ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိ နေအိမ်များမှာ ငါးကန်များ ဖြစ်လာလျက်ရှိ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိ နေအိမ်များမှာ ငါးကန်များ ဖြစ်လာလျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
21 Aug 2024 10:57 am တွင် တင်ခဲ့သည်
888 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ ၊ Hoai Duc ခရိုင်၊ Le Trong Tan လမ်းတွင်ရှိသော စံအိမ်ကြီးများ၏ ရေလွှမ်း နေသော မြေအောက်ခန်းများတွင် ဒေသမျိုးရင်း ငါးများ ဖမ်းနေကြသည်ကို တွေ့လာရသောအခါ တွမ်အန်နှင့် သူ၏ ၁၂ နှစ်အရွယ် သမီးငယ်တို့ကလည်း ထိုသို့လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

အသက် ၅၀ အရွယ်ရှိ တွမ်အန်က ပြောသည်မှာ အဆိုပါ စံအိမ်ကြီးများမှာ စွန့်ပစ်ထားသော အိမ်များဖြစ်ပြီး မြေအောက်ခန်းများတွင် ရေအပြည့်ဖြစ်နေကြောင်း အပြင်ဘက်လျှောက်လမ်းအထိ ရောက်လုနီးပါး ရေပြည့်နေခြင်း ဖြစ်ကြောင်း ပြောသည်။

ဇူလိုင်လ ၂၃ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် အနီးရှိ ငါးကန်များမှ ငါးများ မျောပါလာကာ စံအိမ်ကြီးများ၏ မြေအောက်ခန်းများသို့ ရောက်ရှိလာပြီး နောက်ပိုင်းတွင် မြေအောက်ခန်းများ၌ ပိတ်မိသွားခြင်း ဖြစ်သည်။

“တခြားလူတွေက အဲဒီနေရာတွေမှာ ဇလားဗီးယား၊ ငါးပြေမနဲ့ ငါးကြင်းတွေ ဖမ်းနေကြတာ တွေ့ရတယ်။ ကျွန်တော်တို့ သားအဖလည်း ငါးဖမ်းကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။”

(ဟနွိုင်းမြို့ ၊ Hoai Duc ခရိုင်၊ Le Trong Tan လမ်းတွင်ရှိသော စံအိမ်များနှင့် ဈေးဆိုင်အိမ်များ၏ မြေအောက်ခန်းတွင် ဇလားဗီးယား ငါးမျှားနေသော အမျိုးသားတစ်ဦးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-Pham Ha)

 

လွန်ခဲ့သော ၄ ရက်ခန့်က Ha Dong ခရိုင်နေ အသက် ၃၃ နှစ်အရွယ်ရှိ ဖန်သီဟာနှင့် သူမ၏ မိသားစုက ထိုစံအိမ်များရှေ့မှ ဖြတ်သွားရင်း ရေမြုပ်နေသော မြေအောက်ခန်းများကို သတိပြုမိခဲ့သည်။

အဆိုပါ စံအိမ်များသည် ဗီယက်နမ် ဒေါင်ငွေ ဘီလျံပေါင်းများစွာ တန်ကြေးရှိသော အိမ်များဖြစ်သည်။

(မှတ်ချက်။ ဗီယက်နမ် ဒေါင်ငွေ ၁၀ ဘီလီယံမှာ ကန်ဒေါ်လာ ၃၉၆၅၅၀ နှင့် ညီမျှသည်)

၎င်းတို့ထံတွင် ငါးမျှားချိတ်နှင့် ငါးဖမ်းပစ္စည်းများရှိရာ ငါးဖမ်းကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။

၂ နာရီခန့်အတွင်း ဖန်သီဟာသည် ငါးအကောင် ၂၀ ကျော်မိခဲ့ပြီး အများစုမှာ ဇလားဗီးယားများဖြစ်ကာ လက်တစ်ဝါးစာ အရွယ်ခန့် ရှိကြသည်။

“ဒေါင်ငွေ ဘီလျံနဲ့တန်ကြေးရှိတဲ့ စံအိမ်ကြီးတွေရဲ့ မြေအောက်ခန်းမှာ ငါးမျှားရတာ တကယ်စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်”ဟု သူမက ပြောသည်။

Le Trong Tan လမ်းပေါ်ရှိ စားသောက်ဆိုင်တစ်ခုမှ အသက် ၆၂ နှစ်အရွယ် လုံခြုံရေးဝန်ထမ်းဖြစ်သူ Le Duy Tan က ပြောသည်မှာ ရေပြည့်နေသော မြေအောက်ခန်းများတွင် လူအများ ငါးမျှားနေကြသည်မှာ တစ်ပတ်နီးပါးရှိပြီဖြစ်ကြောင်း၊ မွန်းလွဲပိုင်းမှစကာ ညဉ့်နက်ပိုင်းအထိ ငါးမျှားတတ်ကြကြောင်း ပြောသည်။

