ဒူဘိုင်းတွင် ပြင်သစ်လူမျိုး ဇနီးမောင်နှံအတွက် သန့်ရှင်းရေးသမားအဖြစ် လုပ်ကိုင်ရင်း အလုပ်ရှင်၏ အိမ်တွင်ပင် မုန့်လုပ်ရောင်းကာ နောက်ပိုင်း၌ အလုပ်ရှင်ထံမှ လခမတောင်းဘဲ လုပ်ကိုင်ပေးသည်အထိ မုန့်ရောင်းခဲ့ရပြီး နောက်ဆုံးတွင် မုန့်လုပ်ငန်းရှင် စီအီးအိုဖြစ်လာသူ ဖိလစ်ပိုင်အမျိုးသမီးကြီး
ဒူဘိုင်းတွင် ပြင်သစ်လူမျိုး ဇနီးမောင်နှံအတွက် သန့်ရှင်းရေးသမားအဖြစ် လုပ်ကိုင်ရင်း အလုပ်ရှင်၏ အိမ်တွင်ပင် မုန့်လုပ်ရောင်းကာ နောက်ပိုင်း၌ အလုပ်ရှင်ထံမှ လခမတောင်းဘဲ လုပ်ကိုင်ပေးသည်အထိ မုန့်ရောင်းခဲ့ရပြီး နောက်ဆုံးတွင် မုန့်လုပ်ငန်းရှင် စီအီးအိုဖြစ်လာသူ ဖိလစ်ပိုင်အမျိုးသမီးကြီး - Property Knowledge in Myanmar from iMyanmarHouse.com
23 Aug 2024 10:23 am တွင် တင်ခဲ့သည်
815 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ယခုအခါ အသက် ၅၇ နှစ်ရှိပြီဖြစ်သော ဖိလစ်ပိုင်အမျိုးသမီးကြီးသည် ဒူဘိုင်းသို့ လွန်ခဲ့သော ၁၆ နှစ်က အလည်အပတ်ဗီဇာဖြင့် ရောက်လာခဲ့သူတစ်ဦး ဖြစ်သည်။
ယင်းနောက် သူသည် ဒူဘိုင်းရှိ Umm Suqeim ကမ်းခြေဒေသတွင် နေထိုင်သော ပြင်သစ်လူမျိုးစုံတွဲအတွက် သန့်ရှင်းရေးသမားအဖြစ် လုပ်ကိုင်ခဲ့သည်။
မာရီယာ ပါ့ဇ် ဘနာ့ မာကက်ဇ် (Maria Paz Banaag-Marquez) ဟု အမည်ရသော အမျိုးသမီးကြီးကို သူနေထိုင်ရာဝန်းကျင်တွင် နာနေးပါ့ဇ်ဟု လူသိများပြီး အာရပ်စော်ဘွားများပြည်ထောင်စုတွင် မုန့်ဆိုင် ၄ ခု ပိုင်ဆိုင်ထားသည်။
နာနေးပါ့ဇ်၏ ဒူဘိုင်းရှိ ပထမဆုံး မုန့်ဆိုင်မှာ ဆိုင်ငယ်ကလေးတစ်ခုဖြစ်သော်လည်း ရှာရလွယ်သည်။
ဆိုင်တံခါးအပြင်ဘက်အထိ တန်းစီနေသော လူတန်းကြီးကို တွေ့ရမည်ဖြစ်သောကြောင့်ပင်။
အထူးသဖြင့် ခရစ္စမတ်နှင့် နှစ်သစ်ကူး ကာလများတွင် ဖြစ်သည်။
နာနေးပါ့ဇ်၏ ချိစ်ကိတ်မုန့်များမှာ TikTok ဗွီဒီယို များစွာတွင် ပါဝင်လာပုံကိုကြည့်လျှင် အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ ရောက်ပါက ၁၃ Dh တန် မုန့်ခွက်နှင့် ၁၅ Dh တန် ကိတ်ဝိုင်းများကို စားကြည့်သင့်ကြောင်း ပြသနေသည်။
“တိုင်းတပါးမှာ ကျွန်မအနေနဲ့ စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်နိုင်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။ ဒါမျိုးက ငွေအများကြီးလိုတယ်လေ” ဟု နာနေးပါ့ဇ်က ပြောသည်။
