားစြာကို ျဖတ္ေက်ာ္ခဲ့ျပီး ေနာက္ဆံုးအဆင့္ အင္တာဗ်ဴး ေတြ႔ဆံုခြင့္ ရရွိလာသည္။

ထိုအဆင့္မွာ ဂ်က္ေဘးေဇာ့စ္ႏွင့္ ေတြ႔ဆံုရမည္ျဖစ္ေၾကာင္း သူမအား ၾကိဳတင္မေျပာျပခဲ့ေခ်။

ကုမၸဏီပိုင္ရွင္ သူေဌးႏွင့္ ေတြ႔ဆံုအင္တာဗ်ဴးသည့္အဆင့္သို႔ ေရာက္ပါက အေသးစိတ္ စိစစ္ေမးျမန္းလိမ့္မည္ဟု သင္ေမွ်ာ္မွန္းထားဖြယ္ရွိသည္။

သို႔ေသာ္ ဂ်က္ေဘးေဇာ့စ္က ေမးခြန္း ၂ ခုတည္းသာ ေမးျမန္းခဲ့၏။

“ဂ်က္ေဘးေဇာ့စ္က သူ..ေမးခြန္း ၂ ခုတည္းပဲ ေမးမယ္လို႔ ကၽြန္မကို ေျပာျပီး အင္တာဗ်ဴးကို စတင္ခဲ့ပါတယ္။ ပထမေမးခြန္းက တကယ့္ကို ဦးေႏွာက္ေျခာက္ေစမယ့္ ခက္ခဲတဲ့ ေမးခြန္းပါ” ဟု အန္းဟိုင္းယဲ့က CNBC သတင္းဌာနအတြက္ ေရးသားေပးပို႔ခဲ့ေသာ ေဆာင္းပါးတြင္ ေဖာ္ျပသည္။

(အန္း ဟိုင္းယဲ့၏ ေနာက္ဆံုးအင္တာဗ်ဴးတြင္ ဂ်က္ေဘးေဇာ့စ္က ေမးခြန္း ၂ ခုတည္းသာ ေမးခဲ့သည္။ ဓာတ္ပံု-Karwai Tang/ WireImage) ပထမ ေမးခြန္းမွာ ….ဆီယက္တဲလ္ျမိဳ႕တြင္ မွန္သားျပင္ေပါင္း မည္မွ်ရွိသည္ကို ခန္႔မွန္းခိုင္းျခင္း ျဖစ္၏။

ဘယ္လို !

ထိုေမးခြန္းကို ၾကားလိုက္ရခ်ိန္တြင္ ပထမ၌ မ်က္လံုးျပဴးသြားခဲ့ရေၾကာင္း အန္းဟိုင္းယဲ့က ဝန္ခံသည္။

သို႔ေသာ္ အန္းဟိုင္းယဲ့က တြက္ခ်က္မႈမ်ား လုပ္ၾကည့္ခဲ့သည္။

မည္သုိ႔ အေျဖထုတ္ခဲ့ပံုႏွင့္ ပတ္သက္ျပီး အန္းဟိုင္းယဲ့က သူ၏ ေဆာင္းပါးတြင္ ေရးသားေဖာ္ျပသည္မွာ “အရင္ဆံုး ဆီယက္တဲျမိဳ႕ရဲ႕ လူဦးေရကေန စတြက္ၾကည့္ရမယ္လို႔ သံုးသပ္ခဲ့တယ္။ ဆီယက္တဲမွာ လူ ၁ သန္းေလာက္ရွိမယ္လို႔ ကၽြန္မ မွန္ေအာင္ ခန္႔မွန္းႏိုင္ခဲ့ပါတယ္။” ဟု ေဖာ္ျပသည္။

“အဲဒီလူေတြမွာ အိမ္တစ္လံုး၊ သယ္ယူပို႔ေဆာင္ေရးအတြက္ တစ္ခုခု၊ ရံုးခန္း (ဒါမွမဟုတ္) ေက်ာင္းရွိမယ္။ အဲဒါေတြအားလံုးမွာ ျပတင္းေပါက္ေတြ ရွိပါတယ္။ အဲဒီအခ်က္ေတြေပၚ အေျခခံျပီး ပွ်မ္းမွ်ရွိႏိုင္မယ့္ ပမာဏကို ကၽြန္မ ခန္႔မွန္း တြက္ခ်က္ ေျဖၾကားခဲ့ပါတယ္”

၁၀ မိနစ္ခန္႔ တြက္ခ်က္ျပီးေနာက္ အန္းဟိုင္းယဲ့က ဂ်က္ေဘးေဇာ့စ္အား ေျဖၾကားခဲ့သည္။

“အဲဒါ မွန္ေလာက္ပါတယ္” ဟု ဂ်က္ေဘးေဇာ့စ္က ေျပာကာ သူမ၏ အေျဖကို သေဘာက်ေနသည္မွာ ထင္ရွားခဲ့သည္။

ယင္းေနာက္ ဂ်က္ေဘးေဇာ့စ္က ဒုတိယေမးခြန္းကို ေမး၏။

ဒုတိယေမးခြန္းမွာ သူမ၏ အလုပ္အကိုင္ ရည္မွန္းခ်က္ကို ေမးျခင္းျဖစ္သည္။

(အန္းဟိုင္းယဲ့သည္ Amazon တြင္ Executive Business Partner ျဖစ္လာခဲ့သည္။ ဓာတ္ပံု- Instagram/ @annhiatt)

“ကၽြန္မ ေျဖခဲ့တာက ….Amazon ဟာ ရည္မွန္းခ်က္ရွိျပီး စိတ္အားထက္သန္သူေတြ အျပည့္ရွိတဲ့ ကုမၸဏီတစ္ခုျဖစ္ေၾကာင္း၊ ကၽြန္မက သူတို႔လို ျဖစ္ခ်င္ေၾကာင္း၊ သူတို႔သိတာေတြကို ေလ့လာလိုေၾကာင္း ေျဖခဲ့ပါတယ္။ ကၽြန္မ ကိုယ့္ကိုယ္ကို တိုးတက္ခ်င္တဲ့ ကိစၥေတြမွာ သူတို႔ေတြဟာ ေတာ္ၾကေၾကာင္းလည္း ေျပာခဲ့ပါတယ္။” ဟု အန္းဟိုင္းယဲ့က ျပန္ေျပာင္းေျပာျပသည္။

“လက္ေထာက္တစ္ေယာက္ ဘာေတြလုပ္ရတယ္ဆိုတာ ကၽြန္မ မသိေပမယ့္ Comfort zone ထဲကေန ထြက္ဖုိ႔ အေရးၾကီးတယ္ဆိုတာ သိေၾကာင္းလည္း ေျပာခဲ့ပါတယ္”

သူမ၏ ေျဖၾကားမႈအျပီးတြင္ ဂ်က္ေဘးေဇာ့စ္က ခ်က္ခ်င္းအလုပ္ခန္႔ခဲ့ေလသည္။

အန္းဟိုင္းယဲ့သည္ Amazon တြင္ အငယ္တန္း လက္ေထာက္တစ္ဦးအျဖစ္ ဂ်က္ေဘးေဇာ့စ္ႏွင့္ အနီးကပ္လုပ္ကိုင္ရင္း ေနာင္အခါတြင္ Executive Business Partner ျဖစ္လာခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jeff Bezos hired Amazon employee ‘on the spot’ after they successfully answered his two most important interview questions (unilad)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service