အချို့သူတို့မှာ ပိုက်ကွန်ပစ်ကာ ဖမ်းကြပြီး အများအားဖြင့် ငါးပြေမနှင့် ဇလားဗီးယား အကောင်ငယ်များသာ မိတတ်ပြီး အကောင်ကြီးအချို့သာ တွေ့ရကြောင်း ၎င်းက ပြောသည်။

တခါတွင် ရေစပ်၌ တစ်ပေခန့်ရှိသော ငါးရံ့ကြီးတစ်ကောင်နှင့် ကြီးမားသော ရွှေဝါငါးကြင်းကြီးများ တွေ့ရကြောင်း၊ သို့သော် ထိုအကောင်ကြီးများကို ဖမ်းနိုင်သူ နည်းပါးကြောင်းလည်း ၎င်းက ပြောသည်။

အသက် ၃၂ နှစ်အရွယ်ရှိ Quynh Hoa အမည်ရှိ အမျိုးသမီးသည် ၂၀၂၃ ခုနှစ် ဇွန်လမှစပြီး ထိုနေရာရှိ ဈေးဆိုင်အိမ်တစ်လုံးကို ငှားရမ်းဖွင့်လှစ်ခဲ့သည်။

မြေအောက်ခန်းမှာ ၃ ကြိမ်တိုင် ရေနစ်မြုပ်မှုကြောင့် သူမအတွက် ဆုံးရှုံးမှုများ ဖြစ်ခဲ့ရသည်။

ယခင်က မိုးရွာလျှင် ရေမဝင်စေရန် သဲအိတ်များဖြင့် ကာထားခြင်း၊ ရေစုပ်စက်များစွာဖြင့် စုပ်ထုတ်ခြင်းများ ပြုလုပ်ခဲ့သည်။

သို့သော် ကလေးများက ထိုနေရာတွင် ငါးဖမ်းနေသည်ကို မြင်ရသောအခါ သူမက ငါးများ မွေးမြူထားရှိရန်သာ ဆုံးဖြတ်ခဲ့သည်။

“ဒီနားက အဆောက်အအုံတွေမှာလည်း တစ်နှစ်လုံး မြေအောက်ခန်းတွေ ရေမြုပ်နေတယ်။ ကလေးတွေက ငါးဖမ်းရင်း ပျော်ရွှင်နေကြတာ တွေ့ရလို့ ကျွန်မ ငါးတချို့ ဝယ်လွှတ်ထားခဲ့ပြီး တနေ့ကို ၂ ကြိမ် ထမင်း ဒါမှမဟုတ် စားကြွင်းစားကျန်တွေ ကျွေးပါတယ်။”

(Le Trong Tan လမ်းပေါ်ရှိ ဈေးဆိုင်အိမ် ၁၅ လုံးမှ ၉ ခု၏ မြေအောက်ခန်းများနှင့် နေအိမ်များတွင် ၂၀၂၄ သြဂုတ်လ ၁ ရက်နေ့အထိ ရေမြုပ်နေဆဲ အနေအထား တွေ့ရသည်။ ဓာတ်ပုံ-Quynh Nguyen)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hanoi's million-dollar villas become fish ponds (vnexpress)

Photo Credit-Pham Ha, VnExpress/ Quynh Nguyen

 

[Zawgyi]

ဗီယက္နမ္ႏိုင္ငံ ဟႏိြဳင္းျမဳိ႕ရွိ ေဒၚလာ သန္းေပါင္းမ်ားစြာ တန္ေၾကးရွိ ေနအိမ္မ်ားမွာ ငါးကန္မ်ား ျဖစ္လာလ်က္ရွိ

ဗီယက္နမ္ႏိုင္ငံ ဟႏိြဳင္းျမဳိ႕ ၊ Hoai Duc ခရိုင္၊ Le Trong Tan လမ္းတြင္ရွိေသာ စံအိမ္ၾကီးမ်ား၏ ေရလႊမ္း ေနေသာ ေျမေအာက္ခန္းမ်ားတြင္ ေဒသမ်ဳိးရင္း ငါးမ်ား ဖမ္းေနၾကသည္ကို ေတြ႔လာရေသာအခါ တြမ္အန္ႏွင့္ သူ၏ ၁၂ ႏွစ္အရြယ္ သမီးငယ္တုိ႔ကလည္း ထိုသို႔လုပ္ေဆာင္ရန္ ဆံုးျဖတ္ခဲ့ၾကသည္။