“ဒါပေမယ့် ပြန်ကြည့်လိုက်တဲ့အခါ လုပ်လို့ရနိုင်ပါတယ်။ ကျွန်မ လုပ်နိုင်ခဲ့ပါတယ်” သူ့တွင် စီးပွားရေးလုပ်ရန် ငွေမရှိခဲ့။
“ကျွန်မမှာရှိတဲ့ တခုတည်းသော အရင်းအနှီးက လုံ့လဝီရိယပါ” ဟု နာနေးက Khaleej Times သတင်းဌာနသို့ ပြောသည်။
((လုပ်ငန်း စတင်ခြင်း))
နာနေးက အလုပ်ရှင်၏ အိမ်တွင်ပင် သူ၏ လုပ်ငန်းကို စတင်ခဲ့ပြီး နောက်ပိုင်းတွင် အိမ်ရှင်ငှားရမ်းထားသော တစ်လလျှင် Dh ၁၂၀၀၀ ပေးရသည့် စတုရန်းမီတာ ၅၀၀ ကျယ်ဝန်းသည့်နေအိမ်အတွက် အိမ်ငှားခ မျှဝေ ကျခံနိုင်လာခဲ့သည်။
နာနေးသည် ပြင်သစ်ဇနီးမောင်နှံအတွက် သန့်ရှင်းရေးသမားအဖြစ် လုပ်ကိုင်ပေးသည့်အလုပ်မှ တစ်လလျှင် Dh ၃၀၀၀ ရပြီး မုန့်များလုပ်ကာ ရောင်းချမှုမှလည်း ဝင်ငွေများရလာသည်။
“အဲဒီကာလတွေတုန်းကဆို အိမ်အလုပ်တွေအားလုံးကိုလည်း လုပ်ရပါတယ်။ မုန့်လုပ်တာ ခဏနားချိန်တွေမှာ ကြမ်းပြင်ပေါ် ကတ်ထူပြားခင်းပြီး ခဏတဖြုတ်အိပ်ရပါတယ်။ အမြဲအလုပ်လုပ်နေနိုင်ဖို့ ကြိုးစားခဲ့ရတယ်။ ဒီလိုမှ မဟုတ်ရင် ရောင်းစရာမုန့် ရှိမှာမဟုတ်ပါဘူး”
နာနေးသည် ကလေး ၃ ဦး၏ မိခင်ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ၊ Quezon ပြည်နယ်၊ Sariaya မြို့ရှိ စိုက်ပျိုးရေးမိသားစုတွင် မွေးဖွားပြီး မွေးချင်း ၁၂ ဦးရှိ သည့်အနက် ပဉ္စမမြောက် သမီးဖြစ်သည်။
ကောလိပ်တက်ခဲ့သော်လည်း ဘွဲ့မရခဲ့သူ နာနေးပါ့ဇ်သည် သူ၏ မုန့်များကို ၂၀၁၄ ခုနှစ်တွင် အွန်လိုင်းမှ အရောင်းမြှင့်တင်ခြင်းများ စတင်ပြုလုပ်ခဲ့သည်။
နာနေးသည် သူ၏ အပိုဘေးပန်းအလုပ် လုပ်ကိုင်ပြီး ၁ နှစ်ခန့်အကြာတွင် လုပ်ငန်းအလွန်အောင်မြင်လာ သောကြောင့် အလုပ်ရှင်ထံမှ လစာမယူတော့ချေ။
သူ၏ အလုပ်ရှင်မှာ အထည်အလိပ် လုပ်ကိုင်သူဖြစ်သည်။
“အွန်လိုင်း မုန့်လုပ်ငန်းက အတော်ဝင်ငွေကောင်းလာပါတယ်။ ကျွန်မ အလုပ်ရှင်ကို ပြောခဲ့ပါတယ်… ကျွန်မ အခုဆိုရင် အိမ်ကို ပိုက်ဆံပုံမှန် ပြန်ပို့နေနိုင်ပါပြီ။ ကျွန်မကို လစာပေးဖို့ မလိုတော့ပါဘူး…”ဟု နာနေးက ပြောသည်။
သူမ၏ အလုပ်ရှင်မှာ ဇနီးဖြစ်သူ ၂၀၁၃ ခုနှစ်တွင် ကင်ဆာဖြင့် ကွယ်လွန်သွားပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ ပြန်သွားခဲ့သည်။
နာနေးသည် အလုပ်ရှင်ထံမှ Peugeot ကားတစ်စီး ရရှိခဲ့သည်။
နာနေးသည် ထိုအလုပ်ရှင်ထံတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၁၃ နှစ်ကြာ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