အသက္ ၅၀ အရြယ္ရွိ တြမ္အန္က ေျပာသည္မွာ အဆိုပါ စံအိမ္ၾကီးမ်ားမွာ စြန္႔ပစ္ထားေသာ အိမ္မ်ားျဖစ္ျပီး ေျမေအာက္ခန္းမ်ားတြင္ ေရအျပည့္ျဖစ္ေနေၾကာင္း အျပင္ဘက္ေလွ်ာက္လမ္းအထိ ေရာက္လုနီးပါး ေရျပည့္ေနျခင္း ျဖစ္ေၾကာင္း ေျပာသည္။

ဇူလုိင္လ ၂၃ ရက္ေန႔က မိုးသည္းထန္စြာ ရြာသြန္းခဲ့ျပီးေနာက္ အနီးရွိ ငါးကန္မ်ားမွ ငါးမ်ား ေမ်ာပါလာကာ စံအိမ္ၾကီးမ်ား၏ ေျမေအာက္ခန္းမ်ားသုိ႔ ေရာက္ရွိလာျပီး ေနာက္ပိုင္းတြင္ ေျမေအာက္ခန္းမ်ား၌ ပိတ္မိသြားျခင္း ျဖစ္သည္။

“တျခားလူေတြက အဲဒီေနရာေတြမွာ ဇလားဗီးယား၊ ငါးေျပမနဲ႔ ငါးၾကင္းေတြ ဖမ္းေနၾကတာ ေတြ႔ရတယ္။ ကၽြန္ေတာ္တို႔ သားအဖလည္း ငါးဖမ္းၾကည့္ဖုိ႔ ဆံုးျဖတ္ခဲ့ပါတယ္။”

(ဟႏိြဳင္းျမဳိ႕ ၊ Hoai Duc ခရိုင္၊ Le Trong Tan လမ္းတြင္ရွိေသာ စံအိမ္မ်ားႏွင့္ ေစ်းဆိုင္အိမ္မ်ား၏ ေျမေအာက္ခန္းတြင္ ဇလားဗီးယား ငါးမွ်ားေနေသာ အမ်ိဳးသားတစ္ဦးကို ၂၀၂၄ ခုႏွစ္၊ ဇူလုိင္လ ၂၈ ရက္က ေတြ႔ရပံု။ ဓာတ္ပံု-Pham Ha)

လြန္ခဲ့ေသာ ၄ ရက္ခန္႔က Ha Dong ခရိုင္ေန အသက္ ၃၃ ႏွစ္အရြယ္ရွိ ဖန္သီဟာႏွင့္ သူမ၏ မိသားစုက ထိုစံအိမ္မ်ားေရွ႕မွ ျဖတ္သြားရင္း ေရျမဳပ္ေနေသာ ေျမေအာက္ခန္းမ်ားကို သတိျပဳမိခဲ့သည္။

အဆိုပါ စံအိမ္မ်ားသည္ ဗီယက္နမ္ ေဒါင္ေငြ ဘီလ်ံေပါင္းမ်ားစြာ တန္ေၾကးရွိေသာ အိမ္မ်ားျဖစ္သည္။

(မွတ္ခ်က္။ ဗီယက္နမ္ ေဒါင္ေငြ ၁၀ ဘီလီယံမွာ ကန္ေဒၚလာ ၃၉၆၅၅၀ ႏွင့္ ညီမွ်သည္)

၎တို႔ထံတြင္ ငါးမွ်ားခ်ိတ္ႏွင့္ ငါးဖမ္းပစၥည္းမ်ားရွိရာ ငါးဖမ္းၾကည့္ရန္ ဆံုးျဖတ္ခဲ့ၾကသည္။

၂ နာရီခန္႔အတြင္း ဖန္သီဟာသည္ ငါးအေကာင္ ၂၀ ေက်ာ္မိခဲ့ျပီး အမ်ားစုမွာ ဇလားဗီးယားမ်ားျဖစ္ကာ လက္တစ္ဝါးစာ အရြယ္ခန္႔ ရွိၾကသည္။

“ေဒါင္ေငြ ဘီလ်ံနဲ႔တန္ေၾကးရွိတဲ့ စံအိမ္ၾကီးေတြရဲ႕ ေျမေအာက္ခန္းမွာ ငါးမွ်ားရတာ တကယ္စိတ္လႈပ္ရွားဖို႔ ေကာင္းပါတယ္”ဟု သူမက ေျပာသည္။

(၂၀၂၄ ခုႏွစ္၊ ဇူလိုင္လ ၂၈ ရက္က ရိုက္ကူးထားေသာ ဗြီဒီယိုဖိုင္တစ္ခုတြင္ ဖန္သီဟာ၏ ေဆြမ်ဳိးမ်ားက ဟႏိြဳင္းျမဳိ႕ စံအိမ္တစ္လံုး၏ ေျမေအာက္ခန္းတြင္ ငါးခူအေကာင္ ၂၀ ေက်ာ္ မိခဲ့သည္ကို ေတြ႔ရသည္။ ဓာတ္ပံု-Pham Ha)