အလုပ်ရှင် ပြန်သွားချိန်တွင် နာနေးမှာ ထိုအိမ်မှ ပြောင်းရွှေ့ခြင်းမရှိဘဲ အိမ်ငှားခပေးကာ ဆက်လက် နေထိုင်ခဲ့သည်။
ထိုအိမ်မှာ ရေကူးကန်နှင့် အိပ်ခန်း ၂ ခန်းပါသော အိမ်ဖြစ်သည်။
နာနေး၏ အလုပ်မှာ ကြီးထွားလာသောကြောင့် ဖိလစ်ပိုင်မှ ဆွေမျိုးများကို ခေါ်ယူခဲ့သည်။
နာနေး၏ ဒုတိယမြောက် သမီးဖြစ်သူ အသက် ၂၃ နှစ်အရွယ် Jamaica Mae သည် ဒူဘိုင်းသို့ ယခုနှစ် အစောပိုင်းတွင် ရောက်လာပြီး မိခင်၏ လုပ်ငန်းတွင် ဝင်ရောက်ကူညီနေသည်။
အကြီးဆုံးသမီးဖြစ်သူ အသက် ၃၀ အရွယ်ရှိ Patrice Marie သည် ဒူဘိုင်းတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၇ နှစ်ရှိပြီဖြစ်သော်လည်း နောက်ပိုင်းတွင် နယ်သာလန်သို့ ပြောင်းရွှေ့သွားသည်။
အငယ်ဆုံးသားဖြစ်သော အသက် ၂၀ အရွယ် John Patrick မှာ မနီလာရှိ အမျိုးသားတက္ကသိုလ်တွင် ဗိသုကာပညာ ဆည်းပူးနေသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: From cleaner to CEO: Meet UAE expat behind viral Filipino cheese cake (khaleejtimes)
[Zawgyi]
((လုပ်ငန်း စတင်ခြင်း))
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေငှားဂရန်သက်တမ်းတိုး လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ...
မြေငှားဂရန်သက်တမ်းတိုး လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အိမ်ခြံမြေတိုက်ခန်းဝယ်ယူတဲ့အခါ သတိပြုစရာ
အိမ်ခြံမြေတိုက်ခန်းဝယ်ယူတဲ့အခါ သတိပြုစရာ
၁၅ ရာစုနှစ် သမိုင်းကြောင်းနောက်ခံနှင့် ကြွက်များကို ကိုးကွယ်ရာမြင့်မြတ်တဲ့သတ္တဝါအဖြစ် မှတ်ယူထားသော အိန္ဒိယနိုင်ငံမှ ကာနိမာတာ ကြွက်ဘုရားကျောင်း...
၁၅ ရာစုနှစ် သမိုင်းကြောင်းနောက်ခံနှင့် ကြွက်များကို ကိုးကွယ်ရာမြင့်မြတ်တဲ့သတ္တဝါအဖြစ် မှတ်ယူထားသော အိန္ဒိယနိုင်ငံမှ ကာနိမာတာ ကြွက်ဘုရားကျောင်း...
အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း
အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း
Steve Jobs က အခက်အခဲပြဿနာနှင့် ရင်ဆိုင်ရချိန်များတွင် အသုံးပြုခဲ့သော ၁၀ မိနစ် ဥပဒေသ၊ အာရုံကြောသိပ္ပံပညာအရ ၎င်း၏ နည်းလမ်း မှန်ကန်ကြောင်း တွေ့ရ...
Steve Jobs က အခက်အခဲပြဿနာနှင့် ရင်ဆိုင်ရချိန်များတွင် အသုံးပြုခဲ့သော ၁၀ မိနစ် ဥပဒေသ၊ အာရုံကြောသိပ္ပံပညာအရ ၎င်း၏ နည်းလမ်း မှန်ကန်ကြောင်း တွေ့ရ...
လယ်ယာမြေဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လယ်ယာမြေဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာကျော်သူဌေးကြီး Warren Buffett ၏ လက်ထောက် Charlie Munger က ၎င်း၏ မိသားစု ပိုင်ဆိုင်သမျှ ငွေ ဒေါ်လာ သန်း ၉၀ ကို တရုတ်လုပ်ငန်းရှင် တစ်ဦးထံ အပ်နှံကာ ရင်းနှီးမြှုပ်နှံခဲ့ရာ ကန်ဒေါ်လာ သန်း ၄၀၀ အထိ တိုးပွားလာခဲ့...
စင်္ကာပူတွင် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးက ကမ္ဘာကျော် Marina Bay Sands ဟိုတယ်နှင့် အပန်းဖြေစခန်း၌ အိမ်သာ ရှာမတွေ့သောကြောင့် အပန်းဖြေစခန်းဝင်ပေါက်တွင် မစင်စွန့်ရာ စင်္ကာပူဒေါ်လာ ၄၀၀ ဒဏ်ရိုက်ခံရ...
စင်္ကာပူတွင် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးက ကမ္ဘာကျော် Marina Bay Sands ဟိုတယ်နှင့် အပန်းဖြေစခန်း၌ အိမ်သာ ရှာမတွေ့သောကြောင့် အပန်းဖြေစခန်းဝင်ပေါက်တွင် မစင်စွန့်ရာ စင်္ကာပူဒေါ်လာ ၄၀၀ ဒဏ်ရိုက်ခံရ...
ကန်ဒါဆာမိ၏ ဒန့်သလွန်ခင်း (သို့မဟုတ်) အိန္ဒိယတွင် သိပ္ပံပညာရှင်တစ်ဦးက အလုပ်မှထွက်ကာ ဒန့်သလွန် အော်ဂဲနစ် စိုက်ပျိုးရေး လုပ်ကိုင်ရာ အောင်မြင်သည့်လုပ်ငန်းဖြစ်လာ...
ကန်ဒါဆာမိ၏ ဒန့်သလွန်ခင်း (သို့မဟုတ်) အိန္ဒိယတွင် သိပ္ပံပညာရှင်တစ်ဦးက အလုပ်မှထွက်ကာ ဒန့်သလွန် အော်ဂဲနစ် စိုက်ပျိုးရေး လုပ်ကိုင်ရာ အောင်မြင်သည့်လုပ်ငန်းဖြစ်လာ...
ဘရာဇီးနိုင်ငံမှ လူသူအခြေချခွင့် ပိတ်ပင်ထားသော မြွေကျွန်း ၊ စတုရန်း ၁ မီတာလျှင် မြွေတစ်ကောင်နှုန်း ရှိနေပြီး ကမ္ဘာ့အဆိပ်အပြင်းဆုံး ရှားပါးမြွေများဖြစ်ကာ မြွေကိုက်ခံရသူမှာ အသားများ အရည်ပျော်ကျ သည်အထိ အဆိပ်ပြင်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးတဲ့ ဘူမိဗေဒ အံ့ဖွယ်တစ်ပါး (သို့မဟုတ်) တရုတ်ပြည်တွင် တောင်နံရံမှ ကျောက်ဥကြီးများ အမြဲထွက
သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးတဲ့ ဘူမိဗေဒ အံ့ဖွယ်တစ်ပါး (သို့မဟုတ်) တရုတ်ပြည်တွင် တောင်နံရံမှ ကျောက်ဥကြီးများ အမြဲထွက
ရှုံးပွဲမရှိ စံချိန်ဖြင့် လက်ဝှေ့လောကမှ အနားယူသွားသူ ဖလွိုက် မေဝယ်သာက လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ စံအိမ်က
ရှုံးပွဲမရှိ စံချိန်ဖြင့် လက်ဝှေ့လောကမှ အနားယူသွားသူ ဖလွိုက် မေဝယ်သာက လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ စံအိမ်က
စင်္ကာပူတွင် လစာကောင်းသော အလုပ်၊ တန်ဖိုးကြီးမော်တော်ကားတို့ရှိပြီး လူအများအိပ်မက်ကြသည့် ‘စင်္ကာပူအိပ်မက်’ ကို ရရှိခဲ့ကာ