Le Trong Tan လမ္းေပၚရွိ စားေသာက္ဆိုင္တစ္ခုမွ အသက္ ၆၂ ႏွစ္အရြယ္ လံုျခံဳေရးဝန္ထမ္းျဖစ္သူ Le Duy Tan က ေျပာသည္မွာ ေရျပည့္ေနေသာ ေျမေအာက္ခန္းမ်ားတြင္ လူအမ်ား ငါးမွ်ားေနၾကသည္မွာ တစ္ပတ္နီးပါးရွိျပီျဖစ္ေၾကာင္း၊ မြန္းလြဲပိုင္းမွစကာ ညဥ့္နက္ပိုင္းအထိ ငါးမွ်ားတတ္ၾကေၾကာင္း ေျပာသည္။

အခ်ိဳ႕သူတို႔မွာ ပိုက္ကြန္ပစ္ကာ ဖမ္းၾကျပီး အမ်ားအားျဖင့္ ငါးေျပမႏွင့္ ဇလားဗီးယား အေကာင္ငယ္မ်ားသာ မိတတ္ျပီး အေကာင္ၾကီးအခ်ဳိ႕သာ ေတြ႔ရေၾကာင္း ၎က ေျပာသည္။

တခါတြင္ ေရစပ္၌ တစ္ေပခန္႔ရွိေသာ ငါးရံ႕ၾကီးတစ္ေကာင္ႏွင့္ ၾကီးမားေသာ ေရႊဝါငါးၾကင္းၾကီးမ်ား ေတြ႔ရေၾကာင္း၊ သို႔ေသာ္ ထုိအေကာင္ၾကီးမ်ားကို ဖမ္းႏိုင္သူ နည္းပါးေၾကာင္းလည္း ၎က ေျပာသည္။

အသက္ ၃၂ ႏွစ္အရြယ္ရွိ Quynh Hoa အမည္ရွိ အမ်ဳိးသမီးသည္ ၂၀၂၃ ခုႏွစ္ ဇြန္လမွစျပီး ထိုေနရာရွိ ေစ်းဆိုင္အိမ္တစ္လံုးကို ငွားရမ္းဖြင့္လွစ္ခဲ့သည္။

ေျမေအာက္ခန္းမွာ ၃ ၾကိမ္တုိင္ ေရနစ္ျမဳပ္မႈေၾကာင့္ သူမအတြက္ ဆံုးရံႈးမႈမ်ား ျဖစ္ခဲ့ရသည္။

ယခင္က မိုးရြာလွ်င္ ေရမဝင္ေစရန္ သဲအိတ္မ်ားျဖင့္ ကာထားျခင္း၊ ေရစုပ္စက္မ်ားစြာျဖင့္ စုပ္ထုတ္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

သို႔ေသာ္ ကေလးမ်ားက ထုိေနရာတြင္ ငါးဖမ္းေနသည္ကို ျမင္ရေသာအခါ သူမက ငါးမ်ား ေမြးျမဴထားရွိရန္သာ ဆံုးျဖတ္ခဲ့သည္။

“ဒီနားက အေဆာက္အအံုေတြမွာလည္း တစ္ႏွစ္လံုး ေျမေအာက္ခန္းေတြ ေရျမဳပ္ေနတယ္။ ကေလးေတြက ငါးဖမ္းရင္း ေပ်ာ္ရႊင္ေနၾကတာ ေတြ႔ရလို႔ ကၽြန္မ ငါးတခ်ဳိ႕ ဝယ္လႊတ္ထားခဲ့ျပီး တေန႔ကို ၂ ၾကိမ္ ထမင္း ဒါမွမဟုတ္ စားၾကြင္းစားက်န္ေတြ ေကၽြးပါတယ္။”

(Le Trong Tan လမ္းေပၚရွိ ေစ်းဆိုင္အိမ္ ၁၅ လံုးမွ ၉ ခု၏ ေျမေအာက္ခန္းမ်ားႏွင့္ ေနအိမ္မ်ားတြင္ ၂၀၂၄ ၾသဂုတ္လ ၁ ရက္ေန႔အထိ ေရျမဳပ္ေနဆဲ အေနအထား ေတြ႔ရသည္။ ဓာတ္ပံု-Quynh Nguyen)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hanoi's million-dollar villas become fish ponds (vnexpress)

Photo Credit-Pham Ha, VnExpress/ Quynh Nguyen

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
Central Shop House
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service