စင်္ကာပူတွင် လစာကောင်းသော အလုပ်၊ တန်ဖိုးကြီးမော်တော်ကားတို့ရှိပြီး လူအများအိပ်မက်ကြသည့် ‘စင်္ကာပူအိပ်မက်’ ကို ရရှိခဲ့ကာ
Elon Musk က စိတ္တဇလူသတ်သမားတို့၏ ခြိမ်းခြောက်ခံရမှုကြောင့် သွားလေရာသို့ သက်တော်စောင့် ၂၀ ဦး ခေါ်သွား၊ သက်တော်စောင့်တို့က
Elon Musk က စိတ္တဇလူသတ်သမားတို့၏ ခြိမ်းခြောက်ခံရမှုကြောင့် သွားလေရာသို့ သက်တော်စောင့် ၂၀ ဦး ခေါ်သွား၊ သက်တော်စောင့်တို့က
အမေရိကန်ဒုသမ္မတ ခါမလာ ဟဲရစ်၏ ဖခင်၊ စတန်းဖို့ တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ၏ နေအိမ်မှာ သမီးဖြစ်သူ အခြေချနေထိုင်နေသော အ
အမေရိကန်ဒုသမ္မတ ခါမလာ ဟဲရစ်၏ ဖခင်၊ စတန်းဖို့ တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ၏ နေအိမ်မှာ သမီးဖြစ်သူ အခြေချနေထိုင်နေသော အ
အိမ်သာဆေးသမား ဘဝမှ ဗြိတိန်၏ ကန်ဒေါ်လာ ၄၃၂ သန်းတန်ကြေးရှိ ထိပ်တန်း Luxury ဖိနပ်၊ လက်ကိုင်အိတ်နှင့် accessories ကုမ္ပဏီကြီ
အိမ်သာဆေးသမား ဘဝမှ ဗြိတိန်၏ ကန်ဒေါ်လာ ၄၃၂ သန်းတန်ကြေးရှိ ထိပ်တန်း Luxury ဖိနပ်၊ လက်ကိုင်အိတ်နှင့် accessories ကုမ္ပဏီကြီ
ဒူဘိုင်းမှ သူဌေးတစ်ဦးက ဇနီးဖြစ်သူ ရေကူးဝတ်စုံ လွတ်လွတ်လပ်လပ်ဝတ်နိုင်ရန် အာရှရှိ ကျွန်းတစ်ကျွန်းကို ကန်ဒေါ်လာ သန်း ၅၀ ဖြင
ဒူဘိုင်းမှ သူဌေးတစ်ဦးက ဇနီးဖြစ်သူ ရေကူးဝတ်စုံ လွတ်လွတ်လပ်လပ်ဝတ်နိုင်ရန် အာရှရှိ ကျွန်းတစ်ကျွန်းကို ကန်ဒေါ်လာ သန်း ၅၀ ဖြင
ဂျက်လီ ပါဝင်သော Once Upon a time in China ရုပ်ရှင်ဇာတ်လမ်းတွဲတွင် နံပါတ် ၁၃ အဒေါ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိမျ
ဂျက်လီ ပါဝင်သော Once Upon a time in China ရုပ်ရှင်ဇာတ်လမ်းတွဲတွင် နံပါတ် ၁၃ အဒေါ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိမျ
Jeff Bezos က ကုမ္ပဏီ အစည်းအဝေးများတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအတွက် ထိုင်ခုံလွတ် တစ်လုံး ထားလေ့ရှိသည့် မဟာဗျူဟာကျင်
Jeff Bezos က ကုမ္ပဏီ အစည်းအဝေးများတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအတွက် ထိုင်ခုံလွတ် တစ်လုံး ထားလေ့ရှိသည့် မဟာဗျူဟာကျင်
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် နဝမမြောက်နေရာ၌ ရပ်တည်ခဲ့သော ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင်က Jeff Bezos ကို
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် နဝမမြောက်နေရာ၌ ရပ်တည်ခဲ့သော ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင်က Jeff Bezos ကို
imyanmarmarket
Neighbourhood
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service